[Zawgyi]

ေမာ္ရင္ဟုိ Mourinho အနာဂတ္က မန္ယူမွာပဲ ဆက္ရွိေနဖုိ႔ မ်ားေနၿပီ

မန္ယူအသင္းရဲ႕ ရလဒ္ဆုိးေတြေၾကာင့္ ျပစ္တင္ေ၀ဖန္မႈေတြနဲ႔ ရင္ဆုိင္ေနရေပမယ့္လည္း နည္းျပေမာ္ရင္ဟုိ Mourinho ကုိ အသင္းတာ၀န္ရွိသူေတြက အျပည့္အ၀ေထာက္ခံေနၿပီး ေမာ္ရင္ဟုိရဲ႕ ေနရာအစားထုိးဖုိ႔ ဇီဒန္း Zidane ကုိ ဆက္သြယ္ခဲ့တယ္ဆုိတဲ့ သတင္းေတြကုိလည္း ျငငး္ဆန္ပယ္ခ်ခဲ့ပါတယ္။ ဘ႐ုိက္တန္ကုိ ႐ႈံးနိမ့္ခဲ့တဲ့ပဲြအၿပီးမွာ ဘြတ္ကီဒုိင္ေတြရဲ႕ ဒီရာသီ ပထမဆုံးထုတ္ပယ္ခံရမယ့္ နညး္ျပစာရင္းထဲမွာ ေမာ္ရင္ဟုိဟာ ပိုၿပီးေရပန္းစားလာခဲ့တယ္။ မန္ယူအသင္းဟာ ရီးယဲလ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္(၃)ႏွစ္ဆက္ ရယူခဲ့တဲ့ နည္းျပဇီဒန္းကုိ ေမာ္ရင္ဟုိေနရာမွာ အစားထုိးဖုိ႔ ခ်ိတ္ဆက္ေနတယ္ဆုိၿပီး ခန္႔မွန္းသတင္းေတြ ထြက္ေနေပမယ့္ မန္ယူအသင္း တာ၀န္ရွိသူေတြကေတာ့ ျပတ္ျပတ္သားသား ျငင္းဆန္ခဲ့တာပါ။

Manchester-United-back-Jose-Mourinho-to-turn-fortunes-around-and-deny-contact-has-been-made-with-Zinedine-Zidane

မန္ယူအသင္း အႀကီးအကဲတစ္ဦးက “နည္းျပရွိၿပီးသား အသင္းတစ္သင္းက ဘာလုိ႔ ဇီဒန္းကုိ ဆက္သြယ္ရမွာလဲ။ ကၽြန္ေတာ္တို႔ ေမာ္ရင္ဟုိကုိ အျပည့္အ၀ေထာက္ခံၿပီးသားပါ” လုိ႔ ဆုိခဲ့တယ္။ ဒါေပမ့ဲ ဘ႐ုိက္တန္နဲ႔ပဲြအၿပီးမွာ မန္ယူအသင္း ဒုအမႈေဆာင္ခ်ဳပ္ အက္ဒ္၀ုဒ္၀ပ္ Ed Woodward ရဲ႕ပုံစံက မေက်နပ္တဲ့ပုံ ျဖစ္ေနၿပီး အ၀တ္လဲခန္းအတြင္းမွာ မန္ယူကစားသမားေတြနဲ႔ ပုံမွန္အတိုင္း ေတြ႕ဆုံစကားေျပာခဲ့တယ္လုိ႔ ၿဗိတိန္မီဒီယာေတြက ေဖာ္ျပခဲ့ၾကတယ္။ မန္ယူအသင္းဟာ လာမယ့္တစ္ပတ္က်ရင္ စပါးအသင္းနဲ႔ ပရီးမီးယားလိဂ္ ပဲြက်ပ္ကစားရမွာျဖစ္ၿပီး ရလဒ္မေကာင္းခဲ့ရင္ေတာ့ မန္ယူတာ၀န္ရွိသူေတြက ေမာ္ရင္ဟုိကုိ ဆက္ၿပီး သည္းခံႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရပါမယ္။

REF:Daily Mail
Photo:Evening Standard,cdn
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မော်ရင်ဟို Mourinho အနာဂတ်က မန်ယူမှာပဲ ဆက်ရှိနေဖို့ များနေပြီ

မန်ယူအသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ပြစ်တင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း နည်းပြမော်ရင်ဟို Mourinho ကို အသင်းတာဝန်ရှိသူတွေက အပြည့်အဝထောက်ခံနေပြီး မော်ရင်ဟိုရဲ့ နေရာအစားထိုးဖို့ ဇီဒန်း Zidane ကို ဆက်သွယ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကိုလည်း ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဘွတ်ကီဒိုင်တွေရဲ့ ဒီရာသီ ပထမဆုံးထုတ်ပယ်ခံရမယ့် နည်းပြစာရင်းထဲမှာ မော်ရင်ဟိုဟာ ပိုပြီးရေပန်းစားလာခဲ့တယ်။ မန်ယူအသင်းဟာ ရီးယဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်(၃)နှစ်ဆက် ရယူခဲ့တဲ့ နည်းပြဇီဒန်းကို မော်ရင်ဟိုနေရာမှာ အစားထိုးဖို့ ချိတ်ဆက်နေတယ်ဆိုပြီး ခန့်မှန်းသတင်းတွေ ထွက်နေပေမယ့် မန်ယူအသင်း တာဝန်ရှိသူတွေကတော့ ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့တာပါ။

Manchester-United-back-Jose-Mourinho-to-turn-fortunes-around-and-deny-contact-has-been-made-with-Zinedine-Zidane

မန်ယူအသင်း အကြီးအကဲတစ်ဦးက “နည်းပြရှိပြီးသား အသင်းတစ်သင်းက ဘာလို့ ဇီဒန်းကို ဆက်သွယ်ရမှာလဲ။ ကျွန်တော်တို့ မော်ရင်ဟိုကို အပြည့်အဝထောက်ခံပြီးသားပါ” လို့ ဆိုခဲ့တယ်။ ဒါပေမဲ့ ဘရိုက်တန်နဲ့ပွဲအပြီးမှာ မန်ယူအသင်း ဒုအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝပ် Ed Woodward ရဲ့ပုံစံက မကျေနပ်တဲ့ပုံ ဖြစ်နေပြီး အဝတ်လဲခန်းအတွင်းမှာ မန်ယူကစားသမားတွေနဲ့ ပုံမှန်အတိုင်း တွေ့ဆုံစကားပြောခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြတယ်။ မန်ယူအသင်းဟာ လာမယ့်တစ်ပတ်ကျရင် စပါးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲကျပ်ကစားရမှာဖြစ်ပြီး ရလဒ်မကောင်းခဲ့ရင်တော့ မန်ယူတာဝန်ရှိသူတွေက မော်ရင်ဟိုကို ဆက်ပြီး သည်းခံနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

REF:Daily Mail
Photo:Evening Standard,cdn
Naing Linn(Akhayar)
www.akhayar.com