[Zawgyi]

မန္ယူကစားသမားျဖစ္ဖုိ႔ ၀ီလီယံ Willian နီးစပ္ေနၿပီလား

ခ်ယ္လ္ဆီး Chelsea အသင္းဟာ သူတို႔ရဲ႕ဘရာဇီးလ္ ကြင္းလယ္တိုက္စစ္ကစားသမား ၀ီလီယံ Willian အတြက္ မန္ယူ Manchester United အသင္းက ကမ္းလွမ္းမႈကုိ လက္ခံလုိက္ၿပီလုိ႔ မီဒီယာေတြက ေဖာ္ျပေနၾကပါတယ္။ မန္ယူအသင္းနည္းျပေမာ္ရင္ဟုိ Mourinho ဟာ ၀ီလီယံကုိ ေခၚဖုိ႔ အရင္လေတြကတည္းက စိတ္၀င္စားေနတာျဖစ္ေပမယ့္ ဘာစီလုိနာအသင္းကလည္း ပစ္မွတ္ထားေနတဲ့အျပင္ ၀ီလီယံကုိ ေခၚယူႏုိင္ဖုိ႔ နီးစပ္ခဲ့ပါတယ္။ ဘာစီလုိနာအသင္းက ၀ီလီယံအတြက္ (၃)ႀကိမ္အထိ ကမ္းလွမ္းခဲ့ေပမယ့္ ခ်ယ္လ္ဆီးအသင္းက ပယ္ခ်ခဲ့တာေၾကာင့္ အေျပာင္းအေရႊ႕က မျဖစ္ေျမာက္ခဲ့ပါဘူး။

Willan-and-Cahill

Willan-and-Cahill

အခု အီတလီနာမည္ေက်ာ္ အားကစားသတင္းစာျဖစ္တဲ့ Tuttosport က ၀ီလီယံရဲ႕အေျပာင္းအေရႊ႕အတြက္ မန္ယူနဲ႔ခ်ယ္လ္ဆီးအသင္းတို႔ သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္ၿပီး ၀ီလီယံဟာ ဒီေႏြရာသီမွာ မန္ယူအသင္း ေခၚယူခဲ့တဲ့ စတုတၳေျမာက္ကစားသမားျဖစ္လာေတာ့မယ္လုိ႔ ေဖာ္ျပခဲ့တယ္။ မန္ယူအသင္းဟာ ၀ီလီယံအတြက္ ဆုေၾကးေတြအပါအ၀င္ ေျပာင္းေရႊ႕ေၾကးေပါင္(၆၆)သန္းအထိ ေပးေခ်ရမွာျဖစ္ၿပီး ၀ီလီယံကုိ ေခၚယူခ်င္တဲ့ ေမာ္ရင္ဟုိရဲ႕ရည္မွန္းခ်က္ေတြ အထေျမာက္ေတာ့မွာလည္းျဖစ္ပါတယ္။ ဒါ့အျပင္ Tuttosport သတင္းစာက မန္ယူအသင္းက ၀ီလီယံအျပင္ ခ်ယ္လ္ဆီးေနာက္ခံလူ ကာေဟးလ္ Cahill ကုိလည္း ေခၚယူဖုိ႔ ခ်ိတ္ဆက္ေနတယ္လုိ႔ ေဖာ္ျပခဲ့တယ္။ မန္ယူအသင္းဟာ စပါးေနာက္ခံလူ အယ္လ္ဒါ၀ီယဲလ္ Alderweireld ၊ လက္စတာေနာက္ခံလူ မက္ဂြိဳင္းယား Maguire တို႔ကုိ ေခၚယူဖုိ႔ ျပင္ဆင္ေနသလုိ အခု ကာေဟးလ္ကုိလည္း ပစ္မွတ္ထားေနတာျဖစ္ပါတယ္။

REF:The Sun
Photo:ESPN,Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မန်ယူကစားသမားဖြစ်ဖို့ ဝီလီယံ Willian နီးစပ်နေပြီလား

ချယ်လ်ဆီး Chelsea အသင်းဟာ သူတို့ရဲ့ဘရာဇီးလ် ကွင်းလယ်တိုက်စစ်ကစားသမား ဝီလီယံ Willian အတွက် မန်ယူ Manchester United အသင်းက ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီလို့ မီဒီယာတွေက ဖော်ပြနေကြပါတယ်။ မန်ယူအသင်းနည်းပြမော်ရင်ဟို Mourinho ဟာ ဝီလီယံကို ခေါ်ဖို့ အရင်လတွေကတည်းက စိတ်ဝင်စားနေတာဖြစ်ပေမယ့် ဘာစီလိုနာအသင်းကလည်း ပစ်မှတ်ထားနေတဲ့အပြင် ဝီလီယံကို ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းက ဝီလီယံအတွက် (၃)ကြိမ်အထိ ကမ်းလှမ်းခဲ့ပေမယ့် ချယ်လ်ဆီးအသင်းက ပယ်ချခဲ့တာကြောင့် အပြောင်းအရွှေ့က မဖြစ်မြောက်ခဲ့ပါဘူး။

Willan-and-Cahill

Willan-and-Cahill

အခု အီတလီနာမည်ကျော် အားကစားသတင်းစာဖြစ်တဲ့ Tuttosport က ဝီလီယံရဲ့အပြောင်းအရွှေ့အတွက် မန်ယူနဲ့ချယ်လ်ဆီးအသင်းတို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး ဝီလီယံဟာ ဒီနွေရာသီမှာ မန်ယူအသင်း ခေါ်ယူခဲ့တဲ့ စတုတ္ထမြောက်ကစားသမားဖြစ်လာတော့မယ်လို့ ဖော်ပြခဲ့တယ်။ မန်ယူအသင်းဟာ ဝီလီယံအတွက် ဆုကြေးတွေအပါအဝင် ပြောင်းရွှေ့ကြေးပေါင်(၆၆)သန်းအထိ ပေးချေရမှာဖြစ်ပြီး ဝီလီယံကို ခေါ်ယူချင်တဲ့ မော်ရင်ဟိုရဲ့ရည်မှန်းချက်တွေ အထမြောက်တော့မှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် Tuttosport သတင်းစာက မန်ယူအသင်းက ဝီလီယံအပြင် ချယ်လ်ဆီးနောက်ခံလူ ကာဟေးလ် Cahill ကိုလည်း ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ ဖော်ပြခဲ့တယ်။ မန်ယူအသင်းဟာ စပါးနောက်ခံလူ အယ်လ်ဒါဝီယဲလ် Alderweireld ၊ လက်စတာနောက်ခံလူ မက်ဂွိုင်းယား Maguire တို့ကို ခေါ်ယူဖို့ ပြင်ဆင်နေသလို အခု ကာဟေးလ်ကိုလည်း ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

REF:The Sun
Photo:ESPN,Getty Images
Naing Linn(Akhayar)
www.akhayar.com