[Zawgyi]

ဒီဂီယာ De Gea ရဲ႕ အနာဂတ္ ဘယ္လဲ ဘာလဲ

လက္ရိွကမၻာ႔ အေကာင္းဆံုး ဂိုးသမားလို႔ သတ္မွတ္ရမယ္႔ မန္ယူအသင္းရဲ႕ ဂိုးသမား ဒီဂီယာ De Gea ကိုေခၚယူခ်င္တဲ႔ အသင္းေတြမ်ားလာတာ သိပ္ျပီးထူးဆန္းတာေတာ႔ မဟုတ္ပါဘူး။ ေဘာလံုးရာသီတိုင္းမွာ အသင္းအတြက္ ရမွတ္ေတြကယ္ဆယ္ေပးႏိုင္တဲ႔ ဒီဂီယာ လိုကစားသမားမ်ိဳးကိုေတာ႔ မန္ယူအသင္းအေနနဲ႔ အသင္းမွာ ၾကိဳးစားျပီးဆက္ထိန္းဖို႔ လိုအပ္ေနပါျပီ။

De Gea

De Gea

အေစာပိုင္းတုန္းကေတာ႔ ဒီဂီယာ ကို စိတ္၀င္စားေနတဲ႔ အသင္းက ဂ်ဴဗင္တပ္စ္သာျဖစ္ျပီး လက္ရိွမွာေတာ႔ ဒီစာရင္းမွာ ေငြကိုေရလိုသံုးေနတဲ႔ ျပင္သစ္ထိပ္သီး PSG အသင္းလည္း ပါ၀င္လာခဲ႔ပါတယ္။ PSG အသင္းဟာ ဒီဂီယာ ကိုေပါင္(၇၅)သန္းနဲ႔ ေခၚယူလိုေနတာျဖစ္ျပီး မန္ယူအသင္းကလည္း ဒီအေနအထားအေပၚ စိတ္၀င္စားတဲ႔ အရိပ္အေယာင္ေတြရိွေနပါတယ္။

Degea And Pickford

Degea And Pickford

ဒီဂီယာ နဲ႔ မန္ယူတို႔ရဲ႕ စာခ်ဳပ္ထဲမွာ တစ္ႏွစ္ထပ္တိုးခြင္႔ပါေနေပမယ္႔ မန္ယူအသင္းရဲ႕ စာခ်ဳပ္သစ္အတြက္ ၾကိဳးပမ္းမႈေတြကိုေတာ႔ ဒီဂီယာ က ေအးတိေအးစက္ပံုစံနဲ႔ တံု႔ျပန္ေနပါတယ္။ မန္ယူအသင္းကေတာ႔ ေနာက္ထပ္အစီအစဥ္တစ္ခု အေနနဲ႔ ဒီဂီယာအသင္းကေန ထြက္ခြာခဲ႔ရင္ သူ႔ရဲ႕ေနရာမွာအစားထိုးဖို႔ အတြက္ အဲဗာတန္ရဲ႕ အဂၤလန္လက္ေရြးစင္ဂိုးသမား ပစ္ဖုိ႔ဒ္ Pickford ကို ေပါင္သန္း(၆၀)နဲ႔ ေခၚယူဖို႔ ခ်ိန္ရြယ္ေနပါတယ္။ ဒီဂီယာရဲ႕ လက္ရိွအေနအထားဟာ စိတ္၀င္စားစရာျဖစ္ေနတာေၾကာင္႔ ဒီဂီယာ ရဲ႕အနာဂတ္ ဘယ္လဲ ဘာလဲ လို႔ပဲေျပာရေတာ႔မွာပါ။

Ref: The Sun
Photo: Big World News , Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဒီဂီယာ De Gea ရဲ့ အနာဂတ် ဘယ်လဲ ဘာလဲ

လက်ရှိကမ္ဘာ့ အကောင်းဆုံး ဂိုးသမားလို့ သတ်မှတ်ရမယ့် မန်ယူအသင်းရဲ့ ဂိုးသမား ဒီဂီယာ De Gea ကိုခေါ်ယူချင်တဲ့ အသင်းတွေများလာတာ သိပ်ပြီးထူးဆန်းတာတော့ မဟုတ်ပါဘူး။ ဘောလုံးရာသီတိုင်းမှာ အသင်းအတွက် ရမှတ်တွေကယ်ဆယ်ပေးနိုင်တဲ့ ဒီဂီယာ လိုကစားသမားမျိုးကိုတော့ မန်ယူအသင်းအနေနဲ့ အသင်းမှာ ကြိုးစားပြီးဆက်ထိန်းဖို့ လိုအပ်နေပါပြီ။

De Gea

De Gea

အစောပိုင်းတုန်းကတော့ ဒီဂီယာ ကို စိတ်ဝင်စားနေတဲ့ အသင်းက ဂျူဗင်တပ်စ်သာဖြစ်ပြီး လက်ရှိမှာတော့ ဒီစာရင်းမှာ ငွေကိုရေလိုသုံးနေတဲ့ ပြင်သစ်ထိပ်သီး PSG အသင်းလည်း ပါဝင်လာခဲ့ပါတယ်။ PSG အသင်းဟာ ဒီဂီယာ ကိုပေါင်(၇၅)သန်းနဲ့ ခေါ်ယူလိုနေတာဖြစ်ပြီး မန်ယူအသင်းကလည်း ဒီအနေအထားအပေါ် စိတ်ဝင်စားတဲ့ အရိပ်အယောင်တွေရှိနေပါတယ်။

Degea And Pickford

Degea And Pickford

ဒီဂီယာ နဲ့ မန်ယူတို့ရဲ့ စာချုပ်ထဲမှာ တစ်နှစ်ထပ်တိုးခွင့်ပါနေပေမယ့် မန်ယူအသင်းရဲ့ စာချုပ်သစ်အတွက် ကြိုးပမ်းမှုတွေကိုတော့ ဒီဂီယာ က အေးတိအေးစက်ပုံစံနဲ့ တုံ့ပြန်နေပါတယ်။ မန်ယူအသင်းကတော့ နောက်ထပ်အစီအစဉ်တစ်ခု အနေနဲ့ ဒီဂီယာအသင်းကနေ ထွက်ခွာခဲ့ရင် သူ့ရဲ့နေရာမှာအစားထိုးဖို့ အတွက် အဲဗာတန်ရဲ့ အင်္ဂလန်လက်ရွေးစင်ဂိုးသမား ပစ်ဖို့ဒ် Pickford ကို ပေါင်သန်း(၆၀)နဲ့ ခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။ ဒီဂီယာရဲ့ လက်ရှိအနေအထားဟာ စိတ်ဝင်စားစရာဖြစ်နေတာကြောင့် ဒီဂီယာ ရဲ့အနာဂတ် ဘယ်လဲ ဘာလဲ လို့ပဲပြောရတော့မှာပါ။

Ref: The Sun
Photo: Big World News , Goal.com
Ko Kyue(Akhayar)
www.akhayar.com