[Zawgyi]

နံပါတ္(၁၀)၀တ္ဆင္ခဲ့တဲ့ မန္ယူဂႏၳ၀င္ေတြရဲ႕ေျခရာကုိ ရပ္ရွ္ဖုိ႔ဒ္ Rashford လုိက္နင္းႏုိင္မလား

ဘုိင္ယန္ျမဴးနစ္နဲ႔ ကစားခဲ့တဲ့ ေျခစမ္းပဲြမွာ မန္ယူပရိသတ္ေတြ ထူးျခားမႈတစ္ခုကုိ သတိျပဳမိခဲ့တယ္။ အဲဒါကေတာ့ အသင္းရဲ႕ အဂၤလန္လူငယ္တိုက္စစ္မွဴး ရပ္ရွ္ဖုိ႔ဒ္ Rashford က ေက်ာနံပါတ္(၁၀)ကုိ ၀တ္ဆင္ကစားခဲ့တာပါပဲ။ မန္ယူအသင္းမွာ ဂႏၳ၀င္နံပါတ္လုိ႔ သတ္မွတ္ထားတဲ့ ေက်ာနံပါတ္ေတြရွိတယ္။ နံပါတ္(၇)လုိ၊ နံပါတ္(၁၀)လုိ နံပါတ္ေတြေပါ့။ အဲဒီနံပါတ္ေတြ ၀င္ဆင္ကစားခြင့္ရဖုိ႔ဆုိတာက ေျခစြမ္းပုိင္း၊ စြမ္းေဆာင္ရည္အပုိင္း၊ အသင္းအေပၚ အက်ဳိးျပဳမႈ စတဲ့အရည္အခ်င္းေတြနဲ႔ ကုိက္ညီမွျဖစ္မွာပါ။

Rashford-Wear-No-10

Rashford-Wear-No-10

ဘုိင္ယန္ျမဴးနစ္နဲ႔ ေျခစမ္းပဲြအၿပီး မန္ယူနည္းျပေမာ္ရင္ဟုိ Mourinho က ၿပီးခဲ့တဲ့(၂)ႏွစ္ခဲြကာလအတြင္း ရပ္ရွ္ဖုိ႔ဒ္ရဲ႕ စြမ္းေဆာင္ရည္ေတြေၾကာင့္ ဆုေပးတဲ့အေနနဲ႔ ေက်ာနံပါတ္(၁၀)ကုိ ၀တ္ဆင္ခြင့္ေပးခဲ့တာလုိ႔ ဆုိခဲ့တယ္။

Mark-Hughes

Mark-Hughes

မန္ယူအသင္း သမုိင္းတစ္ေလွ်ာက္မွာ နံပါတ္(၁၀)၀တ္ဆင္ခဲ့တဲ့ ဂႏၳ၀င္ေတြရွိခဲ့ဖူးတယ္။ မာ့ခ္ဟုခ်္ Mark Hughes ၊ ဘက္ခမ္ Beckham ၊ ရွရင္ဂမ္ Sheringham ၊ နစၥတယ္႐ြိဳင္း Ruud van Nistelrooy တို႔က စလုိ႔ ေနာက္ဆုံး ရြန္နီ Rooney အထိပါပဲ။ ၿပီးခ့ဲတဲ့ရာသီတုန္းက အဲဒီနံပါတ္ကုိ ဆြီဒင္၀ါရင့္တိုက္စစ္မွဴး အီဘရာဟီမုိဗစ္ Ibrahimovic ၀တ္ဆင္ခဲ့ေပမယ့္ ထင္သေလာက္ မျဖစ္ခဲ့ဘူး။ တခ်ိဳ႕နံပါတ္ေတြက ထူးျခားမႈရွိသလုိ၊ နတ္ႀကီးတယ္လုိ႔ ဆုိရမလားပဲ။

Beckham

Beckham

ဥပမာ မန္ယူအသင္းမွာဆုိရင္ နံပါတ္(၇)၊ နံပါတ္(၁၀)အက်ႌေတြကုိ ေတာ္႐ုံလူ ၀တ္ဆင္ဖုိ႔ဆုိတာ ခက္ပါတယ္။ ဘက္ခမ္ Beckham ေနာက္ပုိင္း စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ၀တ္ဆင္ခ့ဲၿပီး နံပါတ္(၇)၀တ္ဆင္ခဲ့တဲ့သူေတြထဲမွာ ေအာင္ျမင္မႈအမ်ားဆုံး ကစားသမားျဖစ္ခဲ့တာကုိလည္း ပရိသတ္ေတြ အသိျဖစ္မွာပါ။ အဲဒီေနာက္ပုိင္း ေက်ာနံပါတ္(၇)က က်ိန္စာလုိျဖစ္လာၿပီး ဒီနံပါတ္၀တ္ဆင္ခြင့္ ရခဲ့တဲ့ကစားသမားေတြဟာ ဖိအားဒဏ္ မခံႏုိင္လုိ႔ အုိးလ္ထရက္ဖုိ႔ဒ္ေျမကုိ စြန္႔ခြာခဲ့ရတဲ့အထိ ျဖစ္ခဲ့ရတယ္။ ဗလင္စီယာ Valencia တစ္ဦးသာ ကုိယ့္အေၾကာင္းကုိယ္သိလုိ႔ အရင္နံပါတ္ေဟာင္း (၂၅)ကုိ ျပန္၀တ္ဖုိ႔ ေတာင္းဆုိခဲ့ဖူးတဲ့ သာဓကေတြလည္း ရွိခဲ့တယ္။

Sheringham

Sheringham

ေက်ာနံပါတ္(၁၀)က်ေတာ့ နံပါတ္(၇)ထက္ ဖိအား ပုိနည္းတယ္လုိ႔ ဆုိရမယ္။ မာ့ခ္ဟုခ်္ေနာက္ပုိင္း ဘလက္ခ္မုိး Balckmore ၀တ္တယ္၊ မေအာင္ျမင္ဘူး။ ဘက္ခမ္ ဆီ ေရာက္လာတယ္၊ ေအာင္ျမင္မႈရတယ္။

Nistelrooy

Nistelrooy

အဲဒီေနာက္ ရွရင္ဂမ္ Sheringham ၊ နစၥတယ္႐ြိဳင္း Nistelrooy ၊ ရြန္နီ Rooney တို႔ လက္ထက္အထိ နံပါတ္(၁၀)ပုိင္ရွင္ေတြက ေအာင္ျမင္မႈေတြ ရယူႏုိင္ခဲ့ၾကတယ္။

Wayne-Rooney

Wayne-Rooney

အခု ေက်ာနံပါတ္(၁၀)ကုိ ရပ္ရွ္ဖုိ႔ဒ္ ၀တ္ဆင္ခြင့္ရခဲ့ၿပီ။ ရွပ္ရွ္ဖုိ႔ဒ္ဆုိတာကလည္း အသက္(၂၀)သာရွိေသးေပမယ့္ နာမည္ႀကီးကစားသမားေတြေတာင္ မစြမ္းေဆာင္ႏုိင္ခဲ့တဲ့ သြင္းဂုိးစံခ်ိန္မွတ္တမ္းေတြကုိ ရယူထားသူ။၂၀၁၆၊ ေဖေဖာ္၀ါရီမွာ မစ္ေဂ်းလန္းနဲ႔ကစားခဲ့တဲ့ ယူ႐ုိပါလိဂ္ပဲြတုန္းက စီနီယာအသင္းအတြက္ ပထမဆုံးပဲြထြက္ကစားခဲ့ၿပီး (၂)ဂုိးသြင္းခဲ့လုိ႔ မန္ယူအသင္းသမုိင္းတစ္ေလွ်ာက္ ဥေရာပၿပိဳင္ပဲြမွာ အသက္အငယ္ဆုံး ဂုိးသြင္းတဲ့သူျဖစ္ခဲ့တယ္။

Rashford-Debut-Goal

Rashford-Debut-Goal

အာဆင္နယ္နဲ႔ကစားခဲ့တဲ့ ပထမဆုံး ပရီးမီးယားလိဂ္ပဲြမွာလည္း (၂)ဂုိးသြင္းခဲ့တာေၾကာင့္ မန္ယူအသင္းသမုိင္းတစ္ေလွ်ာက္ တတိယေျမာက္ အသက္အငယ္ဆုံးဂုိးသြင္းသူအျဖစ္ မွတ္တမ္း၀င္ခဲ့ျပန္တယ္။ ရပ္ရွ္ဖုိ႔ဒ္ရဲ႕ မွတ္တမး္က မရပ္တန္႔ခဲ့ဘူး။ မန္စီးတီးနဲ႔ကစားခဲ့တဲ့ မန္ခ်က္စတာဒါဘီပဲြမွာ ဂုိးသြင္းခဲ့တာေၾကာင့္လည္း ပရီးမီးယားလိဂ္ေခတ္ မန္ခ်က္စတာဒါဘီမွာ အသက္အငယ္ဆုံး ဂုိးသြင္းတဲ့သူျဖစ္ခဲ့တယ္။ အခုေနာက္ပုိင္း ေမာ္ရင္ဟုိရဲ႕ ေနရာမေပးမႈေၾကာင့္ ပုံမွန္ကစားခြင့္ရဖုိ႔ ႐ုန္းကန္လာရေပမယ့္ ပါ၀င္ခြင့္ရတဲ့ပဲြတိုင္းမွာ အသင္းအေပၚ အက်ဳိးျပဳေနဆဲပါပဲ။

Rashford-Celebrate

Rashford-Celebrate

ဒါေၾကာင့္ပဲ စစခ်င္းကစားတုန္းက ေက်ာနံပါတ္ (၃၉)၊ ေနာက္ေတာ့ (၁၉) အခု နံပါတ္(၁၀)ကုိ ေမာ္ရင္ဟုိက ယုံယုံၾကည္ၾကည္ ေပးအပ္ခဲ့တာပါ။ ရပ္ရွ္ဖုိ႔ဒ္ရဲ႕ ေျခစြမ္းအရလည္း ဒီနံပါတ္နဲ႔ ထုိက္တန္သူဆုိတာ ျငင္းစရာမရွိပါဘူး။ လက္ရွိေဘာလုံးေလာကရဲ႕ လူငယ္ၾကယ္ပြင့္ေတြထဲမွာ တစ္ဦးအပါအ၀င္ျဖစ္ေနသူ ရပ္ရွ္ဖုိ႔ဒ္အတြက္ သူ႔ေနာင္ေတာ္ႀကီးေတြလုိ ေအာင္ျမင္မႈမ်ိဳးရယူႏုိင္ေအာင္ စြမ္းေဆာင္ႏုိင္ဖုိ႔ပဲ လုိအပ္ပါေတာ့တယ္ . . .

Photo:Pantip,Best World News,The Sun,These Football Times,eBid,Mirror,Daily Times Nigeria
Naing Linn(Akhayar)
www.akhayar.com

[Unicode]

နံပါတ်(၁၀)ဝတ်ဆင်ခဲ့တဲ့ မန်ယူဂန္ထဝင်တွေရဲ့ခြေရာကို ရပ်ရှ်ဖို့ဒ် Rashford လိုက်နင်းနိုင်မလား

ဘိုင်ယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ မန်ယူပရိသတ်တွေ ထူးခြားမှုတစ်ခုကို သတိပြုမိခဲ့တယ်။ အဲဒါကတော့ အသင်းရဲ့ အင်္ဂလန်လူငယ်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် Rashford က ကျောနံပါတ်(၁၀)ကို ဝတ်ဆင်ကစားခဲ့တာပါပဲ။ မန်ယူအသင်းမှာ ဂန္ထဝင်နံပါတ်လို့ သတ်မှတ်ထားတဲ့ ကျောနံပါတ်တွေရှိတယ်။ နံပါတ်(၇)လို၊ နံပါတ်(၁၀)လို နံပါတ်တွေပေါ့။ အဲဒီနံပါတ်တွေ ဝင်ဆင်ကစားခွင့်ရဖို့ဆိုတာက ခြေစွမ်းပိုင်း၊ စွမ်းဆောင်ရည်အပိုင်း၊ အသင်းအပေါ် အကျိုးပြုမှု စတဲ့အရည်အချင်းတွေနဲ့ ကိုက်ညီမှဖြစ်မှာပါ။

Rashford-Wear-No-10

Rashford-Wear-No-10

ဘိုင်ယန်မြူးနစ်နဲ့ ခြေစမ်းပွဲအပြီး မန်ယူနည်းပြမော်ရင်ဟို Mourinho က ပြီးခဲ့တဲ့(၂)နှစ်ခွဲကာလအတွင်း ရပ်ရှ်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည်တွေကြောင့် ဆုပေးတဲ့အနေနဲ့ ကျောနံပါတ်(၁၀)ကို ဝတ်ဆင်ခွင့်ပေးခဲ့တာလို့ ဆိုခဲ့တယ်။

Mark-Hughes

Mark-Hughes

မန်ယူအသင်း သမိုင်းတစ်လျှောက်မှာ နံပါတ်(၁၀)ဝတ်ဆင်ခဲ့တဲ့ ဂန္ထဝင်တွေရှိခဲ့ဖူးတယ်။ မာ့ခ်ဟုချ် Mark Hughes ၊ ဘက်ခမ် Beckham ၊ ရှရင်ဂမ် Sheringham ၊ နစ္စတယ်ရွိုင်း Ruud van Nistelrooy တို့က စလို့ နောက်ဆုံး ရွန်နီ Rooney အထိပါပဲ။ ပြီးခဲ့တဲ့ရာသီတုန်းက အဲဒီနံပါတ်ကို ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ် Ibrahimovic ဝတ်ဆင်ခဲ့ပေမယ့် ထင်သလောက် မဖြစ်ခဲ့ဘူး။ တချို့နံပါတ်တွေက ထူးခြားမှုရှိသလို၊ နတ်ကြီးတယ်လို့ ဆိုရမလားပဲ။

Beckham

Beckham

ဥပမာ မန်ယူအသင်းမှာဆိုရင် နံပါတ်(၇)၊ နံပါတ်(၁၀)အင်္ကျီတွေကို တော်ရုံလူ ဝတ်ဆင်ဖို့ဆိုတာ ခက်ပါတယ်။ ဘက်ခမ် Beckham နောက်ပိုင်း စီရော်နယ်လ်ဒို Cristiano Ronaldo ဝတ်ဆင်ခဲ့ပြီး နံပါတ်(၇)ဝတ်ဆင်ခဲ့တဲ့သူတွေထဲမှာ အောင်မြင်မှုအများဆုံး ကစားသမားဖြစ်ခဲ့တာကိုလည်း ပရိသတ်တွေ အသိဖြစ်မှာပါ။ အဲဒီနောက်ပိုင်း ကျောနံပါတ်(၇)က ကျိန်စာလိုဖြစ်လာပြီး ဒီနံပါတ်ဝတ်ဆင်ခွင့် ရခဲ့တဲ့ကစားသမားတွေဟာ ဖိအားဒဏ် မခံနိုင်လို့ အိုးလ်ထရက်ဖို့ဒ်မြေကို စွန့်ခွာခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတယ်။ ဗလင်စီယာ Valencia တစ်ဦးသာ ကိုယ့်အကြောင်းကိုယ်သိလို့ အရင်နံပါတ်ဟောင်း (၂၅)ကို ပြန်ဝတ်ဖို့ တောင်းဆိုခဲ့ဖူးတဲ့ သာဓကတွေလည်း ရှိခဲ့တယ်။

Sheringham

Sheringham

ကျောနံပါတ်(၁၀)ကျတော့ နံပါတ်(၇)ထက် ဖိအား ပိုနည်းတယ်လို့ ဆိုရမယ်။ မာ့ခ်ဟုချ်နောက်ပိုင်း ဘလက်ခ်မိုး Balckmore ဝတ်တယ်၊ မအောင်မြင်ဘူး။ ဘက်ခမ် ဆီ ရောက်လာတယ်၊ အောင်မြင်မှုရတယ်။

Nistelrooy

Nistelrooy

အဲဒီနောက် ရှရင်ဂမ် Sheringham ၊ နစ္စတယ်ရွိုင်း Nistelrooy ၊ ရွန်နီ Rooney တို့ လက်ထက်အထိ နံပါတ်(၁၀)ပိုင်ရှင်တွေက အောင်မြင်မှုတွေ ရယူနိုင်ခဲ့ကြတယ်။

Wayne-Rooney

Wayne-Rooney

အခု ကျောနံပါတ်(၁၀)ကို ရပ်ရှ်ဖို့ဒ် ဝတ်ဆင်ခွင့်ရခဲ့ပြီ။ ရှပ်ရှ်ဖို့ဒ်ဆိုတာကလည်း အသက်(၂၀)သာရှိသေးပေမယ့် နာမည်ကြီးကစားသမားတွေတောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ သွင်းဂိုးစံချိန်မှတ်တမ်းတွေကို ရယူထားသူ။၂၀၁၆၊ ဖေဖော်ဝါရီမှာ မစ်ဂျေးလန်းနဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲတုန်းက စီနီယာအသင်းအတွက် ပထမဆုံးပွဲထွက်ကစားခဲ့ပြီး (၂)ဂိုးသွင်းခဲ့လို့ မန်ယူအသင်းသမိုင်းတစ်လျှောက် ဥရောပပြိုင်ပွဲမှာ အသက်အငယ်ဆုံး ဂိုးသွင်းတဲ့သူဖြစ်ခဲ့တယ်။

Rashford-Debut-Goal

Rashford-Debut-Goal

အာဆင်နယ်နဲ့ကစားခဲ့တဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲမှာလည်း (၂)ဂိုးသွင်းခဲ့တာကြောင့် မန်ယူအသင်းသမိုင်းတစ်လျှောက် တတိယမြောက် အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပြန်တယ်။ ရပ်ရှ်ဖို့ဒ်ရဲ့ မှတ်တမ်းက မရပ်တန့်ခဲ့ဘူး။ မန်စီးတီးနဲ့ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ ဂိုးသွင်းခဲ့တာကြောင့်လည်း ပရီးမီးယားလိဂ်ခေတ် မန်ချက်စတာဒါဘီမှာ အသက်အငယ်ဆုံး ဂိုးသွင်းတဲ့သူဖြစ်ခဲ့တယ်။ အခုနောက်ပိုင်း မော်ရင်ဟိုရဲ့ နေရာမပေးမှုကြောင့် ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်လာရပေမယ့် ပါဝင်ခွင့်ရတဲ့ပွဲတိုင်းမှာ အသင်းအပေါ် အကျိုးပြုနေဆဲပါပဲ။

Rashford-Celebrate

Rashford-Celebrate

ဒါကြောင့်ပဲ စစချင်းကစားတုန်းက ကျောနံပါတ် (၃၉)၊ နောက်တော့ (၁၉) အခု နံပါတ်(၁၀)ကို မော်ရင်ဟိုက ယုံယုံကြည်ကြည် ပေးအပ်ခဲ့တာပါ။ ရပ်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းအရလည်း ဒီနံပါတ်နဲ့ ထိုက်တန်သူဆိုတာ ငြင်းစရာမရှိပါဘူး။ လက်ရှိဘောလုံးလောကရဲ့ လူငယ်ကြယ်ပွင့်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်နေသူ ရပ်ရှ်ဖို့ဒ်အတွက် သူ့နောင်တော်ကြီးတွေလို အောင်မြင်မှုမျိုးရယူနိုင်အောင် စွမ်းဆောင်နိုင်ဖို့ပဲ လိုအပ်ပါတော့တယ် . . .

Photo:Pantip,Best World News,The Sun,These Football Times,eBid,Mirror,Daily Times Nigeria
Naing Linn(Akhayar)
www.akhayar.com