[Zawgyi]

က်ားသစ္ေရ ဒီဇုိင္းနဲ႔ မန္ယူအသင္းရဲ႕ စတုတၳေျမာက္ဂ်ာစီကုိ ပရိသတ္ေတြ ေလွာင္ေျပာင္ေနၾကၿပီ

မန္ယူအသင္းဟာ စတုတၳေျမာက္ဂ်ာစီျဖစ္တဲ့ က်ားသစ္အေရခံြ ဒီဇုိင္းနဲ႔ဂ်ာစီကုိ (၆၅)ေပါင္နဲ႔ ေစ်းကြက္ထဲ စတင္ေရာင္းခ်ေနၿပီျဖစ္ၿပီး အဲဒီဂ်ာစီဒီဇုိင္းကုိ လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ ေလွာင္ေျပာင္ေ၀ဖန္မႈေတြ ျပဳလုပ္ေနၾကပါတယ္။ မန္ယူအသင္းဟာ အဲဒီဂ်ာစီကုိ အျပင္မွာ ၀တ္ဆင္ဖုိ႔ မဟုတ္ဘဲ FIFA 19 ဂိမ္းထဲက Ultimate Team mode မွာ ထည့္သြင္းမွာျဖစ္ပါတယ္။ မန္ယူအသင္းနဲ႔အတူ ဥေရာပထိပ္သီးအသင္းေတြျဖစ္တဲ့ ရီးယဲလ္၊ ဂ်ဴဗင္တပ္စ္၊ ဘုိင္ယန္ျမဴးနစ္အသင္းေတြကလည္း FIFA 19 အတြက္ စတုတၳေျမာက္ဂ်ာစီေတြ တီထြင္ခဲ့ၿပီး ေစ်းကြက္ထဲမွာ ေရာင္းခ်သြားမွာပါ။

Manchester-United-have-released-their-bizarre-leopard-print-kit-made-for-FIFA-19

Manchester-United-have-released-their-bizarre-leopard-print-kit-made-for-FIFA-19

ဒါေပမဲ့ မန္ယူအသင္း ဂ်ာစီဒီဇုိင္းက တျခားအသင္းေတြထက္ ပုိထူးျခားေနၿပီး ၾကည့္ရတာအဆင္မေျပလုိ႔ ပရိသတ္ေတြက ေလွာင္ေျပာင္ေနၾကတာျဖစ္ပါတယ္။ Twitter အသုံးျပဳသူတစ္ဦးက “ေနပါဦး၊ ဒီဂ်ာစီကုိ သူတို႔ အျပင္မွာ တကယ္၀တ္ၾကမွာလား ” လုိ႔ ေရးသားခဲ့သလုိ၊ ေနာက္တစ္ေယာက္ကလည္း ” ဒီအက်ႌကုိသာ ၀တ္သြားရင္ ခ်ီတာ(က်ားသစ္)ေတြ ကၽြန္ေတာ့္ေနာက္ကုိ လုိက္လာမွာပဲ”လုိ႔ ေလွာင္ေျပာင္ေရးသားခဲ့တယ္။ ပရိသတ္ႀကီးေရာ . . မန္ယူအသင္းဂ်ာစီ ဒီဇုိင္းကုိၾကည့္ၿပီး ဘာမ်ားေျပာခ်င္ပါေသးလဲ . . .

REF:.dailymail
Photo:Eurosport,
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကျားသစ်ရေ ဒီဇိုင်းနဲ့ မန်ယူအသင်းရဲ့ စတုတ္ထမြောက်ဂျာစီကို ပရိသတ်တွေ လှောင်ပြောင်နေကြပြီ

မန်ယူအသင်းဟာ စတုတ္ထမြောက်ဂျာစီဖြစ်တဲ့ ကျားသစ်အရေခွံ ဒီဇိုင်းနဲ့ဂျာစီကို (၆၅)ပေါင်နဲ့ ဈေးကွက်ထဲ စတင်ရောင်းချနေပြီဖြစ်ပြီး အဲဒီဂျာစီဒီဇိုင်းကို လူမှုကွန်ရက်စာမျက်နှာတွေမှာ လှောင်ပြောင်ဝေဖန်မှုတွေ ပြုလုပ်နေကြပါတယ်။ မန်ယူအသင်းဟာ အဲဒီဂျာစီကို အပြင်မှာ ဝတ်ဆင်ဖို့ မဟုတ်ဘဲ FIFA 19 ဂိမ်းထဲက Ultimate Team mode မှာ ထည့်သွင်းမှာဖြစ်ပါတယ်။ မန်ယူအသင်းနဲ့အတူ ဥရောပထိပ်သီးအသင်းတွေဖြစ်တဲ့ ရီးယဲလ်၊ ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်အသင်းတွေကလည်း FIFA 19 အတွက် စတုတ္ထမြောက်ဂျာစီတွေ တီထွင်ခဲ့ပြီး ဈေးကွက်ထဲမှာ ရောင်းချသွားမှာပါ။

Manchester-United-have-released-their-bizarre-leopard-print-kit-made-for-FIFA-19

Manchester-United-have-released-their-bizarre-leopard-print-kit-made-for-FIFA-19

ဒါပေမဲ့ မန်ယူအသင်း ဂျာစီဒီဇိုင်းက တခြားအသင်းတွေထက် ပိုထူးခြားနေပြီး ကြည့်ရတာအဆင်မပြေလို့ ပရိသတ်တွေက လှောင်ပြောင်နေကြတာဖြစ်ပါတယ်။ Twitter အသုံးပြုသူတစ်ဦးက “နေပါဦး၊ ဒီဂျာစီကို သူတို့ အပြင်မှာ တကယ်ဝတ်ကြမှာလား ” လို့ ရေးသားခဲ့သလို၊ နောက်တစ်ယောက်ကလည်း ” ဒီအင်္ကျီကိုသာ ဝတ်သွားရင် ချီတာ(ကျားသစ်)တွေ ကျွန်တော့်နောက်ကို လိုက်လာမှာပဲ”လို့ လှောင်ပြောင်ရေးသားခဲ့တယ်။ ပရိသတ်ကြီးရော . . မန်ယူအသင်းဂျာစီ ဒီဇိုင်းကိုကြည့်ပြီး ဘာများပြောချင်ပါသေးလဲ . . .

REF:.dailymail
Photo:Eurosport,
Naing Linn(Akhayar)
www.akhayar.com