တနင်္ဂနွေညပိုင်းက ကစားခဲ့တဲ့ ၁၉၉၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲ နှစ်(၂၀)ပြည့်အမှတ်တရပွဲဖြစ်တဲ့ မန်ယူဂန္ထ၀င်အသင်းနဲ့ ဘိုင်ယန်မြူးနစ်ဂန္ထ၀င်တို့ရဲ့ပွဲအပြီးမှာ မန်ယူနာမည်ကျော်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ် David Beckham ကို ပြန်ခေါ်ဖို့ မန်ယူပရိသတ်တွေက တောင်းဆိုနေကြပါပြီ။ ၂၆-၅-၁၉၉၉ မှာ မန်ယူအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို နောက်ကျဂိုးတွေကြောင့် (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး နှစ်(၂၀)ပြည့်ပွဲမှာတော့ မန်ယူဂန္ထ၀င်အသင်းက (၅)ဂိုးပြတ်နဲ့ ပြတ်ပြတ်သားသားအနိုင်ယူခဲ့ပါတယ်။ အဲဒီပွဲမှာ မန်ယူအချစ်တော်ကစားသမား ဒေးဗစ်ဘက်ခမ်ဟာ ငယ်မူငယ်သွေးပြပြီး ပရိသတ်စိတ်ကြိုက် အကောင်းဆုံးကစားနိုင်ခဲ့တယ်။ ဘက်ခမ်ရဲ့ Crossing တွေက အရင်လို တိကျနေဆဲဖြစ်သလို ကစားအားကလည်း အသက်(၄၄)နှစ်လို့ မထင်ရအောင် မိနစ်(၉၀)လုံးလုံး မမောမပန်းဘဲ ကစားနိုင်ခဲ့ပြီး ပဉ္စမမြောက်ဂိုးကိုလည်း လှလှပပသွင်းယူခဲ့တာကြောင့် မန်ယူပရိသတ်တွေက ဘက်ခမ်ကို ပြန်ခေါ်ပါဆိုပြီး Twitter မှာ တောင်းဆိုနေကြတာပါ။

Liam Canning လို့ အမည်ရတဲ့ ပရိသတ်တစ်ဦးက ‘ဘက်ခမ်ဟာ အခု မန်ယူကစားသမားတွေထက် ပိုပြီး ဖြတ်တင်ဘောတွေ ပြုလုပ်နိုင်တုန်းပါပဲ’လို့ ရေးသားခဲ့ပြီး Twitter Page တစ်ခုဖြစ်တဲ့ ManUnitedZone က ‘ဘက်ခမ်ဟာ မန်ယူအသင်းရဲ့ ညာဘက်ခြမ်းမှာ အလွယ်တကူ ကစားနိုင်သူပါ’လို့ ရေးသားခဲ့တယ်။ တချို့ပရိသတ်တွေကတော့ ‘ဘက်ခမ်ကြောင့် မန်ယူနဲ့ ဘောလုံးအားကစားကို ချစ်မြတ်နိုးခဲ့ရတယ်။ အခု ဘက်ခမ်ဟာ မန်ယူအင်္ကျီပြန်ဝင်တဲ့အချိန်မှာလည်း အရင်လိုအကောင်းဆုံး ကစားနိုင်ပြန်တယ်။ သူ့ကို ကျွန်တော်တို့ ပြန်ခေါ်လိုက်ရအောင်လား’လို့ မျှော်လင့်တကြီး ရေးသားခဲ့တာပါ။ Class Of 92 မျိုးဆက်ဖြစ်တဲ့ ဘက်ခမ်ဟာ မန်ယူအသင်းမှာ ၁၉၉၂ ကနေ ၂၀၀၃ ခုနှစ်အထိ ကစားခဲ့ပြီး ဆုဖလားအောင်မြင်မှုတွေ အများကြီးရယူခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်မှာ ရီးယဲလ်အသင်းဆီပြောင်းရွှေ့ခဲ့သူပါ။ ကစားသမားဘ၀တစ်လျှောက် LA ဂလက်ဆီ၊ အေစီမီလန်၊ PSG အသင်းတို့မှာ ကျင်လည်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ဘောလုံးလောကကနေ အနားယူခဲ့ပါတယ်။

ဘက်ခမ်ရဲ့ ကစားသမားဘ၀အောင်မြင်မှုများ

Manchester United
FA Youth Cup: 1992
Premier League: 1995–96, 1996–97, 1998–99, 1999–2000, 2000–01, 2002–03[310]
FA Cup: 1995–96, 1998–99
FA Community Shield: 1996, 1997
UEFA Champions League: 1998–99
Intercontinental Cup: 1999

Real Madrid
La Liga: 2006–07
Supercopa de España: 2003

LA Galaxy
MLS Cup: 2011, 2012
Western Conference (Regular Season): 2009, 2010, 2011
Western Conference (Playoffs): 2009, 2011, 2012[311]
Supporters’ Shield: 2010, 2011

Paris Saint-Germain
Ligue 1: 2012–13

REF:talksport
Photo:The Times,The Sun,
Naing Linn(Akhayar)
www.akhayar.com