[Zawgyi]

မန္ယူပရိသတ္ေတြ ေအာင္ပဲြခံခဲ့ၿပီး အာဆင္နယ္အသင္းအတြက္ ခါးသီးတဲ့ ေအာက္တိုဘာ(၂၄)

ေအာက္တိုဘာ (၂၄)ရက္ဟာ မန္ယူပရိသတ္ေတြအတြက္ ေမ့လုိ႔မရတဲ့ ေန႔ေတြထဲမွာ အပါအ၀င္ျဖစ္ပါတယ္။ ဒါေပမဲ့ တခ်ိဳ႕ပရိသတ္ေတြလည္း ေမ့ေကာင္းေမ့ေနေလာက္ၿပီ။ လြန္ခဲ့တဲ့ (၁၄)ႏွစ္၊ တိတိက်က်ေျပာရရင္ ၂၀၀၄၊ ေအာက္တိုဘာ (၂၄)ရက္တုန္းက မန္ယူပရိသတ္ေတြ အႀကီးအက်ယ္ေအာင္ပဲြခံခ့ဲတဲ့ ပဲြတစ္ပဲြရွိခဲ့ဖူးတယ္။ အဲဒီပဲြမွာ သူတို႔ရဲ႕ အဓိကၿပိဳင္ဘက္ အာဆင္နယ္ကုိ အုိးလ္ထရက္ဖုိ႔ဒ္မွာ (၂)ဂုိးျပတ္ အႏုိင္ယူၿပီး ေခ်မႈန္းပစ္ခဲ့တာပါပဲ။ သမုိင္းတစ္ေလွ်ာက္ ေတြ႕ဆုံမႈမွာ အာဆင္နယ္ကုိ မန္ယူ အႀကိမ္ႀကိမ္ အႏုိင္ရခ့ဲဖူးေပမယ့္ ဒီတစ္ႀကိမ္ေအာင္ပဲြက ပုိခ်ိဳၿမိန္ေနမလားပဲ။

Nistelrooy-Scores-From-Penalty

Nistelrooy-Scores-From-Penalty

ဘာျဖစ္လုိ႔လဲဆုိေတာ့ အာဆင္နယ္အသင္းရဲ႕ (၄၉)ပဲြဆက္ ႐ႈံးပဲြမရွိ မွတ္တမ္းကုိ မန္ယူအသင္းက ရပ္တန္႔ႏုိင္ခဲ့လုိ႔ျဖစ္ပါတယ္။ ၂၀၀၃-၁၄ ရာသီတုန္းက ႐ႈံးပဲြမရွိ မွတ္တမ္းနဲ႔ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကုိ ဆြတ္ခူးခဲ့တဲ့ အာဆင္နယ္အသင္း ၂၀၀၄-၀၅ ရာသီအစမွာလည္း သူတို႔ရဲ႕ မွတ္တမ္းေကာင္းေတြ ဆက္ထိန္းႏုိင္ခဲ့ၿပီး အုိးလ္ထရက္ဖုိ႔ဒ္ေရာက္မွ ပထမဆုံး႐ႈံးပဲြနဲ႔ ရင္ဆုိင္ခဲ့ရတယ္။ ၂၀၀၂-၀၃ ရာသီကုန္ခါနီး (၂)ပဲြကစလုိ႔ ၂၀၀၃-၀၄၊ ၂၀၀၄-၀၅ ေအာက္တိုဘာလအထိ လုံး၀႐ႈံးပဲြမရွိခဲ့တဲ့ The Invincible အာဆင္နယ္အသင္းရဲ႕ မွတ္တမ္းကုိ အဆုံးသတ္ခဲ့တာက နစၥတယ္႐ြိဳင္း Nistelrooy နဲ႔ ရြန္နီ Rooney တို႔ပဲျဖစ္ပါတယ္။

Rooney-Scroes

Rooney-Scroes

မန္ယူအတြက္ အဖြင့္ဂုိးကုိ (၇၃)မိနစ္မွာ ပယ္နယ္တီကေန နစၥတယ္႐ြိဳင္းက သြင္းယူခဲ့ၿပီး ပဲြၿပီးခါနီးမွာ ရြန္နီက အႏုိင္ေသခ်ာေစမယ့္ ဂိုးကုိ သြင္းခဲ့တာပါ။ အခုဆုိရင္ ဒီႏုိင္ပဲြက (၁၄)ႏွစ္ေတာင္ ၾကာခဲ့ၿပီ။ ဒါေပမဲ့ ဒီပဲြကုိ ၾကည့္ခဲ့ရတဲ့ မန္ယူပရိသတ္တိုင္းရဲ႕ ရင္ထဲမွာ မေန႔တစ္ေန႔ကလုိပဲ ခံစားေနရမွာ အမွန္ပါပဲ . .

မန္ယူ ၂-၀ အာဆင္နယ္ကုိ ၾကည့္႐ႈရန္ လင့္ခ္

Photo:independent,You tube,Scoopnest,Telegraph
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မန်ယူပရိသတ်တွေ အောင်ပွဲခံခဲ့ပြီး အာဆင်နယ်အသင်းအတွက် ခါးသီးတဲ့ အောက်တိုဘာ(၂၄)

အောက်တိုဘာ (၂၄)ရက်ဟာ မန်ယူပရိသတ်တွေအတွက် မေ့လို့မရတဲ့ နေ့တွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့ပရိသတ်တွေလည်း မေ့ကောင်းမေ့နေလောက်ပြီ။ လွန်ခဲ့တဲ့ (၁၄)နှစ်၊ တိတိကျကျပြောရရင် ၂၀၀၄၊ အောက်တိုဘာ (၂၄)ရက်တုန်းက မန်ယူပရိသတ်တွေ အကြီးအကျယ်အောင်ပွဲခံခဲ့တဲ့ ပွဲတစ်ပွဲရှိခဲ့ဖူးတယ်။ အဲဒီပွဲမှာ သူတို့ရဲ့ အဓိကပြိုင်ဘက် အာဆင်နယ်ကို အိုးလ်ထရက်ဖို့ဒ်မှာ (၂)ဂိုးပြတ် အနိုင်ယူပြီး ချေမှုန်းပစ်ခဲ့တာပါပဲ။ သမိုင်းတစ်လျှောက် တွေ့ဆုံမှုမှာ အာဆင်နယ်ကို မန်ယူ အကြိမ်ကြိမ် အနိုင်ရခဲ့ဖူးပေမယ့် ဒီတစ်ကြိမ်အောင်ပွဲက ပိုချိုမြိန်နေမလားပဲ။

Nistelrooy-Scores-From-Penalty

Nistelrooy-Scores-From-Penalty

ဘာဖြစ်လို့လဲဆိုတော့ အာဆင်နယ်အသင်းရဲ့ (၄၉)ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းကို မန်ယူအသင်းက ရပ်တန့်နိုင်ခဲ့လို့ဖြစ်ပါတယ်။ ၂၀၀၃-၁၄ ရာသီတုန်းက ရှုံးပွဲမရှိ မှတ်တမ်းနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးခဲ့တဲ့ အာဆင်နယ်အသင်း ၂၀၀၄-၀၅ ရာသီအစမှာလည်း သူတို့ရဲ့ မှတ်တမ်းကောင်းတွေ ဆက်ထိန်းနိုင်ခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်ရောက်မှ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ၂၀၀၂-၀၃ ရာသီကုန်ခါနီး (၂)ပွဲကစလို့ ၂၀၀၃-၀၄၊ ၂၀၀၄-၀၅ အောက်တိုဘာလအထိ လုံးဝရှုံးပွဲမရှိခဲ့တဲ့ The Invincible အာဆင်နယ်အသင်းရဲ့ မှတ်တမ်းကို အဆုံးသတ်ခဲ့တာက နစ္စတယ်ရွိုင်း Nistelrooy နဲ့ ရွန်နီ Rooney တို့ပဲဖြစ်ပါတယ်။

Rooney-Scroes

Rooney-Scroes

မန်ယူအတွက် အဖွင့်ဂိုးကို (၇၃)မိနစ်မှာ ပယ်နယ်တီကနေ နစ္စတယ်ရွိုင်းက သွင်းယူခဲ့ပြီး ပွဲပြီးခါနီးမှာ ရွန်နီက အနိုင်သေချာစေမယ့် ဂိုးကို သွင်းခဲ့တာပါ။ အခုဆိုရင် ဒီနိုင်ပွဲက (၁၄)နှစ်တောင် ကြာခဲ့ပြီ။ ဒါပေမဲ့ ဒီပွဲကို ကြည့်ခဲ့ရတဲ့ မန်ယူပရိသတ်တိုင်းရဲ့ ရင်ထဲမှာ မနေ့တစ်နေ့ကလိုပဲ ခံစားနေရမှာ အမှန်ပါပဲ . .

မန်ယူ ၂-၀ အာဆင်နယ်ကို ကြည့်ရှုရန် လင့်ခ်

Photo:independent,You tube,Scoopnest,Telegraph
Naing Linn(Akhayar)
www.akhayar.com