[Zawgyi]

ပရီးမီးယားလိဂ္ စံခ်ိန္တင္လစာေငြနဲ႔ ဒီဂီယာ De gea ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုမယ္႔ မန္ယူ

ပရီးမီးယားလိဂ္ကလပ္ မန္ယူအသင္းဟာ အသင္းရဲ႕ဂိုးသမား ဒီဂီယာ De gea ကို စာခ်ဳပ္သစ္ခ်ုပ္ဆိုဖို႔ရိွေနပါတယ္။ ဒီဂီယာ De gea ရဲ႕စာခ်ဳပ္သက္တမ္းဟာ ဒီႏွစ္ေဘာလံုးရာသီအျပီးမွာ ကုန္ဆံုးမွာျဖစ္တာေၾကာင္႔ မန္ယူအသင္းဟာ အခုလို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ျပင္ဆင္ေနတာပဲျဖစ္ပါတယ္။ စာခ်ဳပ္သစ္ခ်ဳပ္ဆိုျဖစ္ခဲ႔ရင္ ဒီဂီယာ De gea ဟာ ပရီးမီးယားလိဂ္ျပိဳင္ပြဲမွာ တစ္ပတ္လုပ္ခေပါင္(၂)သိန္းေက်ာ္ရရိွသြားမယ္႔ ပထမဆံုးဂိုးသမားျဖစ္လာမွာပဲျဖစ္ပါတယ္။ ဒီဂီယာ De gea ကို ကာလရွည္ပစ္မွတ္ထားေနတဲ႔ ရီးယဲလ္မက္ဒရစ္အသင္းဟာ ခ်ယ္လ္ဆီးအသင္းဂိုးသမား ေကာ္တိုအာ Courtois ေခၚယူႏိုင္ခဲ႔တာေၾကာင္႔ ဒီဂီယာ De gea နဲ႔ ပတ္သက္တဲ႔သတင္းေတြဟာ ျငိမ္သက္ခဲ႔ရျပီး ဒီဂီယာ De gea ရဲ႕အနာဂတ္ဟာ မန္ယူအသင္းမွာ ဆက္ရိွေစခဲ႔တယ္လို႔ ဆိုရမွာပါ။

De-gea-With-FA-Cup-Trophy

De-gea-With-FA-Cup-Trophy

မန္ယူနည္းျပေဟာင္း ဖာဂူဆန္ Ferguson ဟာ ၂၀၁၁ ခုႏွစ္မွာ ဒီဂီယာ De gea ကို အဲ႔အခ်ိန္တုန္းက ဂိုးသမားေတြထဲမွာစံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖစ္တဲ႔ေပါင္(၁၈.၉)သန္းနဲ႔ ေခၚယူခဲ႔တာျဖစ္ပါတယ္။ မန္ယူအသင္းကို ေရာက္ခါစမွာ ပံုမွန္လက္စြမ္းျပသႏိုင္ဖို႔ ရုန္းကန္ခဲ႔ရေပမယ္႔ ေနာက္ပိုင္းမွာေတာ႔ ဒီဂီယာ De gea ဟာ မန္ယူအသင္းမွာ ကမၻာ႔အဆင္႔လက္စြမ္းေတြကို ျပသႏိုင္ခဲ႔ပါတယ္။ ျပီးခဲ႔တဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္(၁)အျဖစ္ ယွဥ္ျပိဳင္ကစားခဲ႔ၾကတဲ႔ မန္ယူ (၂ – ၁) လက္စတာပြဲစဥ္မွာ ဒီဂီယာ De gea ဟာ လက္စတာအသင္းရဲ႕ ထိုးေဖာက္ကန္သြင္းခ်က္ေတြကို အေကာင္းဆံုးကာကြယ္ႏိုင္ခဲ႔ပါတယ္။ ဒီပြဲအျပီး သိပ္မၾကာခင္မွာပဲ ဒီဂီယာ De gea ရဲ႕ စာခ်ဳပ္သစ္သတင္းေတြက ထြက္ေပၚလာခဲ႔တာပါ။ အသက္(၂၇)ႏွစ္ အရြယ္ရိွျပီျဖစ္သူ ဒီဂီယာ De gea ဟာ လက္ရိွအခ်ိန္ထိ မန္ယူအသင္းအတြက္ ပြဲေပါင္း(၃၁၆)ပြဲကစားထားပါတယ္။

ဒီဂီယာ De gea ရဲ႕ မန္ယူကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

Premier League: 2012–13
FA Cup: 2015–16
EFL Cup: 2016–17
FA Community Shield: 2011, 2013, 2016
UEFA Europa League: 2016–17

REF: Daily Mail
Photo: News & Reports , SPORTbible
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ် စံချိန်တင်လစာငွေနဲ့ ဒီဂီယာ De gea ကို စာချုပ်သစ်ချုပ်ဆိုမယ့် မန်ယူ

ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းဟာ အသင်းရဲ့ဂိုးသမား ဒီဂီယာ De gea ကို စာချုပ်သစ်ချုပ်ဆိုဖို့ရှိနေပါတယ်။ ဒီဂီယာ De gea ရဲ့စာချုပ်သက်တမ်းဟာ ဒီနှစ်ဘောလုံးရာသီအပြီးမှာ ကုန်ဆုံးမှာဖြစ်တာကြောင့် မန်ယူအသင်းဟာ အခုလို စာချုပ်သစ်ချုပ်ဆိုဖို့ပြင်ဆင်နေတာပဲဖြစ်ပါတယ်။ စာချုပ်သစ်ချုပ်ဆိုဖြစ်ခဲ့ရင် ဒီဂီယာ De gea ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ပတ်လုပ်ခပေါင်(၂)သိန်းကျော်ရရှိသွားမယ့် ပထမဆုံးဂိုးသမားဖြစ်လာမှာပဲဖြစ်ပါတယ်။ ဒီဂီယာ De gea ကို ကာလရှည်ပစ်မှတ်ထားနေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ ချယ်လ်ဆီးအသင်းဂိုးသမား ကော်တိုအာ Courtois ခေါ်ယူနိုင်ခဲ့တာကြောင့် ဒီဂီယာ De gea နဲ့ ပတ်သက်တဲ့သတင်းတွေဟာ ငြိမ်သက်ခဲ့ရပြီး ဒီဂီယာ De gea ရဲ့အနာဂတ်ဟာ မန်ယူအသင်းမှာ ဆက်ရှိစေခဲ့တယ်လို့ ဆိုရမှာပါ။

De-gea-With-FA-Cup-Trophy

De-gea-With-FA-Cup-Trophy

မန်ယူနည်းပြဟောင်း ဖာဂူဆန် Ferguson ဟာ ၂၀၁၁ ခုနှစ်မှာ ဒီဂီယာ De gea ကို အဲ့အချိန်တုန်းက ဂိုးသမားတွေထဲမှာစံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ပေါင်(၁၈.၉)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းကို ရောက်ခါစမှာ ပုံမှန်လက်စွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ ဒီဂီယာ De gea ဟာ မန်ယူအသင်းမှာ ကမ္ဘာ့အဆင့်လက်စွမ်းတွေကို ပြသနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁)အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ယူ (၂ – ၁) လက်စတာပွဲစဉ်မှာ ဒီဂီယာ De gea ဟာ လက်စတာအသင်းရဲ့ ထိုးဖောက်ကန်သွင်းချက်တွေကို အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။ ဒီပွဲအပြီး သိပ်မကြာခင်မှာပဲ ဒီဂီယာ De gea ရဲ့ စာချုပ်သစ်သတင်းတွေက ထွက်ပေါ်လာခဲ့တာပါ။ အသက်(၂၇)နှစ် အရွယ်ရှိပြီဖြစ်သူ ဒီဂီယာ De gea ဟာ လက်ရှိအချိန်ထိ မန်ယူအသင်းအတွက် ပွဲပေါင်း(၃၁၆)ပွဲကစားထားပါတယ်။

ဒီဂီယာ De gea ရဲ့ မန်ယူကစားသမားဘဝ အောင်မြင်မှုများ

Premier League: 2012–13
FA Cup: 2015–16
EFL Cup: 2016–17
FA Community Shield: 2011, 2013, 2016
UEFA Europa League: 2016–17

REF: Daily Mail
Photo: News & Reports , SPORTbible
Ko Kyue(Akhayar)
www.akhayar.com