[Zawgyi]

ဘရာဇီးလ္ ကြင္းလယ္လူ ဖရက္ဒ္ Fred ကုိ တရား၀င္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့တဲ့ မန္ယူ

ပရီးမီးယားလိဂ္ထိပ္သီး မန္ယူအသင္းဟာ ဘရာဇီးလ္လက္ေရြးစင္အသင္းကြင္းလယ္လူ ဖရက္ဒ္ Fred ကုိ တရား၀င္ေခၚယူစာခ်ဳပ္လုိက္ပါၿပီ။ ဖရက္ဒ္နဲ႔မန္ယူအသင္းတို႔ဟာ Work Permit ကိစၥ၊ စာခ်ဳပ္ပါအခ်က္အလက္ေတြကုိ သေဘာတူညီမႈရရွိခဲ့ၿပီးေနာက္မွာေတာ့ ဖရက္ဒ္ကုိ ေပါင္(၅၂)သန္းနဲ႔ ေခၚယူခ့ဲတာျဖစ္ပါတယ္။

Fred-Signing-With-Man-United

Fred-Signing-With-Man-United

အသက္(၂၅)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဖရက္ဒ္ကုိ ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးအသင္းကလည္း ပစ္မွတ္ထားေနတာေၾကာင့္ ေမာ္ရင္ဟုိ Mourinho က လ်င္လ်င္ျမန္ျမန္ လက္ဦးမႈရယူခဲ့တာလည္းျဖစ္ပါတယ္။ ေမာ္ရင္ဟုိဟာ ေဘာလုံးသမားဘ၀က အနားယူသြားၿပီျဖစ္တဲ့ ၀ါရင့္ကြင္းလယ္လူ ကာရစ္ Carrick ရဲ႕ေနရာမွာ ထိပ္တန္းအဆင့္ရွိ ကစားသမားတစ္ဦးနဲ႔ အစားထုိးဖုိ႔ ဆႏၵရွိခဲ့တာေၾကာင့္ ဖရက္ဒ္ကုိ ေခၚယူခဲ့တာပါ။

Man-United-New-Player-Fred

Man-United-New-Player-Fred

ေမာ္ရင္ဟုိဟာ မၾကာေသးမီက ေပၚတူဂီညာေနာက္ခံလူ ဒါေလာ့တ္ Dalot ကုိ ေခၚယူစာခ်ဳပ္ခဲ့ၿပီး ဒီေႏြရာသီမွာ ဒုတိယေျမာက္ကစားသမားအျဖစ္ တိုက္စစ္အားသန္ကြင္းလယ္လူျဖစ္တဲ့ ဖရက္ဒ္ကုိ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့တာလည္းျဖစ္ပါတယ္။

Man-United-New-Player-Fred

Man-United-New-Player-Fred

မန္ယူအသင္းက ဖရက္ဒ္ကုိ (၄)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ၿပီး စာခ်ဳပ္သက္တမ္းျပည့္ရင္ ေျခစြမ္းအေပၚမူတည္ၿပီး ေနာက္ထပ္(၁)ႏွစ္သက္တမ္းတိုးသြားမွာပါ။

Man-United-New-Player-Fred

Man-United-New-Player-Fred

မန္ယူနဲ႔စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ၿပီးတဲ့ေနာက္ ဖရက္ဒ္က ”မန္ယူအသင္းဟာ ကမၻာ႔အေကာင္းဆုံးအသင္းတစ္သငး္ျဖစ္ၿပီး ဒီလုိအံ့အားသင့္စရာေကာင္းတ့ဲ အသင္းမွာ တစ္စိတ္တစ္ပုိင္းအျဖစ္ ပါ၀င္ခြင့္ရၿပီျဖစ္လုိ႔ ၀မ္းေျမာက္မိပါတယ္။ နည္းျပဘ၀မွာ ေအာင္ျမင္မႈေတြအမ်ားႀကီး ရယူထားတဲ့ ေမာ္ရင္ဟုိလုိ နည္းျပမ်ိဳးနဲ႔ လက္တဲြခြင့္ရမယ့္ အခြင့္အေရးကုိ လဲြေခ်ာ္ခံလုိ႔မျဖစ္ပါဘူး။

Man-United-New-Player-Fred

Man-United-New-Player-Fred

ပဲြထြက္ကစားဖုိ႔နဲ႔ အသငး္ေဖာ္သစ္ေတြကုိ ဆုံေတြ႕ဖုိ႔ ကၽြန္ေတာ္ မေစာင့္ႏုိင္ေတာ့ပါဘူး။ မန္ယူအသင္းနဲ႔ပရိသတ္ေတြအတြက္ သမုိင္းသစ္တစ္ခုေရးထုိးႏုိင္ဖုိ႔ ကၽြန္ေတာ္ အစြမ္းကုန္ႀကိဳးစားသြားမွာပါ။ ၿပီးခဲ့တဲ့(၅)ႏွစ္အတြင္း ကၽြန္ေတာ့္ကုိ အစစအရာရာ ကူညီခဲ့ၾကတဲ့ ရွက္တာဒုိးနက္အသင္းက အသင္းေဖာ္ေတြ၊ တာ၀န္ရွိသူေတြကုိလည္း ေက်းဇူးတင္ပါတယ္”လုိ႔ေျပာၾကားခဲ့တယ္။

REF:manchestereveningnews.co.uk
Photo:Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘရာဇီးလ် ကွင်းလယ်လူ ဖရက်ဒ် Fred ကို တရားဝင်စာချုပ်ချုပ်ဆိုခဲ့တဲ့ မန်ယူ

ပရီးမီးယားလိဂ်ထိပ်သီး မန်ယူအသင်းဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းကွင်းလယ်လူ ဖရက်ဒ် Fred ကို တရားဝင်ခေါ်ယူစာချုပ်လိုက်ပါပြီ။ ဖရက်ဒ်နဲ့မန်ယူအသင်းတို့ဟာ Work Permit ကိစ္စ၊ စာချုပ်ပါအချက်အလက်တွေကို သဘောတူညီမှုရရှိခဲ့ပြီးနောက်မှာတော့ ဖရက်ဒ်ကို ပေါင်(၅၂)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

Fred-Signing-With-Man-United

Fred-Signing-With-Man-United

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖရက်ဒ်ကို မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းကလည်း ပစ်မှတ်ထားနေတာကြောင့် မော်ရင်ဟို Mourinho က လျင်လျင်မြန်မြန် လက်ဦးမှုရယူခဲ့တာလည်းဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ဘောလုံးသမားဘဝက အနားယူသွားပြီဖြစ်တဲ့ ဝါရင့်ကွင်းလယ်လူ ကာရစ် Carrick ရဲ့နေရာမှာ ထိပ်တန်းအဆင့်ရှိ ကစားသမားတစ်ဦးနဲ့ အစားထိုးဖို့ ဆန္ဒရှိခဲ့တာကြောင့် ဖရက်ဒ်ကို ခေါ်ယူခဲ့တာပါ။

Man-United-New-Player-Fred

Man-United-New-Player-Fred

မော်ရင်ဟိုဟာ မကြာသေးမီက ပေါ်တူဂီညာနောက်ခံလူ ဒါလော့တ် Dalot ကို ခေါ်ယူစာချုပ်ခဲ့ပြီး ဒီနွေရာသီမှာ ဒုတိယမြောက်ကစားသမားအဖြစ် တိုက်စစ်အားသန်ကွင်းလယ်လူဖြစ်တဲ့ ဖရက်ဒ်ကို စာချုပ်ချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။

Man-United-New-Player-Fred

Man-United-New-Player-Fred

မန်ယူအသင်းက ဖရက်ဒ်ကို (၄)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်သက်တမ်းပြည့်ရင် ခြေစွမ်းအပေါ်မူတည်ပြီး နောက်ထပ်(၁)နှစ်သက်တမ်းတိုးသွားမှာပါ။

Man-United-New-Player-Fred

Man-United-New-Player-Fred

မန်ယူနဲ့စာချုပ်ချုပ်ဆိုခဲ့ပြီးတဲ့နောက် ဖရက်ဒ်က ”မန်ယူအသင်းဟာ ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းဖြစ်ပြီး ဒီလိုအံ့အားသင့်စရာကောင်းတဲ့ အသင်းမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခွင့်ရပြီဖြစ်လို့ ဝမ်းမြောက်မိပါတယ်။ နည်းပြဘဝမှာ အောင်မြင်မှုတွေအများကြီး ရယူထားတဲ့ မော်ရင်ဟိုလို နည်းပြမျိုးနဲ့ လက်တွဲခွင့်ရမယ့် အခွင့်အရေးကို လွဲချော်ခံလို့မဖြစ်ပါဘူး။

Man-United-New-Player-Fred

Man-United-New-Player-Fred

ပွဲထွက်ကစားဖို့နဲ့ အသင်းဖော်သစ်တွေကို ဆုံတွေ့ဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ မန်ယူအသင်းနဲ့ပရိသတ်တွေအတွက် သမိုင်းသစ်တစ်ခုရေးထိုးနိုင်ဖို့ ကျွန်တော် အစွမ်းကုန်ကြိုးစားသွားမှာပါ။ ပြီးခဲ့တဲ့(၅)နှစ်အတွင်း ကျွန်တော့်ကို အစစအရာရာ ကူညီခဲ့ကြတဲ့ ရှက်တာဒိုးနက်အသင်းက အသင်းဖော်တွေ၊ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ပြောကြားခဲ့တယ်။

REF:manchestereveningnews.co.uk
Photo:Twitter
Naing Linn(Akhayar)
www.akhayar.com