[Zawgyi]

ခ်ယ္လ္ဆီးနဲ႔ မန္ယူ ႏုိင္ပဲြရခဲ့ၿပီး ႏုိင္ပဲြဆက္ မွတ္တမ္းရပ္တန္႔သြားတဲ့ အာဆင္နယ္

ပရီးမီးယားလိဂ္ပဲြစဥ္ (၁၀)တနဂၤေႏြေန႔ ပဲြေတြမွာေတာ့ ခ်ယ္လ္ဆီး၊ မန္ယူတို႔ အႏုိင္ရခဲ့ၿပီး ႏုိင္ပဲြဆက္ေနတဲ့ အာဆင္နယ္အသင္းဟာ အေ၀းကြင္းမွာ ပဲေလ့စ္နဲ႔ သေရက်ခဲ့ပါတယ္။ အမွတ္ေပးဇယား ထိပ္ပုိင္းက လီဗာပူးလ္၊ ခ်ယ္လ္ဆီးတို႔ အႏုိင္ရခဲ့လုိ႔ စပါးနဲ႔ကစားရမယ့္ မန္စီးတီး အမွားလုပ္လုိ႔ မရေတာ့ပါဘူး။

ခရစၥတယ္ပဲေလ့စ္ ၂-၂ အာဆင္နယ္

Arsenal-2-2-Palace

Arsenal-2-2-Palace

ၿပိဳင္ပဲြစုံ (၁၁)ပဲြဆက္၊ ပရီးမီးယားလိဂ္ (၇)ပဲြဆက္ အႏုိင္ရထားတဲ့ အာဆင္နယ္တို႔ ပဲေလ့စ္ကုိ မေက်ာ္ျဖတ္ႏုိင္ခဲ့ဘဲ ႏုိင္ပဲြဆက္ မွတ္တမ္းရပ္တန္႔ခဲ့တယ္။ ဒီပဲြမွာ ပဲေလ့စ္အသင္း ကစားပုံနဲ႔ စိတ္ဓာတ္က ခ်ီးက်ဴးစရာေကာင္းခဲ့ၿပီး အာဆင္နယ္အသင္းဆီကေန သေရတစ္မွတ္ ရယူႏုိင္ခဲ့ပါတယ္။ ပဲြအစပုိင္းကတည္းက ပဲေလ့စ္အသင္းရဲ႕ တဲြလုံးေတြက အာဆင္နယ္ဘက္ကုိ တရစပ္ၿခိမ္းေျခာက္ခဲ့ၿပီး အပုိင္အခြင့္အေရး (၂)ႀကိမ္ လဲြေခ်ာ္ခဲ့လုိ႔ အာဆင္နယ္ ေစာေစာစီးစီး ဂုိးမေပးခဲ့ရတာပါ။ အဖြင့္ဂိုးကုိ ပဲေလ့စ္အသင္း စရခဲ့ၿပီး ပယ္နယ္တီကေန မီလီဗုိယီဗစ္ Milivojević က သြင္းယူခဲ့တယ္။ (၅၁)မိနစ္မွာ လွပတဲ့ ဖရီးကစ္ကန္ခ်က္နဲ႔ ခ်ာကာ Xhaka က ေခ်ပဂုိး၊ (၅)မိနစ္အၾကာမွာ အူဘာမီယန္း Aubameyang က ဦးေဆာင္ဂုိးေတြ သြင္းယူခဲ့တယ္။ အူဘာမီယန္းရဲ႕ ဂုိးမွာ လာကာဇက္ Lacazette ေဘာလုံးကုိ လက္နဲ႔ သိသိသာသာ ပုတ္ခဲ့ေပမယ့္ ဒုိင္လူႀကီးက Foul မေပးခဲ့လုိ႔ ပဲေလ့စ္ နစ္နာခဲ့တယ္။ ဒါေပမဲ့ (၈၃)မိနစ္မွာ ပဲေလ့စ္ ေခ်ပဂုိးျပန္ရခဲ့ၿပီး ခ်ာကာရဲ႕ ပါးနပ္မႈမရွိတဲ့ ဖ်က္ထုတ္မႈေၾကာင့္ ပယ္နယ္တီ ထပ္ရခဲ့တာကုိ မီလီဗုိယီဗစ္ကပဲ သြင္းယူခ့ဲတယ္။

ဘန္ေလ ၀-၄ ခ်ယ္လ္ဆီး

Barkley-and-Morata

Barkley-and-Morata

ခ်န္ပီယံဆုအတြက္ ဖိအားေပးေနတဲ့ ခ်ယ္လ္ဆီးအသင္း ဂုိးျပတ္ႏုိင္ပဲြတစ္ပဲြကုိ ယူေဆာင္ႏုိင္ခဲ့တယ္။ ေ၀ဖန္မႈေတြ ခံေနရတဲ့ တိုက္စစ္မွဴး မုိရာတာ Morata ဂုိးေပါက္ ျပန္ေတြ႕ခဲ့ၿပီး အသင္းအတြက္ အဖြင့္ဂုိးကုိ သြင္းယူခဲ့တယ္။ ခ်ယ္လ္ဆီးအသင္းအတြက္ ဂုိးေတြကုိ ဘာကေလ Barkley ၊ ၀ီလီယံ Willian ၊ ေလာ့ဖ္တက္ခ်ိခ္ Loftus-Cheek တို႔က သြင္းယူခဲ့တာပါ။

မန္ယူ ၂-၁ အဲဗာတန္

Martial

Martial

မန္ယူအသင္းရဲ႕ ေျခစြမ္းက အေကာင္းဆုံး မဟုတ္ေပမယ့္ အရင္ပဲြေတြကထက္စာရင္ တိုးတက္လာတယ္လုိ႔ ေျပာရမယ္။ မျမင္ရတာၾကာၿပီျဖစ္တဲ့ တဲြလုံးေတြ၊ မာစီယဲလ္ Martial ရဲ႕ Solo Attacking ေတြ၊ Off The Ball Movement ေတြက စိတ္၀င္စားစရာေကာငး္ခဲ့တယ္။ ေမာ္ရင္ဟုိ Mourinho က (၈)ပဲြဆက္ ဂုိးေပါက္ေပ်ာက္ခဲ့တဲ့ လူကာကူ Lukaku ကုိ အရန္ခုံပုိ႔ခဲ့ၿပီး ရပ္ရွ္ဖုိ႔ဒ္ Rashford ကုိ အေထာင္ တိုက္စစ္ေနရာမွာ အသုံးျပဳခဲ့တယ္။ မာစီယဲလ္ရဲ႕ အရင္ပုံစံကုိ ျပန္ေတြ႕ခဲ့ရတယ္လုိ႔ ေျပာရမွာျဖစ္သလုိ မာတာ Mata ကလည္း No 10 Role ေနရာမွာ အေကာင္းဆုံး ကစားႏုိင္ခဲ့တယ္။ မန္ယူအသင္းအတြက္ ပထမဂုိးကုိ (၂၇)မိနစ္မွာ မာစီယဲလ္ရဲ႕ ပါးနပ္မႈေၾကာင့္ ရခဲ့တဲ့ ပယ္နယ္တီကေန ေပါ့ဘာက ႏွစ္ဆင့္ကန္သြင္းခဲ့တာပါ။ မာစီယဲလ္ၿပီးရင္ ခ်ီးက်ဴးရမွာက အခုေနာက္ပုိင္းပဲြေတြမွာ တည္တည္ၿငိမ္ၿငိမ္ကစားလာႏုိင္တဲ့ လင္ဒီေလာ့ဖ္ Lindelöf ပါပဲ။ မန္ယူအသင္းအတြက္ ဒုတိယဂုိးကုိ (၄၉)မိနစ္မွာ မာစီယဲလ္က သူကန္ေနက်တဲ့ ပုံစံအတိုင္းပဲ လွပတဲ့ Curling Shot နဲ႔ ကန္သြင္းခဲ့တယ္။ မိနစ္(၇၀)ေနာက္ပုိင္းမွာ မန္ယူ အရင္လုိ ပုံစံျပန္ျဖစ္လာခဲ့ၿပီး ကစားအား က်သလုိျဖစ္ခဲ့တာေၾကာင့္ အဲဗာတန္ အခြင့္အေရး ျပန္ရခဲ့တယ္။ အဲဗာတန္အသင္းအတြက္ ေခ်ပဂုိးကုိ (၇၇)မိနစ္မွာ ပယ္နယ္တီကေန ဆီဂတ္ဆန္ Sigurðsson က သြင္းယူခဲ့တာျဖစ္ပါတယ္။

Photo:Opta joe Twitter,Arsenal Twitter,Manchester United Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချယ်လ်ဆီးနဲ့ မန်ယူ နိုင်ပွဲရခဲ့ပြီး နိုင်ပွဲဆက် မှတ်တမ်းရပ်တန့်သွားတဲ့ အာဆင်နယ်

ပရီးမီးယားလိဂ်ပွဲစဉ် (၁၀)တနင်္ဂနွေနေ့ ပွဲတွေမှာတော့ ချယ်လ်ဆီး၊ မန်ယူတို့ အနိုင်ရခဲ့ပြီး နိုင်ပွဲဆက်နေတဲ့ အာဆင်နယ်အသင်းဟာ အဝေးကွင်းမှာ ပဲလေ့စ်နဲ့ သရေကျခဲ့ပါတယ်။ အမှတ်ပေးဇယား ထိပ်ပိုင်းက လီဗာပူးလ်၊ ချယ်လ်ဆီးတို့ အနိုင်ရခဲ့လို့ စပါးနဲ့ကစားရမယ့် မန်စီးတီး အမှားလုပ်လို့ မရတော့ပါဘူး။

ခရစ္စတယ်ပဲလေ့စ် ၂-၂ အာဆင်နယ်

Arsenal-2-2-Palace

Arsenal-2-2-Palace

ပြိုင်ပွဲစုံ (၁၁)ပွဲဆက်၊ ပရီးမီးယားလိဂ် (၇)ပွဲဆက် အနိုင်ရထားတဲ့ အာဆင်နယ်တို့ ပဲလေ့စ်ကို မကျော်ဖြတ်နိုင်ခဲ့ဘဲ နိုင်ပွဲဆက် မှတ်တမ်းရပ်တန့်ခဲ့တယ်။ ဒီပွဲမှာ ပဲလေ့စ်အသင်း ကစားပုံနဲ့ စိတ်ဓာတ်က ချီးကျူးစရာကောင်းခဲ့ပြီး အာဆင်နယ်အသင်းဆီကနေ သရေတစ်မှတ် ရယူနိုင်ခဲ့ပါတယ်။ ပွဲအစပိုင်းကတည်းက ပဲလေ့စ်အသင်းရဲ့ တွဲလုံးတွေက အာဆင်နယ်ဘက်ကို တရစပ်ခြိမ်းခြောက်ခဲ့ပြီး အပိုင်အခွင့်အရေး (၂)ကြိမ် လွဲချော်ခဲ့လို့ အာဆင်နယ် စောစောစီးစီး ဂိုးမပေးခဲ့ရတာပါ။ အဖွင့်ဂိုးကို ပဲလေ့စ်အသင်း စရခဲ့ပြီး ပယ်နယ်တီကနေ မီလီဗိုယီဗစ် Milivojević က သွင်းယူခဲ့တယ်။ (၅၁)မိနစ်မှာ လှပတဲ့ ဖရီးကစ်ကန်ချက်နဲ့ ချာကာ Xhaka က ချေပဂိုး၊ (၅)မိနစ်အကြာမှာ အူဘာမီယန်း Aubameyang က ဦးဆောင်ဂိုးတွေ သွင်းယူခဲ့တယ်။ အူဘာမီယန်းရဲ့ ဂိုးမှာ လာကာဇက် Lacazette ဘောလုံးကို လက်နဲ့ သိသိသာသာ ပုတ်ခဲ့ပေမယ့် ဒိုင်လူကြီးက Foul မပေးခဲ့လို့ ပဲလေ့စ် နစ်နာခဲ့တယ်။ ဒါပေမဲ့ (၈၃)မိနစ်မှာ ပဲလေ့စ် ချေပဂိုးပြန်ရခဲ့ပြီး ချာကာရဲ့ ပါးနပ်မှုမရှိတဲ့ ဖျက်ထုတ်မှုကြောင့် ပယ်နယ်တီ ထပ်ရခဲ့တာကို မီလီဗိုယီဗစ်ကပဲ သွင်းယူခဲ့တယ်။

ဘန်လေ ဝ-၄ ချယ်လ်ဆီး

Barkley-and-Morata

Barkley-and-Morata

ချန်ပီယံဆုအတွက် ဖိအားပေးနေတဲ့ ချယ်လ်ဆီးအသင်း ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ယူဆောင်နိုင်ခဲ့တယ်။ ဝေဖန်မှုတွေ ခံနေရတဲ့ တိုက်စစ်မှူး မိုရာတာ Morata ဂိုးပေါက် ပြန်တွေ့ခဲ့ပြီး အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူခဲ့တယ်။ ချယ်လ်ဆီးအသင်းအတွက် ဂိုးတွေကို ဘာကလေ Barkley ၊ ဝီလီယံ Willian ၊ လော့ဖ်တက်ချိခ် Loftus-Cheek တို့က သွင်းယူခဲ့တာပါ။

မန်ယူ ၂-၁ အဲဗာတန်

Martial

Martial

မန်ယူအသင်းရဲ့ ခြေစွမ်းက အကောင်းဆုံး မဟုတ်ပေမယ့် အရင်ပွဲတွေကထက်စာရင် တိုးတက်လာတယ်လို့ ပြောရမယ်။ မမြင်ရတာကြာပြီဖြစ်တဲ့ တွဲလုံးတွေ၊ မာစီယဲလ် Martial ရဲ့ Solo Attacking တွေ၊ Off The Ball Movement တွေက စိတ်ဝင်စားစရာကောင်းခဲ့တယ်။ မော်ရင်ဟို Mourinho က (၈)ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တဲ့ လူကာကူ Lukaku ကို အရန်ခုံပို့ခဲ့ပြီး ရပ်ရှ်ဖို့ဒ် Rashford ကို အထောင် တိုက်စစ်နေရာမှာ အသုံးပြုခဲ့တယ်။ မာစီယဲလ်ရဲ့ အရင်ပုံစံကို ပြန်တွေ့ခဲ့ရတယ်လို့ ပြောရမှာဖြစ်သလို မာတာ Mata ကလည်း No 10 Role နေရာမှာ အကောင်းဆုံး ကစားနိုင်ခဲ့တယ်။ မန်ယူအသင်းအတွက် ပထမဂိုးကို (၂၇)မိနစ်မှာ မာစီယဲလ်ရဲ့ ပါးနပ်မှုကြောင့် ရခဲ့တဲ့ ပယ်နယ်တီကနေ ပေါ့ဘာက နှစ်ဆင့်ကန်သွင်းခဲ့တာပါ။ မာစီယဲလ်ပြီးရင် ချီးကျူးရမှာက အခုနောက်ပိုင်းပွဲတွေမှာ တည်တည်ငြိမ်ငြိမ်ကစားလာနိုင်တဲ့ လင်ဒီလော့ဖ် Lindelöf ပါပဲ။ မန်ယူအသင်းအတွက် ဒုတိယဂိုးကို (၄၉)မိနစ်မှာ မာစီယဲလ်က သူကန်နေကျတဲ့ ပုံစံအတိုင်းပဲ လှပတဲ့ Curling Shot နဲ့ ကန်သွင်းခဲ့တယ်။ မိနစ်(၇၀)နောက်ပိုင်းမှာ မန်ယူ အရင်လို ပုံစံပြန်ဖြစ်လာခဲ့ပြီး ကစားအား ကျသလိုဖြစ်ခဲ့တာကြောင့် အဲဗာတန် အခွင့်အရေး ပြန်ရခဲ့တယ်။ အဲဗာတန်အသင်းအတွက် ချေပဂိုးကို (၇၇)မိနစ်မှာ ပယ်နယ်တီကနေ ဆီဂတ်ဆန် Sigurðsson က သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo:Opta joe Twitter,Arsenal Twitter,Manchester United Twitter
Naing Linn(Akhayar)
www.akhayar.com