[Zawgyi]

နယူးကာဆယ္ကုိ အသည္းအသန္ကစားၿပီးမွ အႏုိင္ရခဲ့တဲ့ မန္ယူ

ရလဒ္ေတြ ဆုိးရြားေနတဲ့ မန္ယူအသင္းဟာ အိမ္ကြင္းမွာ နယူးကာဆယ္ကုိ အသည္းအသန္ကစားၿပီးမွ (၃-၂)ဂုိးနဲ႔ အႏုိင္ရခဲ့တယ္။ မန္ယူကစားသမားေတြ အကုန္လုံး Confidence Out ေနတဲ့ ပုံစံနဲ႔ ပဲြကုိ စတင္ခဲ့ၿပီး ပဲြအစ(၁၀)မိနစ္အတြင္းမွာပဲ နယူးကာဆယ္အသင္းက ဦးေဆာင္ဂုိး(၂)ဂုိး သြင္းယူခဲ့ပါတယ္။ မန္ယူရဲ႕ ခံစစ္စြမ္းေဆာင္ရည္က သာမန္အသင္းတစ္သင္းထက္ေတာင္ ဆုိးရြားလြန္းတယ္။ ေပးလုိက္ရတဲ့ (၂)ဂုိးစလုံးက အက္ရွ္ေလယန္း Ashley Young ရဲ႕ ခပ္ေၾကာင္ေၾကာင္ အမွားေတြေၾကာင့္ပါပဲ။ ပထမဂုိးဟာ ကန္ေနဒီ Kenedy ရဲ႕ Body Faint မွာ ေမာ်ခဲ့တဲ့အတြက္ ကန္ေနဒီက ခပ္လြယ္လြယ္ ကန္သြင္းခဲ့တယ္။ ဒုတိယဂုိးကလည္း အက္ရွ္ေလယန္းရဲ႕ Marking ည့ံဖ်င္းမႈကေန မူတုိ Muto က ကန္သြင္းခဲ့တာပါ။ မန္ယူအသင္း ပဲြအစ(၁၀)မိနစ္မွာ (၂)ဂုိးေပးလုိက္ရတာက ၁၉၉၂၊ QPR နဲ႔ ပဲြေနာက္ပုိင္း ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။

Kenedy-Score-For-Newcastle

Kenedy-Score-For-Newcastle

ဂုိးေတြ ေပးလုိက္ရခ်ိန္မွာ ေမာ္ရင္ဟုိ Mourinho ရဲ႕ ေပါက္ကဲြမႈကုိ ျမင္ေတြ႕ခဲ့ရၿပီး မန္ယူ ကစားသမားေတြဟာ ေမာ္ရင္ဟုိ အထုတ္ခံရေအာင္ တမင္လုပ္ေနလားလုိ႔ေတာင္ ထင္ရတယ္။ ဒါေပမဲ့ ေမာ္ရင္ဟုိရဲ႕ လူစားလဲမႈေတြက မွန္ကန္ခဲ့ပါတယ္။ ခံစစ္မွာ ဘယ္လုိမွ သုံးစားလုိ႔မရတဲ့ ဘာယီ Bailly ၊ တြမ္မီေနး Tominay တို႔ေနရာမွာ မာတာ Mata ၊ ဖယ္ေလနီ Fellaini ၊ အခြင့္အေရးေကာင္းေတြကုိ လဲြေခ်ာ္ခဲ့တဲ့ ရပ္ရွ္ဖုိ႔ဒ္ Rashford အစား အလက္ဆစ္ဆန္းခ်က္ဇ္ Alexis Sanchez တို႔ကုိ လူစားလဲၿပီး တိုက္စစ္ဖြင့္ ကစားခဲ့တယ္။ ဒုတိယပုိငး္မွာ နယူးကာဆယ္ကုိ မန္ယူ ဖိအားေပးႏုိင္ခဲ့ေပမယ့္ ကစားပုံက သိပ္အေကာင္းႀကီး မဟုတ္ခဲ့ဘူး။

Mata-Free-Kick-Goal

Mata-Free-Kick-Goal

ပဲြရဲ႕အလွည့္အေျပာင္းက ပဲြခ်ိန္မိနစ္(၇၀)မွာ စတင္ခဲ့တယ္။ ဖရီးကစ္ကေန မာတာက ေခ်ပဂုိး ျပန္သြင္းခဲ့ၿပီးေနာက္မွာေတာ့ မန္ယူကစားသမားေတြ စိတ္ဓာတ္တက္လာၿပီး နယူးကာဆယ္ဘက္ကုိ တရစပ္ တိုက္စစ္ဆင္ခဲ့တယ္။ (၇၆)မိနစ္မွာ မာစီယဲလ္ Martial နဲ႔ ေပါ့ဘာ Pogba တို႔ရဲ႕ တဲြလုံးကေန မာစီယဲလ္က ပိတ္သြင္းၿပီး ဒုတိယေခ်ပဂုိး သြင္းယူခဲ့တယ္။ မန္ယူအတြက္ အဖုိးတန္အႏုိင္ဂုိးကုိေတာ့ အမွားမ်ားခဲ့တဲ့ အက္ရွ္ေလယန္းရဲ႕ ေပးပုိ႔မႈေန အလက္ဆစ္ဆန္းခ်က္ဇ္က ေခါင္းတိုက္ သြင္းယူခဲ့တာပါ။

Sanchez-Score-Winning-Goal

Sanchez-Score-Winning-Goal

ဒီပဲြအႏုိင္ရခဲ့လုိ႔ ေမာ္ရင္ဟုိ ဖိအားနည္းနည္း ေလ်ာ႔သြားခဲ့ေပမယ့္ ဒီပုံစံအတိုင္းသာ ဆက္သြားမယ္ဆုိရင္ေတာ့ အေျခအေနမေကာင္းဘူးလုိ႔ပဲ ဆုိရမယ္။

Photo:Manchester United Twitter,Daily Mail
Naing Linn(Akhayar)
akhayar.com

[Unicode]

နယူးကာဆယ်ကို အသည်းအသန်ကစားပြီးမှ အနိုင်ရခဲ့တဲ့ မန်ယူ

ရလဒ်တွေ ဆိုးရွားနေတဲ့ မန်ယူအသင်းဟာ အိမ်ကွင်းမှာ နယူးကာဆယ်ကို အသည်းအသန်ကစားပြီးမှ (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့တယ်။ မန်ယူကစားသမားတွေ အကုန်လုံး Confidence Out နေတဲ့ ပုံစံနဲ့ ပွဲကို စတင်ခဲ့ပြီး ပွဲအစ(၁၀)မိနစ်အတွင်းမှာပဲ နယူးကာဆယ်အသင်းက ဦးဆောင်ဂိုး(၂)ဂိုး သွင်းယူခဲ့ပါတယ်။ မန်ယူရဲ့ ခံစစ်စွမ်းဆောင်ရည်က သာမန်အသင်းတစ်သင်းထက်တောင် ဆိုးရွားလွန်းတယ်။ ပေးလိုက်ရတဲ့ (၂)ဂိုးစလုံးက အက်ရှ်လေယန်း Ashley Young ရဲ့ ခပ်ကြောင်ကြောင် အမှားတွေကြောင့်ပါပဲ။ ပထမဂိုးဟာ ကန်နေဒီ Kenedy ရဲ့ Body Faint မှာ မောျခဲ့တဲ့အတွက် ကန်နေဒီက ခပ်လွယ်လွယ် ကန်သွင်းခဲ့တယ်။ ဒုတိယဂိုးကလည်း အက်ရှ်လေယန်းရဲ့ Marking ညံ့ဖျင်းမှုကနေ မူတို Muto က ကန်သွင်းခဲ့တာပါ။ မန်ယူအသင်း ပွဲအစ(၁၀)မိနစ်မှာ (၂)ဂိုးပေးလိုက်ရတာက ၁၉၉၂၊ QPR နဲ့ ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

Kenedy-Score-For-Newcastle

Kenedy-Score-For-Newcastle

ဂိုးတွေ ပေးလိုက်ရချိန်မှာ မော်ရင်ဟို Mourinho ရဲ့ ပေါက်ကွဲမှုကို မြင်တွေ့ခဲ့ရပြီး မန်ယူ ကစားသမားတွေဟာ မော်ရင်ဟို အထုတ်ခံရအောင် တမင်လုပ်နေလားလို့တောင် ထင်ရတယ်။ ဒါပေမဲ့ မော်ရင်ဟိုရဲ့ လူစားလဲမှုတွေက မှန်ကန်ခဲ့ပါတယ်။ ခံစစ်မှာ ဘယ်လိုမှ သုံးစားလို့မရတဲ့ ဘာယီ Bailly ၊ တွမ်မီနေး Tominay တို့နေရာမှာ မာတာ Mata ၊ ဖယ်လေနီ Fellaini ၊ အခွင့်အရေးကောင်းတွေကို လွဲချော်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ် Rashford အစား အလက်ဆစ်ဆန်းချက်ဇ် Alexis Sanchez တို့ကို လူစားလဲပြီး တိုက်စစ်ဖွင့် ကစားခဲ့တယ်။ ဒုတိယပိုင်းမှာ နယူးကာဆယ်ကို မန်ယူ ဖိအားပေးနိုင်ခဲ့ပေမယ့် ကစားပုံက သိပ်အကောင်းကြီး မဟုတ်ခဲ့ဘူး။

Mata-Free-Kick-Goal

Mata-Free-Kick-Goal

ပွဲရဲ့အလှည့်အပြောင်းက ပွဲချိန်မိနစ်(၇၀)မှာ စတင်ခဲ့တယ်။ ဖရီးကစ်ကနေ မာတာက ချေပဂိုး ပြန်သွင်းခဲ့ပြီးနောက်မှာတော့ မန်ယူကစားသမားတွေ စိတ်ဓာတ်တက်လာပြီး နယူးကာဆယ်ဘက်ကို တရစပ် တိုက်စစ်ဆင်ခဲ့တယ်။ (၇၆)မိနစ်မှာ မာစီယဲလ် Martial နဲ့ ပေါ့ဘာ Pogba တို့ရဲ့ တွဲလုံးကနေ မာစီယဲလ်က ပိတ်သွင်းပြီး ဒုတိယချေပဂိုး သွင်းယူခဲ့တယ်။ မန်ယူအတွက် အဖိုးတန်အနိုင်ဂိုးကိုတော့ အမှားများခဲ့တဲ့ အက်ရှ်လေယန်းရဲ့ ပေးပို့မှုနေ အလက်ဆစ်ဆန်းချက်ဇ်က ခေါင်းတိုက် သွင်းယူခဲ့တာပါ။

Sanchez-Score-Winning-Goal

Sanchez-Score-Winning-Goal

ဒီပွဲအနိုင်ရခဲ့လို့ မော်ရင်ဟို ဖိအားနည်းနည်း လျော့သွားခဲ့ပေမယ့် ဒီပုံစံအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ အခြေအနေမကောင်းဘူးလို့ပဲ ဆိုရမယ်။

Photo:Manchester United Twitter,Daily Mail
Naing Linn(Akhayar)
akhayar.com