[Zawgyi]

ေ၀ဖန္စိတ္ပ်က္စရာေတြနဲ႔ ျပည္႔ႏွက္ေနတဲ႔ မန္ယူအသင္း

ျပီးခဲ႔တဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္(၂)မွာ မန္ယူအသင္းဟာ ဘ႐ုိက္တန္အသင္းကို(၃ – ၂ )နဲ႔႐ံႈးနိမ္႔ခဲ႔ပါတယ္။ ဒီပြဲမွာ မန္ယူအသင္းရဲ႕ စိတ္ပ်က္ဖြယ္ေျခစြမ္းကိုျမင္ေတြ႕ခဲ႔ရျပီး မန္ယူအသင္းဟာ ႐ံႈးသင္႔႐ံႈးထိုက္လို႔ ႐ံႈးခဲ႔ရတယ္လို႔ ဆိုရမယ္။

Mourinho

Mourinho

ေဘာလံုးအသင္းတစ္သင္းရဲ႕ ေအာင္ျမင္မႈနဲ႔က်႐ံႈးမႈဟာ အသင္းရဲ႕နည္းျပနဲ႔ ပထမဆံုးသက္ဆိုင္တာပါ။ ဒီလိုေၾကာင္႔ နည္းျပကေန စျပီးၾကည္႔ရပါလိမ္႔မယ္။ ဘ႐ုိက္တန္နဲ႔ပြဲအတြက္ နည္းျပေမာ္ရင္ဟို Mourinho ဟာ အသင္းရဲ႕လူစာရင္းကေန ဆန္းခ်က္စ္ Sánchez ကို အေၾကာင္းအရင္းမရိွ ခ်န္လွပ္ခဲ႔ပါတယ္။ ဘ႐ုိက္တန္ကို ႏိုင္ခဲ႔ရင္ ဆန္းခ်က္စ္ Sánchez မပါတာက ေျပာစရာမဟုတ္ေပမယ္႔ ႐ံႈးနိမ္႔ခဲ႔တဲ႔အခ်ိန္မွာေတာ႔ ဒါဟာေျပာစရာတစ္ခုျဖစ္ခဲ႔ပါတယ္။ ေနာက္တစ္ခ်က္ကေတာ႔ ပြဲထြက္လူစာရင္းပါ။ နည္းျပေမာ္ရင္ဟို Mourinho ရဲ႕ပြဲထြက္လူစာရင္းနဲ႔ ကစားသမားေနရာခ်ပံုဟာ မွားယြင္းခဲ႔တယ္လို႔ဆိုရမွာပါ။ လက္စတာနဲ႔ပြဲမွာ ပါရဲရား Pereira ကို ကြင္းလယ္ Pivot ေနရာမွာထားကစားခဲ႔တာ အလုပ္မျဖစ္ဘူးဆိုတာ အားလံုးျမင္ေတြ႕ရျပီးပါျပီ။ ဒါေပမဲ႔ ေမာ္ရင္ဟိုဟာ ေခါင္းမာစြာနဲ႔ပဲ ဘ႐ုိက္တန္မွာလည္း ပါရဲရား Pereira ကို Pivot ေနရာမွာထား ကစားခဲ႔ပါတယ္။ ပါရဲရား Pereira ဟာ ေတာင္ပံတိုက္စစ္ ကစားသမားျဖစ္ျပီး သူနဲ႔ဘယ္လိုမွမအပ္စပ္တဲ႔ ေနရာမွာကစားေနရတာေၾကာင္႔ ရုန္းကန္ခဲ႔ရျပီး အသင္းဟာလည္း ကစားကြက္တည္ဖို႔ေတာင္ ခက္ခဲခဲ႔ပါတယ္။ ကြင္းလယ္ပိုင္းမွာ ကြင္းလယ္ကစားသမားစစ္စစ္ေတြျဖစ္တဲ႔ ဖယ္လိုင္နီ Fellaini ၊ ဟာရဲရား Herrera ၊ တြမ္မီေနးTominay တို႔ကိုေက်ာ္ျပီး ပါရဲရား Pereira ကို သူ႕ေနရာမဟုတ္တဲ႔ေနရာမွာကစားခိုင္းတဲ႔ ေမာ္ရင္ဟိုရဲ႕ အေတြးကေတာ႔ စိတ္ပ်က္စရာျဖစ္ခဲ႔ပါတယ္။ ထပ္္ျပီးေထာက္ျပရမယ္႔ ေနရာက ညာျခမ္းတိုက္စစ္ပါ။ မန္ယူအသင္းမွာ ဘယ္ျခမ္းအားသန္ တိုက္စစ္ကစားသမားေတြ မ်ားေပမယ္႔ ညာျခမ္းအတြက္ဆိုရင္ မာတာ Mata ကိုအသံုးျပဳတာမ်ားပါတယ္။ မာတာ Mata ရဲ႕ေနရာအစစ္အမွန္က No.10 Role ျဖစ္ျပီး No.10 Role မွာကစားရရင္ မာတာ Mata ပိုေကာင္းတယ္ဆိုတာ အားလံုးသိပါတယ္။ ညာျခမ္းမွာကစားရင္ မာတာ Mata ဟာ သူအားသန္တဲ႔ ကြင္းလယ္ေၾကာကိုသာ တိုး၀င္တာေၾကာင္႔ အသင္းရဲ႕ညာျခမ္းတိုက္စစ္ဟာ ေသသြားခဲ႔ျပီး ကြင္းလယ္မွာပဲ လူေတြဟာ အိုင္ေနတာကိုျမင္ေတြ႕ၾကရမွာပါ။ ညာျခမ္းျပႆနာကို နည္းျပေမာ္ရင္ဟို Mourinho ဟာ ခုခ်ိန္ထိျပင္ဆင္ႏိုင္ျခင္း မရိွေသးတာကို ေတြ႕ရျပီး အသင္းရဲ႕ ညာေတာင္ပံတိုက္စစ္ပိုင္းအတြက္ လင္ဂတ္ Lingard နဲ႔ ပါရဲရား Pereira တို႔ကို နည္းျပေမာ္ရင္ဟို Mourinho အေနနဲ႔ စမ္းသပ္အသံုးျပဳသင္႔တယ္လို႔ထင္မိပါတယ္။ နည္းျပေမာ္ရင္ဟို Mourinho ဟာ မန္ယူအသင္းကို ကိုင္တြယ္ခဲ႔တာ ဒီရာသီနဲ႔ဆို(၃)ရာသီေျမာက္ျဖစ္ပါတယ္။ ဒါေပမဲ႔ ေမာ္ရင္ဟို Mourinho ရဲ႕ အေကာင္းဆံုး(၁၁)ေယာက္ဟာ ဘယ္သူေတြလဲဆိုတာ ခုခ်ိန္ထိေမးခြန္းထုတ္ရမယ္႔ အေျခအေနပါ။ မန္ယူအသင္းဟာ တစ္ပြဲနဲ႔တစ္ပြဲလူစာရင္း အေျပာင္းအလဲကလည္းျငိမ္သက္မႈမရိွတာေၾကာင္႔ ဒီအခ်က္ဟာ အသင္းရဲ႕ တည္ျငိမ္မႈကိုထိခိုက္ေစတာကေတာ႔ အမွန္ပဲျဖစ္ပါတယ္။

Martial

Martial

နည္းျပျပီးရင္ အေရးၾကီးဆံုးကေတာ႔ ကစားသမားေတြပဲျဖစ္ပါတယ္။ ပထမဦးဆံုးအေနနဲ႔ လင္ဒီေလာ႔ဖ္ Lindelöf ကေန စရပါမယ္။ လင္ဒီေလာ႔ဖ္ Lindelöf ဟာ အေ၀းကြင္းပြဲစဥ္ေတြဆို အမွားမ်ားတတ္တာကို ခုခ်ိန္ထိ ျပင္ဆင္ႏိုင္ျခင္းမရိွေသးပါဘူး။ ဘ႐ုိက္တန္နဲ႔ပြဲမွာလည္း သူ႔ရဲ႕အားနည္းခ်က္ေတြကို ျမင္ေတြ႕ရခဲ႔ပါတယ္။ ပရိသတ္ေတြထက္ ေမာ္ရင္ဟို Mourinho ပိုျမင္ရမယ္႔ အရာလို႔ပဲေျပာရပါလိမ္႔မယ္။ ေနာက္တစ္ေယာက္ကေတာ့ မာစီယဲလ္ Martial ပါ။ မန္ယူပရိသတ္ေတြဟာ သူ႕ကိုအမ်ားၾကီး ေမွ်ာ္လင္႔ထားၾကတာပါ။ ေမာ္ရင္ဟို Mourinho ဟာ သူ႕ကိုေနရာေပးျပန္ေတာ႔လည္း စိတ္မပါသလိုပံုစံ ၾကိဳးစားအားထုတ္မႈမရိွတဲ႔ ကစားဟန္ေတြကိုသာျမင္ေတြ႕ခဲ႔ရပါတယ္။ မာစီယဲလ္ Martial ဟာ လိုအပ္ခ်က္ေတြမ်ားလြန္းျပီး သူ႔အေနနဲ႔ စိတ္ဓာတ္ပိုင္းဆိုင္ရာ ခံယူခ်က္ကိုအရင္ျပင္ရမယ္လို႔ ျမင္မိပါတယ္။ ဘ႐ုိက္တန္နဲ႔ ပြဲမွာ နည္းျပေရာ ကစားသမားေတြပါ အားနည္းခဲ႔ၾကတာျဖစ္ျပီး ဒီအရာေတြကို အျမန္ဆံုးျပင္ဆင္သြားၾကဖို႔ လိုအပ္ပါတယ္။ ဒီလိုမွမဟုတ္ရင္ မန္ယူအသင္းရဲ႕ ခ်န္ပီယံအိမ္မက္ ေမာ္ရင္ဟိုရဲ႕ အနာဂတ္က ရာသီအစမွာပဲ အဆံုးသတ္ဖို႔မ်ားေနပါျပီ …

Photo: Gist Junction , Theworldnews.net , Manchester United Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဝေဖန်စိတ်ပျက်စရာတွေနဲ့ ပြည့်နှက်နေတဲ့ မန်ယူအသင်း

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂)မှာ မန်ယူအသင်းဟာ ဘရိုက်တန်အသင်းကို(၃ – ၂ )နဲ့ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲမှာ မန်ယူအသင်းရဲ့ စိတ်ပျက်ဖွယ်ခြေစွမ်းကိုမြင်တွေ့ခဲ့ရပြီး မန်ယူအသင်းဟာ ရှုံးသင့်ရှုံးထိုက်လို့ ရှုံးခဲ့ရတယ်လို့ ဆိုရမယ်။

Mourinho

Mourinho

ဘောလုံးအသင်းတစ်သင်းရဲ့ အောင်မြင်မှုနဲ့ကျရှုံးမှုဟာ အသင်းရဲ့နည်းပြနဲ့ ပထမဆုံးသက်ဆိုင်တာပါ။ ဒီလိုကြောင့် နည်းပြကနေ စပြီးကြည့်ရပါလိမ့်မယ်။ ဘရိုက်တန်နဲ့ပွဲအတွက် နည်းပြမော်ရင်ဟို Mourinho ဟာ အသင်းရဲ့လူစာရင်းကနေ ဆန်းချက်စ် Sánchez ကို အကြောင်းအရင်းမရှိ ချန်လှပ်ခဲ့ပါတယ်။ ဘရိုက်တန်ကို နိုင်ခဲ့ရင် ဆန်းချက်စ် Sánchez မပါတာက ပြောစရာမဟုတ်ပေမယ့် ရှုံးနိမ့်ခဲ့တဲ့အချိန်မှာတော့ ဒါဟာပြောစရာတစ်ခုဖြစ်ခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ ပွဲထွက်လူစာရင်းပါ။ နည်းပြမော်ရင်ဟို Mourinho ရဲ့ပွဲထွက်လူစာရင်းနဲ့ ကစားသမားနေရာချပုံဟာ မှားယွင်းခဲ့တယ်လို့ဆိုရမှာပါ။ လက်စတာနဲ့ပွဲမှာ ပါရဲရား Pereira ကို ကွင်းလယ် Pivot နေရာမှာထားကစားခဲ့တာ အလုပ်မဖြစ်ဘူးဆိုတာ အားလုံးမြင်တွေ့ရပြီးပါပြီ။ ဒါပေမဲ့ မော်ရင်ဟိုဟာ ခေါင်းမာစွာနဲ့ပဲ ဘရိုက်တန်မှာလည်း ပါရဲရား Pereira ကို Pivot နေရာမှာထား ကစားခဲ့ပါတယ်။ ပါရဲရား Pereira ဟာ တောင်ပံတိုက်စစ် ကစားသမားဖြစ်ပြီး သူနဲ့ဘယ်လိုမှမအပ်စပ်တဲ့ နေရာမှာကစားနေရတာကြောင့် ရုန်းကန်ခဲ့ရပြီး အသင်းဟာလည်း ကစားကွက်တည်ဖို့တောင် ခက်ခဲခဲ့ပါတယ်။ ကွင်းလယ်ပိုင်းမှာ ကွင်းလယ်ကစားသမားစစ်စစ်တွေဖြစ်တဲ့ ဖယ်လိုင်နီ Fellaini ၊ ဟာရဲရား Herrera ၊ တွမ်မီနေးTominay တို့ကိုကျော်ပြီး ပါရဲရား Pereira ကို သူ့နေရာမဟုတ်တဲ့နေရာမှာကစားခိုင်းတဲ့ မော်ရင်ဟိုရဲ့ အတွေးကတော့ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ထပ်ပြီးထောက်ပြရမယ့် နေရာက ညာခြမ်းတိုက်စစ်ပါ။ မန်ယူအသင်းမှာ ဘယ်ခြမ်းအားသန် တိုက်စစ်ကစားသမားတွေ များပေမယ့် ညာခြမ်းအတွက်ဆိုရင် မာတာ Mata ကိုအသုံးပြုတာများပါတယ်။ မာတာ Mata ရဲ့နေရာအစစ်အမှန်က No.10 Role ဖြစ်ပြီး No.10 Role မှာကစားရရင် မာတာ Mata ပိုကောင်းတယ်ဆိုတာ အားလုံးသိပါတယ်။ ညာခြမ်းမှာကစားရင် မာတာ Mata ဟာ သူအားသန်တဲ့ ကွင်းလယ်ကြောကိုသာ တိုးဝင်တာကြောင့် အသင်းရဲ့ညာခြမ်းတိုက်စစ်ဟာ သေသွားခဲ့ပြီး ကွင်းလယ်မှာပဲ လူတွေဟာ အိုင်နေတာကိုမြင်တွေ့ကြရမှာပါ။ ညာခြမ်းပြဿနာကို နည်းပြမော်ရင်ဟို Mourinho ဟာ ခုချိန်ထိပြင်ဆင်နိုင်ခြင်း မရှိသေးတာကို တွေ့ရပြီး အသင်းရဲ့ ညာတောင်ပံတိုက်စစ်ပိုင်းအတွက် လင်ဂတ် Lingard နဲ့ ပါရဲရား Pereira တို့ကို နည်းပြမော်ရင်ဟို Mourinho အနေနဲ့ စမ်းသပ်အသုံးပြုသင့်တယ်လို့ထင်မိပါတယ်။ နည်းပြမော်ရင်ဟို Mourinho ဟာ မန်ယူအသင်းကို ကိုင်တွယ်ခဲ့တာ ဒီရာသီနဲ့ဆို(၃)ရာသီမြောက်ဖြစ်ပါတယ်။ ဒါပေမဲ့ မော်ရင်ဟို Mourinho ရဲ့ အကောင်းဆုံး(၁၁)ယောက်ဟာ ဘယ်သူတွေလဲဆိုတာ ခုချိန်ထိမေးခွန်းထုတ်ရမယ့် အခြေအနေပါ။ မန်ယူအသင်းဟာ တစ်ပွဲနဲ့တစ်ပွဲလူစာရင်း အပြောင်းအလဲကလည်းငြိမ်သက်မှုမရှိတာကြောင့် ဒီအချက်ဟာ အသင်းရဲ့ တည်ငြိမ်မှုကိုထိခိုက်စေတာကတော့ အမှန်ပဲဖြစ်ပါတယ်။

Martial

Martial

နည်းပြပြီးရင် အရေးကြီးဆုံးကတော့ ကစားသမားတွေပဲဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ လင်ဒီလော့ဖ် Lindelöf ကနေ စရပါမယ်။ လင်ဒီလော့ဖ် Lindelöf ဟာ အဝေးကွင်းပွဲစဉ်တွေဆို အမှာမ်ားတတ်တာကို ခုချိန်ထိ ပြင်ဆင်နိုင်ခြင်းမရှိသေးပါဘူး။ ဘရိုက်တန်နဲ့ပွဲမှာလည်း သူ့ရဲ့အားနည်းချက်တွေကို မြင်တွေ့ရခဲ့ပါတယ်။ ပရိသတ်တွေထက် မော်ရင်ဟို Mourinho ပိုမြင်ရမယ့် အရာလို့ပဲပြောရပါလိမ့်မယ်။ နောက်တစ်ယောက်ကတော့ မာစီယဲလ် Martial ပါ။ မန်ယူပရိသတ်တွေဟာ သူ့ကိုအများကြီး မျှော်လင့်ထားကြတာပါ။ မော်ရင်ဟို Mourinho ဟာ သူ့ကိုနေရာပေးပြန်တော့လည်း စိတ်မပါသလိုပုံစံ ကြိုးစားအားထုတ်မှုမရှိတဲ့ ကစားဟန်တွေကိုသာမြင်တွေ့ခဲ့ရပါတယ်။ မာစီယဲလ် Martial ဟာ လိုအပ်ချက်တွေများလွန်းပြီး သူ့အနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခံယူချက်ကိုအရင်ပြင်ရမယ်လို့ မြင်မိပါတယ်။ ဘရိုက်တန်နဲ့ ပွဲမှာ နည်းပြရော ကစားသမားတွေပါ အားနည်းခဲ့ကြတာဖြစ်ပြီး ဒီအရာတွေကို အမြန်ဆုံးပြင်ဆင်သွားကြဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် မန်ယူအသင်းရဲ့ ချန်ပီယံအိမ်မက် မော်ရင်ဟိုရဲ့ အနာဂတ်က ရာသီအစမှာပဲ အဆုံးသတ်ဖို့များနေပါပြီ …

Photo: Gist Junction , Theworldnews.net , Manchester United Twitter
Ko Kyue(Akhayar)
www.akhayar.com