[Zawgyi]



Mina

Mina



Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မန်ယူအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တဲ့ ယဲလ်ရီမီနာ Yerry Mina

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာစီလိုနာနောက်ခံလူ ယဲလ်ရီမီနာYerry Mina ကိုခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့သိရှိရပါတယ်။ မန်ချက်စတာယူနိုက်အသင်းဟာ ယဲလ်ရီမီနာ Yerry Mina နဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပြီလို့သတင်းတွေထွက်ပေါ်နေခဲ့တာပါ။

Mina

Mina

အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်သူ ယဲလ်ရီမီနာ Yerry Mina ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိုလံဘီယာအသင်းရဲ့ ခံစစ်ကိုဦးဆောင်ကာခြေစွမ်းပြသနိုင်ခဲ့သူဖြစ်ပြီး အသင်းအတွက်သွင်းဂိုး(၃)ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားလို ပြိုင်ပွဲမျိုးမှာ ဒီလိုသွင်းဂိုးအရေအတွက်သွင်းယူနိုင်တဲ့ ခံစစ်ကစားသမားဟာ ခပ်ရှားရှားဖြစ်ပြီး ယဲလ်ရီမီနာ Yerry Mina က နိုင်ငံလက်ရွေးစင်အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ရည်တွေကိုပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ယဲလ်ရီမီနာ Yerry Mina ဟာကလပ်အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းမှာတော့ ပုံမှန်နေရာရဖို့အတွက် ရုန်းကန်နေရသူဖြစ်ပြီး လက်ရှိအချိန်အထိအသင်းအတွက် ပွဲစဉ်(၆)ပွဲသာ ပါဝင်ကစားခွင့်ရရှိထားပါတယ်။

ဒီလိုအနေအထားတွေကြောင့် ယဲလ်ရီမီနာYerry Mina ဟာ ဒီနှစ်နွေမှာ ဘာစီလိုနာအသင်းကနေထွက်ခွာဖို့အသင့်ရှိနေသူပါ။ မန်ချက်စတာယူနိုက်တက် အသင်းဟာလည်းဗဟိုနောက်ခံလူခေါ်ယူဖို့ဈေးကွက်ထဲမှာ ကြိုးစားနေတာကြောင့် ဒီအပြောင်းအရွှေ့က ဖြစ်ပေါ်လာမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

REF: Manchester Evening News
Photo: Metro , Liga Deportiva Postobón
Ko Kyue(Akhayar)
www.akhayar.com