လက်ရှိ မန်ယူအသင်းရဲ့ အနေအထားတွေက ကျေနပ်စရာကောင်းတဲ့ အခြေအနေတစ်ခုမှာ ရှိနေပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ်(၂)အပြီး ကစားရခက်တဲ့ ချယ်လ်ဆီး ၊ ၀ုလ်ဗ်အသင်းတွေဆီကနေ ရမှတ်(၄)မှတ် ရရှိထားသလို ကွင်းလယ်မှာ ပေါ့ဘာ Pogba တစ်ယောက်ပဲ လောက်လောက်လားလားရှိတာကလွဲရင် ကျန်တဲ့ မန်ယူအသင်းရဲ့ နေရာတွေကအားရစရာမှာရှိနေပါတယ်။ ဒါပေမယ့် မန်ယူအသင်းမှာ ဝေဖန်မှုတွေခံနေရတဲ့ ကစားသမားတစ်ဦးရှိပြီး ဒီကစားသမားကတော့ လင်ဂတ် Lingard ပဲဖြစ်ပါတယ်။ အခုဆိုရင် လင်ဂတ် ကို ပရိသတ်တွေအပြင် ဘောလုံးရပ်ဝန်းက လူတွေကပါ ဝေဖန်နေကြပါပြီ။ ဝေဖန်မယ်ဆိုလည်း ဝေဖန်ချင်စရာပါပဲ။ ဘာလို့လည်းဆိုတော့ လင်ဂတ် ဟာ မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရနေပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက အသင်းအတွက် ပရီးမီးယားလိဂ်မှာ သွင်းဂိုးနဲ့ ဖန်တီးမှုက (၀)ဖြစ်နေလို့ပါပဲ။ လင်ဂတ် ဟာ အခုဆိုရင် မန်ယူအသင်းမှာ No.10 role နေရာကစားနေပြီး ဒီနေရာက အသင်းတစ်သင်းရဲ့ တိုက်စစ်လမ်းကြောင်း စတင်ဖို့အတွက် အရေးကြီးတဲ့နေရာလည်း ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ သူ့ရဲ့ခြေစွမ်းက ပုံမှန်အောက်ရောက်နေတာကတော့ အသင်းရဲ့တိုက်စစ်ကို ထိခိုက်မှုများတယ်လို့ ထင်မိပါတယ်။ ဒါကြောင့် နည်းပြဆိုးလ်ရှား Solskjaer အနေနဲ့ လင်ဂတ် ကို အနားပေးပြီး တခြားကစားသမားတွေကို ဒီနေရာမှာ အစားထိုးဖို့လိုအပ်ပါတယ်။ အခု ဒီ Article မှာတော့ ခြေစွမ်းကျဆင်းနေတဲ့ ရဲ့ လင်ဂတ် နေရာမှာ အစားဝင်နိုင်တဲ့ ကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

Sanchez

ဆန်းချက်စ် Sanchez ကတော့ ဒီနေရာအတွက် ပထမဦးစားပေးလို့ ယူဆထားပါတယ်။ မန်ယူအသင်းရဲ့ အထောင်တိုက်စစ်မှာ မာစီယဲလ် Martial ၊ ဘယ်ခြမ်းနဲ့ ညာခြမ်းမှာ ရက်ရှ်ဖို့ဒ် Rashford နဲ့ ဒန်နီယဲလ်ဂျိမ်းစ် Daniel James ၊ No.10 role နေရာမှာ ဆန်းချက်စ် ဆိုရင် အခုထက်တိုက်စစ်ပိုင်းက ပိုပြီးပြည့်စုံသွားနိုင်ပါတယ်။ ရက်ရှ်ဖို့ဒ် နဲ့ ဒန်နီယဲလ်ဂျိမ်းစ် တို့ရဲ့ တိုးအား ၊ ရုန်းအားတွေကြောင့် No.10 role နေရာက ဆန်းချက်စ် ဟာ ပိုပြီး ကစားရချောင်လာပြီး တိုက်စစ်ပိုင်းကို အကောင်းဆုံး ချိတ်ဆက်ကစားနိုင်မယ်လို့ ထင်ပါတယ်။ ဆန်းချက်ဇ် ဟာ Skill ပြည့်ဝတဲ့ ကစားသမားဖြစ်တာကြောင့် ဘောလုံးကိုလိုသလို ပုံဖော်နိုင်ပြီး ကျဉ်းထဲကျပ်ထဲ ရောက်နေချိန်မှာလည်း တိကျတဲ့ ပေးပို့မှုတွေ ပြုလုပ်နိုင်တာကြောင့် နည်းပြဆိုးလ်ရှား အနေနဲ့ သူ့ကို အခွင့်အရေးပေးတဲ့ အနေနဲ့ ဒီနေရာမှာ စမ်းသုံးသင့်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဆန်းချက်စ် ဟာ အင်တာမီလန်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်နေတာကြောင့် ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်သွားကြရပါလိမ့်မယ်။

Angel Gomes

ဒီနေရာအတွက် နောက်ထပ် စဉ်းစားလို့ ရမယ့် ကစားသမားကတော့ လူငယ်ကွင်းလယ်တိုက်စစ်ကစားသမား အိန်ဂျယ်ဂိုးမက်စ် Angel Gomes ပါပဲ။ ဒီလိုအချိန်မျိုးမှာမှ အိန်ဂျယ်ဂိုးမက်စ် နေရာမရရင် နောက်ပိုင်းမှာ နေရာရဖို့ဆိုတာ သိပ်ပြီးမလွယ်ကူဘူးလို့ ထင်မိပါတယ်။ အိန်ဂျယ်ဂိုးမက်စ် ဟာလည်း Skill Players ဖြစ်တာကြောင့် ကြံခိုင်မှုပိုင်း အားနည်းတာကကလွဲရင် No.10 role နေရာမှာ သူ့ကိုသုံးဖို့ အဆင်ပြေတဲ့ ကစားသမားတစ်ဦးပါပဲ။ သူ့ကိုသာ အသုံးပြုမယ်ဆိုရင်တော့ လူငယ်အကယ်ဒမီကိုလည်း ဦးစားပေးရာရောက်မှာဖြစ်တာကြောင့် ဒီအချက်ကိုလည်း နည်းပြဆိုးလ်ရှား ထည့်စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။

Mata

နောက်ထပ်တစ်ယောက်ကတော့ ၀ါရင့်ကွင်းလယ်လူ မာတာ Mata ပဲဖြစ်ပါတယ်။ မန်ယူအသင်းမှာ မာတာ ဟာ လိုအပ်ချက်အရ တောင်ပံထွက်ကစားနေရပေမယ့် မာတာ ရဲ့ အကောင်းဆုံးနေရာက No.10 role ပါ။ Skill Players တွေရဲ့ ထုံးစံအတိုင်း မာတာ ဟာ ကြံခိုင်မှုအားနည်းပေးမယ့် ပရီးမီးယားလိဂ် အတွေ့အကြုံကြွယ်ဝမှု ၊ ဂိုးကံကောင်းမှု နဲ့ ပွဲအဖြေကိုပြောင်းလဲနိုင်စွမ်းရှိတာတွေကြောင့် နည်းပြဆိုးလ်ရှား သိပ်ပြီး ရှည်ရှည်ဝေးဝေးမတွေးချင်ရင်တော့ ဒီနေရာအတွက် အလိုက်ဖက်ဆုံး က မာတာပါပဲ။

Pogba

နောက်ဆုံးဖော်ပြပေးသွားမယ့် ကစားသမားကတော့ မန်ယူအသင်းရဲ့ အဓိကကွင်းလယ်လူ ပေါ့ဘာ ပဲဖြစ်ပါတယ်။ ပေါ့ဘာ ဟာ တိုက်စစ်ကိုပဲ ကစားချင်တဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပေမယ့် လတ်တလော မန်ယူအသင်းရဲ့ ပွဲစဉ်တွေမှာတော့ ခံစစ်ကို အရင်ကထက်ပို အားစိုက်ကစားတာကိုတွေ့ရပါတယ်။ ပေါ့ဘာ ဆိုတာက သူလုပ်ချင်ရာကို လုပ်နေရရင် ပျော်ရွှင်ပြီး ခြေစွမ်းလည်း တိုးတက်လာတဲ့ ကစားသမားဖြစ်တာကြောင့် နည်းပြဆိုးလ်ရှား အနေနဲ့ သူ့ကို အလိုလိုက်ချင်ရင်တော့ သူ့ကစားချင်တဲ့ ကွင်းလယ်တိုက်စစ်ပိုင်း No.10 role နေရာကို ကစားခိုင်းသင့်ပါတယ်။

ပြီးခဲ့တဲ့ (၁၂)လအတွင်း လင်ဂတ် ရဲ့ ပရီးမီးယားလိဂ် စွမ်းဆောင်မှုများ

May 2018: no
Aug 2018: no
Sep 2018: no
Oct 2018: no
Nov 2018: no
Dec 2018: (4G 2A)
Jan 2019: no
Feb 2019: no
Mar 2019: no
Apr 2019: no
May 2019: no
Aug 2019: no

Ref: Sportskeeda
Photo: Talk Sports , The News Amed , Mirror
Ko Kyue(Akhayar)
www.akhayar.com