[Zawgyi]

ဒီဂီယာ De Gea ကိုဆံုး႐ံႈးရမွာ ေၾကာက္ရြံ႕ေနတဲ႔ ေမာ္ရင္ဟို Mourinho

မန္ယူအသင္းနညး္ျပ ေမာ္ရင္ဟို Mourinho ဟာအသင္းရဲ႕ဂိုးသမား ဒီဂီယာ De Gea ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ဂ်ဴဗင္တပ္စ္အသင္းစီကို လက္လႊတ္ရမွာကို ေၾကာက္ရြံ႕ေနပါတယ္။ ဒီအေနအထားေတြဟာ မန္ယူ – ဂ်ဴဗင္တပ္စ္ခ်န္ပီယံလိဂ္ပြဲ အျပီးမွာျဖစ္ေပၚလာခဲ႔တာျဖစ္ျပီး ဂ်ဴဗင္တပ္စ္အသင္းဟာ ဒီဂီယာ ကုိစိတ္၀င္စားမႈေတြရိွလာခဲ႔တာပါ။ ဒီဂီယာဟာ ဒီႏွစ္ေဘာလံုးရာသီကုန္မွာ မန္ယူအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္ေပမယ္႔ မန္ယူနဲ႔ ဒီဂီယာတို႔ရဲ႕ စာခ်ဳပ္ထဲမွာ တစ္နွစ္သက္တမ္းထပ္တိုးခြင္႔ကို ထည္႔သြင္းခ်ဳပ္ဆိုထားပါတယ္။

Degea-And-Mourinho

Degea-And-Mourinho

” ဒီဂီယာက ျပီးခဲ႔တဲ႔ အဂၤါေန႔ကသူ႔ရဲ႕အနာဂတ္ကလပ္အသင္းနဲ႔ ကစားခဲ႔တာပါ။ ဂ်ဴဗင္တပ္စ္အသင္းဟာ ကစားသမားေခၚယူမႈ အပိုင္းမွာ က်ြမ္းက်င္တဲ႔အသင္းပါ။ မန္ယူအသင္းအေနနဲ႔ ဒီဂီယာကို အခုေႏြရာသီမွာေရာင္းခ်မဟုတ္ပါဘူး။ ဂ်ဴဗင္တပ္စ္ကလည္း ဒီဂီယာရဲ႕ စာခ်ဳပ္သက္တမ္းကုန္ဆံုးတဲ႔ အခ်ိန္ထိေစာင္႔ပါလိမ္႔မယ္ ” လို႔ မန္ယူအသင္းနဲ႔ နီးစပ္ရာအသိုင္းအ၀ိုင္းကေန သတင္းထြက္ခဲ႔ပါတယ္။ မန္ယူအသင္းဟာ သူတို႔ရဲ႕ ကစားသမား ေပါ႔ဘာ Pogba ကို ဂ်ဴဗင္တပ္စ္အသင္းစီကို ေျပာင္းေရႊ႕ေၾကးမရဘဲ ဆံုး႐ံႈးခဲ႔ရတဲ႔ အစဥ္အလာရိွခဲ႔သလို ဂ်ဴဗင္တပ္စ္အသင္းဟာလည္း နာမည္ေက်္ကစားသမားေတြကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခဲ႔တဲ႔ သာဓကေတြလည္းရိွပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ နာမည္ေက်္ကစားသမားေတြျဖစ္ၾကတဲ႔ ဒန္နီအဲလ္ဗတ္စ္ Dani Alves ၊ ပီယာလို Pirlo နဲ႔ ခီဒီရာ Khedira တို႔ကို အလြတ္ေျပာင္းေရႊ႕ေၾကးေတြနဲ႔ ေခၚယူခဲ႔တာေၾကာင္႔ ဒီဂီယာနဲ႔ ဂ်ဴဗင္တပ္စ္အသင္းတို႔ရဲ႕ အေနအထားဟာ စိတ္၀င္စားစရာေကာင္းေနတာကေတာ႔ အမွန္ပါပဲ။

Ref: The Sun
Photo: Premier League , WSBuzz.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဒီဂီယာ De Gea ကိုဆုံးရှုံးရမှာ ကြောက်ရွံ့နေတဲ့ မော်ရင်ဟို Mourinho

မန်ယူအသင်းနည်းပြ မော်ရင်ဟို Mourinho ဟာအသင်းရဲ့ဂိုးသမား ဒီဂီယာ De Gea ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဂျူဗင်တပ်စ်အသင်းစီကို လက်လွှတ်ရမှာကို ကြောက်ရွံ့ေနပါတယ်။ ဒီအနေအထားတွေဟာ မန်ယူ – ဂျူဗင်တပ်စ်ချန်ပီယံလိဂ်ပွဲ အပြီးမှာဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းဟာ ဒီဂီယာ ကိုစိတ်ဝင်စားမှုတွေရှိလာခဲ့တာပါ။ ဒီဂီယာဟာ ဒီနှစ်ဘောလုံးရာသီကုန်မှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် မန်ယူနဲ့ ဒီဂီယာတို့ရဲ့ စာချုပ်ထဲမှာ တစ်နှစ်သက်တမ်းထပ်တိုးခွင့်ကို ထည့်သွင်းချုပ်ဆိုထားပါတယ်။

Degea-And-Mourinho

Degea-And-Mourinho

” ဒီဂီယာက ပြီးခဲ့တဲ့ အင်္ဂါနေ့ကသူ့ရဲ့အနာဂတ်ကလပ်အသင်းနဲ့ ကစားခဲ့တာပါ။ ဂျူဗင်တပ်စ်အသင်းဟာ ကစားသမားခေါ်ယူမှု အပိုင်းမှာ ကျွမ်းကျင်တဲ့အသင်းပါ။ မန်ယူအသင်းအနေနဲ့ ဒီဂီယာကို အခုနွေရာသီမှာရောင်းချမဟုတ်ပါဘူး။ ဂျူဗင်တပ်စ်ကလည်း ဒီဂီယာရဲ့ စာချုပ်သက်တမ်းကုန်ဆုံးတဲ့ အချိန်ထိစောင့်ပါလိမ့်မယ် ” လို့ မန်ယူအသင်းနဲ့ နီးစပ်ရာအသိုင်းအဝိုင်းကနေ သတင်းထွက်ခဲ့ပါတယ်။ မန်ယူအသင်းဟာ သူတို့ရဲ့ ကစားသမား ပေါ့ဘာ Pogba ကို ဂျူဗင်တပ်စ်အသင်းစီကို ပြောင်းရွှေ့ကြေးမရဘဲ ဆုံးရှုံးခဲ့ရတဲ့ အစဉ်အလာရှိခဲ့သလို ဂျူဗင်တပ်စ်အသင်းဟာလည်း နာမည်ကျေ်ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ သာဓကတွေလည်းရှိပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ နာမည်ကျေ်ကစားသမားတွေဖြစ်ကြတဲ့ ဒန်နီအဲလ်ဗတ်စ် Dani Alves ၊ ပီယာလို Pirlo နဲ့ ခီဒီရာ Khedira တို့ကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူခဲ့တာကြောင့် ဒီဂီယာနဲ့ ဂျူဗင်တပ်စ်အသင်းတို့ရဲ့ အနေအထားဟာ စိတ်ဝင်စားစရာကောင်းနေတာကတော့ အမှန်ပါပဲ။

Ref: The Sun
Photo: Premier League , WSBuzz.com
Ko Kyue(Akhayar)
www.akhayar.com