[Zawgyi]

မန္ခ်က္စတာဒါဘီပဲြ မတိုင္ခင္ နည္းဗ်ဴဟာပုိင္း ခ်ဥ္းကပ္ၾကည့္ျခင္း အပုိင္း(၁)

ဒီတစ္ပတ္ Super Sunday မွာေတာ့ တစ္ကမၻာလုံးက ပရိသတ္ေတြ အႀကိဳက္ျဖစ္တဲ့ ပရီးမီးယားလိဂ္ထိပ္သီး မန္စီးတီးနဲ႔ မန္ယူတို႔ ကစားမယ့္ မန္ခ်က္စတာဒါဘီပဲြ ပါ၀င္ေနတယ္။ ခ်ယ္လ္ဆီး၊ လီဗာပူးလ္တို႔နဲ႔ (၂)မွတ္အကြာ အမွတ္ေပးဇယား ထိပ္ဆုံးမွာ ဦးေဆာင္ေနတဲ့ မန္စီးတီးအသင္းဟာ အခုဒါဘီပဲြမွာ အႏုိင္ရဖုိ႔ အေလးသာေနေပမယ့္ ေနာက္ဆုံး(၄)ပဲြမွာ (၃)ပဲြႏုိင္ထားတဲ့ မန္ယူကုိလည္း ေလွ်ာ႔တြက္လုိ႔ မရဘူး။

Manchester-Derby

Manchester-Derby

မန္ခ်က္စတာဒါဘီဆုိတာလည္း မထင္မွတ္တဲ့ အေျပာင္းအလဲေတြကုိ အၿမဲတမ္း ျမင္ေတြ႕ေနရတာျဖစ္လုိ႔ အခုပဲြမွာေရာ ဘာေတြ ျဖစ္လာဦးမလဲ။ ဒါေၾကာင့္ မန္ခ်က္စတာဒါဘီပဲြမတိုင္ခင္ ဒီႏွစ္သင္းရဲ႕ နည္းဗ်ဴဟာနဲ႔ပတ္သက္ၿပီး ခ်ဥ္းကပ္ၾကည့္ခ်င္ပါတယ္ . . .

Guardiola vs Mourinho

ဒီပဲြမွာ ဦးစားေပးေျပာရမွာ ဂြါဒီယုိလာ Guardiola နဲ႔ ေမာ္ရင္ဟုိ Mourinho တို႔ရဲ႕ ၿပိဳင္ဆုိင္မႈ ျပင္းထန္တဲ့ သမုိင္းေၾကာင္းပဲျဖစ္ပါတယ္။ အင္တာမီလန္နည္းျပဘ၀မွာ ဘာစီလုိနာကုိ ေက်ာ္ျဖတ္ခဲ့တုန္းက ႏူးကမ့္ကြင္းကြင္းကုိ ပတ္ေျပးၿပီး ေအာင္ပဲြခံခဲ့တဲ့ ေမာ္ရင္ဟုိနဲ႔ ဂြါဒီယုိလာတို႔ရဲ႕ Personal War က စပိန္ေျမမွာ ပုိျပင္းထန္လာခဲ့တယ္။ တစ္ဦးက ရီးယဲလ္နည္းျပ၊ တစ္ဦးက ဘာစီလုိနာနည္းျပဆုိေတာ့ ႏွစ္ဖက္နည္းျပသာမက သူတို႔ ကုိင္တြယ္တဲ့ႏွစ္သင္းၾကားမွာပါ Clash ေတြက ျပင္းထန္ခဲ့တယ္။ အခု အဂၤလန္ေျမမွာလည္း သမုိင္းေၾကာငး္အရ ၿပိဳင္ဆုိင္မႈျပင္းထန္တဲ့ မန္ခ်က္စတာ ႏွစ္သင္းရဲ႕ နည္းျပေတြျဖစ္ေနတယ္။

Mourinho-vs-Guardiola

Mourinho-vs-Guardiola

အဂၤလန္ေျမမွာ ဂြါဒီယုိလာနဲ႔ ေမာ္ရင္ဟုိတို႔ဟာ ၿပိဳင္ပဲြစုံ စုစုေပါင္း(၅)ႀကိမ္ ေတြ႕ခဲ့ၿပီးပါၿပီ။ ပထမဆုံးဆုံေတြ႕ခဲ့တဲ့ ၂၀၁၆-၁၇ ရာသီ အုိးလ္ထရက္ဖုိ႔ဒ္ေျမက ဒါဘီပဲြမွာ ဂြါဒီယုိလာရဲ႕ မန္စီးတီးက (၂-၁)ဂုိးနဲ႔ အႏုိင္ရခဲ့တယ္။ လိဂ္ဖလားပဲြမွာ မန္ယူက ႐ႈံးေၾကြးျပန္ဆပ္ခဲ့ၿပီး ပရီးမီးယားလိဂ္ ဒုတိယအေက်ာ႔ အီတီဟတ္ကြင္းမွာေတာ့ ဂုိးမရွိသေရနဲ႔ ၿပီးဆုံးခဲ့တယ္။ ၿပီးခဲ့တဲ့ရာသီတုန္းက ဂြါဒီယုိလာဟာ အုိးလ္ထရက္ဖုိ႔ဒ္မွာပဲ မန္ယူကုိ (၂-၁)ဂုိးနဲ႔ အႏုိင္ရခဲ့သလုိ အီတီဟတ္ေရာက္ေတာ့ မန္ယူအသင္းက (၂)ဂုိးအ႐ႈံးကေန (၃)ဂုိးျပန္သြင္းၿပီး အႏုိင္ျပန္ရခဲ့တာကုိ ပရိသတ္ေတြ အသိပါပဲ။ စုစုေပါင္း ဆုံေတြ႕မႈမွာ ဂြါဒီယုိလာက (၇)ႀကိမ္ ႏုိင္၊ ေမာ္ရင္ဟုိက (၃)ႀကိမ္ ႏုိင္ၿပီး (၆)ပဲြသေရက်ခဲ့တယ္။

မန္ယူအသင္း ပုံစံေကာင္းျပန္ရလာၿပီလား
ၿပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းက ကစားခဲ့တဲ့ နယူးကာဆယ္နဲ႔ပဲြမတိုင္ခင္ မန္ယူအသင္းရဲ႕ ေျခစြမ္း၊ စိတ္ဓာတ္ပုိင္းက အဆုိးရြားဆုံးအေနအထားမွာ ရွိခဲ့ၿပီး ေမာ္ရင္ဟုိလည္း သူ႔ရာထူးကုိ လက္လႊတ္ရလုနီးပါးျဖစ္ခဲ့ရတယ္။ အုိးလ္ထရက္ဖုိ႔ဒ္မွာ နယူးကာဆယ္ကုိ (၂)ဂုိး အ႐ႈံးကေန (၃)ဂုိးျပန္သြင္း အႏုိင္ရခဲ့ၿပီးေနာက္ပုိင္းမွာေတာ့ မန္ယူအသင္းမွာ ေပ်ာက္ဆုံးေနတာ ၾကာၿပီျဖစ္တဲ့ သူရဲနီစိတ္ဓာတ္နဲ႔ Fighting Spirit ျပန္ရခဲ့တယ္လုိ႔ ဆုိရမယ္။ အဲဒီေနာက္ပုိင္းပဲြေတြမွာ ခ်ယ္လ္ဆီးကုိ အႏုိင္ရလုနီးပါးျဖစ္ၿပီးမွ သေရက်၊ အဲဗာတန္ကုိ အႏုိင္၊ ဘုန္းေမာက္ကုိ အရႈံးကေန အႏုိင္၊ ဂ်ဴဗင္တပ္စ္ကုိ အ႐ံႈးကေန အႏုိင္ ဆုိတဲ့ ရလဒ္ေတြ ထြက္ေပၚခဲ့တယ္။ မန္ယူအသင္းရဲ႕ ၿငီးေငြ႔စရာေကာင္းတဲ့ တိုက္စစ္ကစားပုံမွာ အေျပာင္းအလဲျဖစ္ခဲ့တာက လူကာကူ Lukaku ဒဏ္ရာရခဲ့တာလုိ႔ပဲ ေျပာရမွာပါ။

Rashford

Rashford

ပဲြဆက္ေတြမ်ား၊ ဖိအားေတြ မ်ားေနၿပီး Impact မျဖစ္တဲ့ လူကာကူကုိ ေမာ္ရင္ဟုိကလည္း Line Up Out ဖုိ႔ ၀န္ေလးေန။ ဂုိးမရတာ ပဲြစိတ္လာေတာ့ လူကာကူကုိယ္တိုင္ကလည္း Confidence Out လာ။ အဲဒါနဲ႔ တိုင္ပတ္ေနတဲ့ မန္ယူတိုက္စစ္က လူကာကူ ဒဏ္ရာရေတာ့မွပဲ အေျပာင္းအလဲျဖစ္သြားတယ္။ လူကာကူ မပါတဲ့ တိုက္စစ္မွာ ရပ္ရွ္ဖုိ႔ဒ္ Rashford ၊ ဆန္းခ်က္ဇ္ Alexis Sanchez ၊ မာစီယဲလ္ Anthony Martial တို႔ရဲ႕ အတဲြအဖက္ေတြက ပုိၿပီး ရင္ခုန္စရာေကာင္းခဲ့တယ္။ သူတို႔ (၃)ေယာက္ရဲ႕ Off The Ball Movement ၊ တဲြလုံးေတြ၊ Individual Skill ေတြက အရင္တုန္းက မန္ယူကစားပုံကုိ ျပန္အမွတ္ရေစသလုိျဖစ္ခဲ့ၿပီး (၃)ေယာက္စလုံး တိုက္စစ္မွာ ေနရာစုံကစားႏုိင္လုိ႔လည္း မန္ယူတိုက္စစ္ဆင္ပုံက အရင္ကထက္ အႏၱရာယ္မ်ားလာတယ္။

Ander-Herrera

Ander-Herrera

ဒါေပမဲ့ ျပႆနာတစ္ခုက ဒီ(၃)ေယာက္စလုံးဟာ Finishing Skill အားနည္းတာပါပဲ။ မန္ယူအသင္းရဲ႕ ေျခစြမ္းအေျပာင္းအလဲမွာ အေရးပါတာက ကြင္းလယ္လူ ဟာရဲရား Ander Herrera ပါ။ သူ႔ရဲ႕ Energy နဲ႔ Aggressiveness ေတြက မန္ယူ ကြင္းလယ္မွာ တကယ္လုိအပ္ေနတာျဖစ္ၿပီး ဟာရဲရားေၾကာင့္ ကြင္းလယ္လုိလုိ၊ ခံစစ္လုိလုိ ျဖစ္ေနတဲ့ မာတစ္ Matic အတြက္လည္း ၀န္ေပ့ါသြားတယ္။ ဟာရဲရားက ညာျခမ္းကေန Box To Box ကစား၊ မာတစ္က Deep Lying ပုံစံနဲ႔ ခံစစ္ကုိ Cover လုပ္ႏုိင္လုိ႔လည္း မန္ယူကြင္းလယ္နဲ႔ ခံစစ္ၾကားမွာ Gap ျဖစ္ေနတာေတြ ေလ်ာ႔က်သြားတယ္လုိ႔ ဆုိရမယ္။ အဲဒီမွာ ေပ့ါဘာကလည္း သူအားသာတဲ့ ကြင္းလယ္ဘယ္ျခမ္းကေန တိုက္စစ္ကုိ ပုိၿပီး လုိက္ကစားလုိ႔ ရသြားတယ္။ ဒါေၾကာင့္ အခုေနာက္ပုိင္း မန္ယူအသင္းရဲ႕ အသက္က ျပင္သစ္သားေတြျဖစ္တဲ့ မာစီယဲလ္နဲ႔ ေပါ့ဘာတို႔ရဲ႕ ဘယ္ျခမ္းျဖစ္ေနတာပါ။

Pogba-and-Martial

Pogba-and-Martial

ေမာ္ရင္ဟုိအေနနဲ႔ မန္စီးတီးနဲ႔ပဲြမွာ (၄-၃-၃)ပုံစံအစား ကြင္းလယ္အသာရဖုိ႔ (၄-၁-၄-၁)နဲ႔ ပဲြထြက္လာဖုိ႔ မ်ားတယ္။ အေျပာင္းအလဲျဖစ္လာႏုိင္တာက မာစီယဲလ္ကုိ တိုက္စစ္ဘယ္ျခမ္းအစား ကြင္းလယ္ ဘယ္ေတာင္ပံမွာ ေျပာင္းလဲအသုံးျပဳသြားဖုိ႔ရွိေနၿပီး မန္စီးတီးညာေနာက္ခံလူ ေ၀ါလ္ကာ Kyle Walker ကုိ Control လုပ္ႏုိင္ဖုိ႔ အဓိကျဖစ္လာႏုိင္တယ္။ ဒီပုံစံဆုိရင္ မန္ယူရဲ႕ ခံစစ္က Solid ျဖစ္သြားႏုိင္ေပမယ့္ Counter ျပန္စရင္ေတာ့ အခက္အခဲရွိလာမယ့္ သေဘာပါပဲ။

Manchester-United-Line-up

Manchester-United-Line-up

မန္ယူမွာ အားအနညး္ဆုံးက စေမာလင္း Smalling – လင္ဒီေလာ့ဖ္ Victor Lindelöf တို႔အတဲြ ျဖစ္လာႏုိင္ၿပီး အခုေနာက္ပုိင္း စေမာလင္း အမွားမ်ားလာတာက နည္းနည္း စုိးရိမ္စရာျဖစ္ေနတယ္။ Tactic Master ႀကီ ေမာ္ရင္ဟုိ ဘယ္လုိနည္းဗ်ဴဟာေတြ အသုံးျပဳမွာလဲဆုိတာ စိတ္၀င္စားစရာပါပဲ။ ဒါကေတာ့ မန္ယူအသင္းရဲ႕ နည္းဗ်ဴဟာပုိင္းကုိ ခ်ဥ္းကပ္ၾကည့္တာျဖစ္ၿပီး မန္စီးတီးရဲ႕ နည္းဗ်ဴဟာေတြကုိ အပုိင္း(၂)အျဖစ္ ဆက္လက္ သုံးသပ္သြားမွာျဖစ္လုိ႔ ေစာင့္ေမွ်ာ္ အားေပးၾကပါဦး . . .

REF: totalfootballanalysis
Photo:YouTube,Sumberbola,Stadium Astro,The Busby Babe,FansBet,The Independent,Fox Sports
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မန်ချက်စတာဒါဘီပွဲ မတိုင်ခင် နည်းဗျူဟာပိုင်း ချဉ်းကပ်ကြည့်ခြင်း အပိုင်း(၁)

ဒီတစ်ပတ် Super Sunday မှာတော့ တစ်ကမ္ဘာလုံးက ပရိသတ်တွေ အကြိုက်ဖြစ်တဲ့ ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီးနဲ့ မန်ယူတို့ ကစားမယ့် မန်ချက်စတာဒါဘီပွဲ ပါဝင်နေတယ်။ ချယ်လ်ဆီး၊ လီဗာပူးလ်တို့နဲ့ (၂)မှတ်အကွာ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ မန်စီးတီးအသင်းဟာ အခုဒါဘီပွဲမှာ အနိုင်ရဖို့ အလေးသာနေပေမယ့် နောက်ဆုံး(၄)ပွဲမှာ (၃)ပွဲနိုင်ထားတဲ့ မန်ယူကိုလည်း လျှော့တွက်လို့ မရဘူး။

Manchester-Derby

Manchester-Derby

မန်ချက်စတာဒါဘီဆိုတာလည်း မထင်မှတ်တဲ့ အပြောင်းအလဲတွေကို အမြဲတမ်း မြင်တွေ့နေရတာဖြစ်လို့ အခုပွဲမှာရော ဘာတွေ ဖြစ်လာဦးမလဲ။ ဒါကြောင့် မန်ချက်စတာဒါဘီပွဲမတိုင်ခင် ဒီနှစ်သင်းရဲ့ နည်းဗျူဟာနဲ့ပတ်သက်ပြီး ချဉ်းကပ်ကြည့်ချင်ပါတယ် . . .

Guardiola vs Mourinho

ဒီပွဲမှာ ဦးစားပေးပြောရမှာ ဂွါဒီယိုလာ Guardiola နဲ့ မော်ရင်ဟို Mourinho တို့ရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ သမိုင်းကြောင်းပဲဖြစ်ပါတယ်။ အင်တာမီလန်နည်းပြဘဝမှာ ဘာစီလိုနာကို ကျော်ဖြတ်ခဲ့တုန်းက နူးကမ့်ကွင်းကွင်းကို ပတ်ပြေးပြီး အောင်ပွဲခံခဲ့တဲ့ မော်ရင်ဟိုနဲ့ ဂွါဒီယိုလာတို့ရဲ့ Personal War က စပိန်မြေမှာ ပိုပြင်းထန်လာခဲ့တယ်။ တစ်ဦးက ရီးယဲလ်နည်းပြ၊ တစ်ဦးက ဘာစီလိုနာနည်းပြဆိုတော့ နှစ်ဖက်နည်းပြသာမက သူတို့ ကိုင်တွယ်တဲ့နှစ်သင်းကြားမှာပါ Clash တွေက ပြင်းထန်ခဲ့တယ်။ အခု အင်္ဂလန်မြေမှာလည်း သမိုင်းကြောင်းအရ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မန်ချက်စတာ နှစ်သင်းရဲ့ နည်းပြတွေဖြစ်နေတယ်။

Mourinho-vs-Guardiola

Mourinho-vs-Guardiola

အင်္ဂလန်မြေမှာ ဂွါဒီယိုလာနဲ့ မော်ရင်ဟိုတို့ဟာ ပြိုင်ပွဲစုံ စုစုပေါင်း(၅)ကြိမ် တွေ့ခဲ့ပြီးပါပြီ။ ပထမဆုံးဆုံတွေ့ခဲ့တဲ့ ၂၀၁၆-၁၇ ရာသီ အိုးလ်ထရက်ဖို့ဒ်မြေက ဒါဘီပွဲမှာ ဂွါဒီယိုလာရဲ့ မန်စီးတီးက (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တယ်။ လိဂ်ဖလားပွဲမှာ မန်ယူက ရှုံးကြွေးပြန်ဆပ်ခဲ့ပြီး ပရီးမီးယားလိဂ် ဒုတိယအကျော့ အီတီဟတ်ကွင်းမှာတော့ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့တယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ဂွါဒီယိုလာဟာ အိုးလ်ထရက်ဖို့ဒ်မှာပဲ မန်ယူကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့သလို အီတီဟတ်ရောက်တော့ မန်ယူအသင်းက (၂)ဂိုးအရှုံးကနေ (၃)ဂိုးပြန်သွင်းပြီး အနိုင်ပြန်ရခဲ့တာကို ပရိသတ်တွေ အသိပါပဲ။ စုစုပေါင်း ဆုံတွေ့မှုမှာ ဂွါဒီယိုလာက (၇)ကြိမ် နိုင်၊ မော်ရင်ဟိုက (၃)ကြိမ် နိုင်ပြီး (၆)ပွဲသရေကျခဲ့တယ်။

မန်ယူအသင်း ပုံစံကောင်းပြန်ရလာပြီလား
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမတိုင်ခင် မန်ယူအသင်းရဲ့ ခြေစွမ်း၊ စိတ်ဓာတ်ပိုင်းက အဆိုးရွားဆုံးအနေအထားမှာ ရှိခဲ့ပြီး မော်ရင်ဟိုလည်း သူ့ရာထူးကို လက်လွှတ်ရလုနီးပါးဖြစ်ခဲ့ရတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ နယူးကာဆယ်ကို (၂)ဂိုး အရှုံးကနေ (၃)ဂိုးပြန်သွင်း အနိုင်ရခဲ့ပြီးနောက်ပိုင်းမှာတော့ မန်ယူအသင်းမှာ ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ သူရဲနီစိတ်ဓာတ်နဲ့ Fighting Spirit ပြန်ရခဲ့တယ်လို့ ဆိုရမယ်။ အဲဒီနောက်ပိုင်းပွဲတွေမှာ ချယ်လ်ဆီးကို အနိုင်ရလုနီးပါးဖြစ်ပြီးမှ သရေကျ၊ အဲဗာတန်ကို အနိုင်၊ ဘုန်းမောက်ကို အရှုံးကနေ အနိုင်၊ ဂျူဗင်တပ်စ်ကို အရှုံးကနေ အနိုင် ဆိုတဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့တယ်။ မန်ယူအသင်းရဲ့ ငြီးငွေ့စရာကောင်းတဲ့ တိုက်စစ်ကစားပုံမှာ အပြောင်းအလဲဖြစ်ခဲ့တာက လူကာကူ Lukaku ဒဏ်ရာရခဲ့တာလို့ပဲ ပြောရမှာပါ။

Rashford

Rashford

ပွဲဆက်တွေများ၊ ဖိအားတွေ များနေပြီး Impact မဖြစ်တဲ့ လူကာကူကို မော်ရင်ဟိုကလည်း Line Up Out ဖို့ ဝန်လေးနေ။ ဂိုးမရတာ ပွဲစိတ်လာတော့ လူကာကူကိုယ်တိုင်ကလည်း Confidence Out လာ။ အဲဒါနဲ့ တိုင်ပတ်နေတဲ့ မန်ယူတိုက်စစ်က လူကာကူ ဒဏ်ရာရတော့မှပဲ အပြောင်းအလဲဖြစ်သွားတယ်။ လူကာကူ မပါတဲ့ တိုက်စစ်မှာ ရပ်ရှ်ဖို့ဒ် Rashford ၊ ဆန်းချက်ဇ် Alexis Sanchez ၊ မာစီယဲလ် Anthony Martial တို့ရဲ့ အတွဲအဖက်တွေက ပိုပြီး ရင်ခုန်စရာကောင်းခဲ့တယ်။ သူတို့ (၃)ယောက်ရဲ့ Off The Ball Movement ၊ တွဲလုံးတွေ၊ Individual Skill တွေက အရင်တုန်းက မန်ယူကစားပုံကို ပြန်အမှတ်ရစေသလိုဖြစ်ခဲ့ပြီး (၃)ယောက်စလုံး တိုက်စစ်မှာ နေရာစုံကစားနိုင်လို့လည်း မန်ယူတိုက်စစ်ဆင်ပုံက အရင်ကထက် အန္တရာယ်များလာတယ်။

Ander-Herrera

Ander-Herrera

ဒါပေမဲ့ ပြဿနာတစ်ခုက ဒီ(၃)ယောက်စလုံးဟာ Finishing Skill အားနည်းတာပါပဲ။ မန်ယူအသင်းရဲ့ ခြေစွမ်းအပြောင်းအလဲမှာ အရေးပါတာက ကွင်းလယ်လူ ဟာရဲရား Ander Herrera ပါ။ သူ့ရဲ့ Energy နဲ့ Aggressiveness တွေက မန်ယူ ကွင်းလယ်မှာ တကယ်လိုအပ်နေတာဖြစ်ပြီး ဟာရဲရားကြောင့် ကွင်းလယ်လိုလို၊ ခံစစ်လိုလို ဖြစ်နေတဲ့ မာတစ် Matic အတွက်လည်း ဝန်ပေ့ါသွားတယ်။ ဟာရဲရားက ညာခြမ်းကနေ Box To Box ကစား၊ မာတစ်က Deep Lying ပုံစံနဲ့ ခံစစ်ကို Cover လုပ်နိုင်လို့လည်း မန်ယူကွင်းလယ်နဲ့ ခံစစ်ကြားမှာ Gap ဖြစ်နေတာတွေ လျော့ကျသွားတယ်လို့ ဆိုရမယ်။ အဲဒီမှာ ပေ့ါဘာကလည်း သူအားသာတဲ့ ကွင်းလယ်ဘယ်ခြမ်းကနေ တိုက်စစ်ကို ပိုပြီး လိုက်ကစားလို့ ရသွားတယ်။ ဒါကြောင့် အခုနောက်ပိုင်း မန်ယူအသင်းရဲ့ အသက်က ပြင်သစ်သားတွေဖြစ်တဲ့ မာစီယဲလ်နဲ့ ပေါ့ဘာတို့ရဲ့ ဘယ်ခြမ်းဖြစ်နေတာပါ။

Pogba-and-Martial

Pogba-and-Martial

မော်ရင်ဟိုအနေနဲ့ မန်စီးတီးနဲ့ပွဲမှာ (၄-၃-၃)ပုံစံအစား ကွင်းလယ်အသာရဖို့ (၄-၁-၄-၁)နဲ့ ပွဲထွက်လာဖို့ များတယ်။ အပြောင်းအလဲဖြစ်လာနိုင်တာက မာစီယဲလ်ကို တိုက်စစ်ဘယ်ခြမ်းအစား ကွင်းလယ် ဘယ်တောင်ပံမှာ ပြောင်းလဲအသုံးပြုသွားဖို့ရှိနေပြီး မန်စီးတီးညာနောက်ခံလူ ဝေါလ်ကာ Kyle Walker ကို Control လုပ်နိုင်ဖို့ အဓိကဖြစ်လာနိုင်တယ်။ ဒီပုံစံဆိုရင် မန်ယူရဲ့ ခံစစ်က Solid ဖြစ်သွားနိုင်ပေမယ့် Counter ပြန်စရင်တော့ အခက်အခဲရှိလာမယ့် သဘောပါပဲ။

Manchester-United-Line-up

Manchester-United-Line-up

မန်ယူမှာ အားအနည်းဆုံးက စမောလင်း Smalling – လင်ဒီလော့ဖ် Victor Lindelöf တို့အတွဲ ဖြစ်လာနိုင်ပြီး အခုနောက်ပိုင်း စမောလင်း အမှားများလာတာက နည်းနည်း စိုးရိမ်စရာဖြစ်နေတယ်။ Tactic Master ကြီ မော်ရင်ဟို ဘယ်လိုနည်းဗျူဟာတွေ အသုံးပြုမှာလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဒါကတော့ မန်ယူအသင်းရဲ့ နည်းဗျူဟာပိုင်းကို ချဉ်းကပ်ကြည့်တာဖြစ်ပြီး မန်စီးတီးရဲ့ နည်းဗျူဟာတွေကို အပိုင်း(၂)အဖြစ် ဆက်လက် သုံးသပ်သွားမှာဖြစ်လို့ စောင့်မျှော် အားပေးကြပါဦး . . .

REF: totalfootballanalysis
Photo:YouTube,Sumberbola,Stadium Astro,The Busby Babe,FansBet,The Independent,Fox Sports
Naing Linn(Akhayar)
www.akhayar.com