[Zawgyi]

ပဲြဦးထြက္မွာ (၁)စကၠန္႔ပဲကစားခဲ့ရလုိ႔ အျမန္ဆုံးစံခ်ိန္တင္ခဲ့တဲ့ မန္စီးတီးလူငယ္ကစားသမား Gomes

မန္စီးတီးလူငယ္ကစားသမား ကေလာ္ဒီယုိဂုိးမက္စ္ Claudio Gomes ကေတာ့ စီနီယာအသင္းနဲ႔ ပဲြဦးထြက္မွာပဲ ေဘာလုံးသမုိင္းတစ္ေလွ်ာက္ ဘယ္သူမရ မရဖူးေသးတဲ့ စံခ်ိန္ကုိ ရယူႏုိင္ခဲ့ပါၿပီ။ ဒါေပမဲ့ သူ႔ရဲ႕ စံခ်ိန္က ရယ္စရာေတာ့ေကာင္းပါတယ္။ ပထမဆုံးပဲြဦးထြက္(Debut)မွာ (၁)စကၠန္႔ပဲ ကစားခဲ့ရလုိ႔ပါပဲ။ အသက္(၁၈)ႏွစ္သာရွိေသးတဲ့ ကြင္းလယ္လူ ဂုိးမက္စ္ဟာ ခ်ယ္လ္ဆီးနဲ႔ကစားခဲ့တဲ့ ကြန္ျမဴနတီဒုိင္းပဲြတုန္းက ပဲြခ်ိန္(၉၅)မိနစ္မွာ ေနာက္ခံလူ ဂၽြန္စတုန္းစ္ John Stones ေနရာ လူစား၀င္ကစားခြင့္ရခဲ့တယ္။

Claudio-Gomes-last-mere-seconds-before-the-final-whistle-sounded

Claudio-Gomes-last-mere-seconds-before-the-final-whistle-sounded

ေဘာလုံးေတာင္ ထိဖုိ႔ေနေနသာသာ၊ ကြင္းထဲကုိ ေျခလွမ္းခ်႐ုံရွိေသး ဒုိင္လူႀကီးက ပဲြၿပီးခရာမႈတ္ခဲ့တာေၾကာင့္ ဂုိးမက္စ္တစ္ေယာက္ ရီရမလုိ၊ ငိုရမလုိ။

Claudio-Gomes-is-being-said-to-have-enjoyed-the-shortest-debut-ever

Claudio-Gomes-is-being-said-to-have-enjoyed-the-shortest-debut-ever

ဂုိးမက္စ္ဟာ နည္းျပဂြါဒီယုိလာ Guardiola လက္ထက္ စီနီယာအသင္းအတြက္ ပထမဆုံးကစားခြင့္ရခဲ့တဲ့ (၆)ဦးေျမာက္ျဖစ္ခဲ့တဲ့အျပင္ ေဘာလုံးသမုိင္းတစ္ေလွ်ာက္ ပဲြဦးထြက္မွာ (၁)စကၠန္႔ပဲကစားခြင့္ရသူအျဖစ္ပါ စံခ်ိန္တင္ခဲ့တယ္။ လူမႈကြန္ရက္ေတြမွာေတာ့ ဂုိးမက္စ္ကုိ စေနာက္ေနၾကၿပီး Dave Calaz လုိ႔ အမည္ရတဲ့ Twitter Account ပုိင္ရွင္က “ကေလာ္ဒီယုိဂုိးမက္စ္ေနာ္၊ (၁)စကၠန္႔ပဲကစားတယ္၊ ဖလား(၁)လုံးရတယ္။ တကယ့္ Legend ပဲ”လုိ႔ ေနာက္ေျပာင္ခဲ့ပါတယ္။ ပရိသတ္ႀကီးေရာ . .ဂုိးမက္စ္ရဲ႕ ေနရာမွာဆုိရင္ ဘယ္လုိ ခံစားရမလဲ . . .

REF:The Sun
Photo:Getty Images,Reuters
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပွဲဦးထွက်မှာ (၁)စက္ကန့်ပဲကစားခဲ့ရလို့ အမြန်ဆုံးစံချိန်တင်ခဲ့တဲ့ မန်စီးတီးလူငယ်ကစားသမား Gomes

မန်စီးတီးလူငယ်ကစားသမား ကလော်ဒီယိုဂိုးမက်စ် Claudio Gomes ကတော့ စီနီယာအသင်းနဲ့ ပွဲဦးထွက်မှာပဲ ဘောလုံးသမိုင်းတစ်လျှောက် ဘယ်သူမရ မရဖူးသေးတဲ့ စံချိန်ကို ရယူနိုင်ခဲ့ပါပြီ။ ဒါပေမဲ့ သူ့ရဲ့ စံချိန်က ရယ်စရာတော့ကောင်းပါတယ်။ ပထမဆုံးပွဲဦးထွက်(Debut)မှာ (၁)စက္ကန့်ပဲ ကစားခဲ့ရလို့ပါပဲ။ အသက်(၁၈)နှစ်သာရှိသေးတဲ့ ကွင်းလယ်လူ ဂိုးမက်စ်ဟာ ချယ်လ်ဆီးနဲ့ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲတုန်းက ပွဲချိန်(၉၅)မိနစ်မှာ နောက်ခံလူ ဂျွန်စတုန်းစ် John Stones နေရာ လူစားဝင်ကစားခွင့်ရခဲ့တယ်။

Claudio-Gomes-last-mere-seconds-before-the-final-whistle-sounded

Claudio-Gomes-last-mere-seconds-before-the-final-whistle-sounded

ဘောလုံးတောင် ထိဖို့နေနေသာသာ၊ ကွင်းထဲကို ခြေလှမ်းချရုံရှိသေး ဒိုင်လူကြီးက ပွဲပြီးခရာမှုတ်ခဲ့တာကြောင့် ဂိုးမက်စ်တစ်ယောက် ရီရမလို၊ ငိုရမလို။

Claudio-Gomes-is-being-said-to-have-enjoyed-the-shortest-debut-ever

Claudio-Gomes-is-being-said-to-have-enjoyed-the-shortest-debut-ever

ဂိုးမက်စ်ဟာ နည်းပြဂွါဒီယိုလာ Guardiola လက်ထက် စီနီယာအသင်းအတွက် ပထမဆုံးကစားခွင့်ရခဲ့တဲ့ (၆)ဦးမြောက်ဖြစ်ခဲ့တဲ့အပြင် ဘောလုံးသမိုင်းတစ်လျှောက် ပွဲဦးထွက်မှာ (၁)စက္ကန့်ပဲကစားခွင့်ရသူအဖြစ်ပါ စံချိန်တင်ခဲ့တယ်။ လူမှုကွန်ရက်တွေမှာတော့ ဂိုးမက်စ်ကို စနောက်နေကြပြီး Dave Calaz လို့ အမည်ရတဲ့ Twitter Account ပိုင်ရှင်က “ကလော်ဒီယိုဂိုးမက်စ်နော်၊ (၁)စက္ကန့်ပဲကစားတယ်၊ ဖလား(၁)လုံးရတယ်။ တကယ့် Legend ပဲ”လို့ နောက်ပြောင်ခဲ့ပါတယ်။ ပရိသတ်ကြီးရော . .ဂိုးမက်စ်ရဲ့ နေရာမှာဆိုရင် ဘယ်လို ခံစားရမလဲ . . .

REF:The Sun
Photo:Getty Images,Reuters
Naing Linn(Akhayar)
www.akhayar.com