[Zawgyi]

ခ်ယ္လ္ဆီးကုိ အႏုိင္ယူၿပီး ရာသီသစ္အတြက္ အဆင္သင့္ျဖစ္ေနၿပီဆုိတာ ျပသခဲ့တဲ့ မန္စီးတီး

၂၀၁၈-၁၉ ရာသီအတြက္ ကန္႔လန္႔ကာအဖြင့္ပဲြျဖစ္တဲ့ ကြန္ျမဴနတီဒုိင္းပဲြမွာေတာ့ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးအသင္းက FA ဖလား ခ်န္ပီယံ ခ်ယ္လ္ဆီးအသင္းကုိ အမွားအယြင္းမရွိ အႏုိင္ယူၿပီး ရာသီအဖြင့္ကုိ ဆုဖလားနဲ႔ စတင္ခဲ့တယ္။ မန္စီးတီးအသင္းရဲ႕ ေျခစြမ္းက အားရစရာေကာင္းၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံဘဲြ႕ကုိ ကာကြယ္ဖုိ႔ အသင့္ျဖစ္ေနၿပီဆုိတာ ျပသခဲ့သလုိပါပဲ။ ကစားသမားသစ္ မာရက္ဇ္ Mahrez က အသင္းနဲ႔ အံ၀င္ေအာင္ ကစားႏုိင္ခဲ့လုိ႔ နည္းျပဂြါဒီယုိလာ Guardiola လူ၀ယ္မွန္ခဲ့တယ္လုိ႔ ဆုိရမယ္။ ခ်ယ္လ္ဆီးအသင္းကေတာ့ နည္းျပသစ္ ဆာရီ Sarri လက္ထက္မွာလည္း အရင္ ကြန္တီ Conte တုန္းကလုိ ပုံစံနဲ႔ သိပ္ ကြာျခားမႈ မရွိသလုိပဲ။ တိုက္စစ္မွာ မႏွစ္ကတည္းက ႐ုန္းကန္ေနရတဲ့ မုိရာတာ Morata အခုအခ်ိန္အထိ အဲဒီေျခစြမ္းကုိ ဆက္ထိန္းထားတာေၾကာင့္ အဲဒီျပႆနာကုိ ဘယ္လုိေျဖရွင္းမလဲဆုိတာ ဆာရီ အေျဖထုတ္ရေတာ့မွာပါ။

Fabregas-against-Foden

Fabregas-against-Foden

ေနာက္တစ္ခ်က္က ဟာဇက္ Hazard မပါရင္ ခ်ယ္လ္ဆီး တိုက္စစ္လမ္းေၾကာင္းေတြ အသက္မဲ့သြားေလ့ရွိတာကလည္း ျပႆနာတစ္ခုပါပဲ။ တကယ္လုိ႔ ဟာဇက္သာ ရီးယဲလ္ကုိ ေျပာင္းျဖစ္ခဲ့မယ္ဆုိရင္ ခ်ယ္လ္ဆီး ေတာ္ေတာ္ေလး အခက္ေတြ႕ႏုိင္တယ္။ အေျပာင္းအေရႊ႕ပိတ္ဖုိ႔ကလည္း ရက္နည္းနည္းသာ လုိေတာ့တဲ့အတြက္ ဆာရီအေနနဲ႔ ဒီပဲြအၿပီးမွာ လုိအပ္တဲ့ကစားသမား အေျပာင္းအလဲေတြ ျမန္ျမန္ဆန္ဆန္လုပ္ဖုိ႔ေတာ့ လုိေနပါၿပီ။ မန္စီးတီးအသင္းအတြက္ အဖြင့္ဂုိးကုိ ပထမပုိင္း(၁၃)မိနစ္မွာပဲ လူငယ္ကြင္းလယ္လူ Foden ရဲ႕ ဖန္တီးမႈကေန အဂြဲ႐ုိးက အပုိင္ကန္သြင္းခဲ့တယ္။

Aguero-Celebrate-with-Team-Mates

Aguero-Celebrate-with-Team-Mates

ဒါဟာ အဂြဲ႐ုိးအတြက္ မန္စီးတီးကစားသမား ဂုိး(၂၀၀)ျပည့္ျဖစ္ၿပီး ၂၀၁၈ ကမၻာ႔ဖလားတုန္းက ေျခစြမ္းမျပႏုိင္ခဲ့လုိ႔ ေ၀ဖန္ခံခဲ့ရမႈေတြကုိလည္း ျပန္ေခ်ဖ်က္ႏုိင္ခဲ့တယ္။ ခ်ယ္လ္ဆီးအသင္းမွာ ေယာ္ဂ်င္ဟုိ Jorginho တစ္ေယာက္က လဲြလုိ႔ က်န္တဲ့ကစားသမားေတြက အရင္လူေတြပဲျဖစ္ေပမယ့္ ဆာရီရဲ႕ နည္းစနစ္နဲ႔ အသားမက်ေသးတာလားေတာ့ မသိဘူး၊ ထိေရာက္တဲ့ ကစားပုံမ်ိဳး မေတြ႕ရဘူး။ ဒုတိယပုိင္းမွာ မာရက္ဇ္ ဘယ္ေတာင္ပံထြက္ ကစားခ်ိန္မွာ မန္စီးတီး တိုက္စစ္က ပုိထိေရာက္လာၿပီး အဂြဲ႐ုိး အပုိင္တစ္လုံး လဲြေခ်ာ္ခဲ့လုိ႔ ဟက္ထရစ္ရခြင့္နဲ႔ လဲြေခ်ာ္ခဲ့တာပါ။

Aguero-Score-Second-Goal

Aguero-Score-Second-Goal

(၅၈)မိနစ္မွာေတာ့ ဘာနာဒုိေဆးလ္ဗား Bernardo Silva ရဲ႕ တိက်တဲ့ ေပးပုိ႕မႈကေန အဂြဲ႐ုိးက ပိတ္သြင္းၿပီး မန္စီးတီးအသင္းအတြက္ အႏုိင္ေသခ်ာေစမယ့္ဂုိးကုိ သြင္းယူေပးခဲ့တယ္။ ဒီဂုိးဟာ ခ်ယ္လ္ဆီးအသင္း မန္စီးတီးဘက္ျခမ္းမွာ အေပးမွားတာကေန Counter ျပန္ေပါက္ၿပီး ေပးခဲ့ရတာျဖစ္ပါတယ္။ ေနာက္ပုိင္းမိနစ္ေတြမွာ မန္စီးတီးအသင္း အႏုိင္ကုိ ထိန္းဖုိ႔ႀကိဳးစားခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းက တိုက္စစ္ဆင္ေပမယ့္ ထိေရာက္မႈ မရွိလုိ႔ မန္စီးတီးအသင္းက (၂-၀)ဂုိးနဲ႔ အႏုိင္ရခဲ့တယ္။

Community-Shield-Champion-Man-City

Community-Shield-Champion-Man-City

မန္စီးတီး-ခ်ယ္လ္ဆီးပဲြနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္မ်ား
– မန္စီးတီးတိုက္စစ္မွဴး အဂြဲ႐ုိးဟာ ခ်ယ္လ္ဆီးအသင္းနဲ႔ဆုံေတြ႕တဲ့ပဲြစဥ္ေတြမွာ (၁၀)ဂုိးအထိ သြင္းယူခဲ့ၿပီး နယူးကာဆယ္ (၁၄)ဂုိးၿပီးရင္ သူ ဂုိးအမ်ားဆုံးသြင္းယူခဲ့တဲ့ အသင္းျဖစ္ခဲ့တယ္။
– ဒီပဲြမွာ မန္စီးတီးကစားသမားဘ၀ သြင္းဂုိး(၂၀၀)ျပည့္ခ့ဲတာေၾကာင့္ အဂြဲ႐ုိးက မန္စီးတီးအသင္း သမုိင္းတစ္ေလွ်ာက္ အသင္းအတြက္ ဂုိး(၂၀၀)ျပည့္သြင္းယူခဲ့တဲ့ ပထမဆုံးကစားသမားျဖစ္လာခဲ့တယ္
– ရာသီအစ ကြန္ျမဴနတီဒုိင္း ဆြတ္ခူးခဲ့သလုိ အဲဒီရာသီမွာပဲ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တာက ၂၀၁၀-၁၁ ရာသီတုန္းက ေနာက္ဆုံးအႀကိမ္ျဖစ္ၿပီး မန္ယူအသင္းျဖစ္ပါတယ္။
– ဒီပဲြမတိုင္ခင္ ကြန္ျမဴနတီဒုိင္း ေနာက္ဆုံး(၄)ပဲြမွာ FA ဖလား ခ်န္ပီယံအသင္းသာ အႏုိင္ရခဲ့ေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ အဲဒီမွတ္တမ္းက ရပ္တန္႔ခဲ့တယ္။

Photo:Manchester City Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချယ်လ်ဆီးကို အနိုင်ယူပြီး ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေပြီဆိုတာ ပြသခဲ့တဲ့ မန်စီးတီး

၂၀၁၈-၁၉ ရာသီအတွက် ကန့်လန့်ကာအဖွင့်ပွဲဖြစ်တဲ့ ကွန်မြူနတီဒိုင်းပွဲမှာတော့ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းက FA ဖလား ချန်ပီယံ ချယ်လ်ဆီးအသင်းကို အမှားအယွင်းမရှိ အနိုင်ယူပြီး ရာသီအဖွင့်ကို ဆုဖလားနဲ့ စတင်ခဲ့တယ်။ မန်စီးတီးအသင်းရဲ့ ခြေစွမ်းက အားရစရာကောင်းပြီး ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ အသင့်ဖြစ်နေပြီဆိုတာ ပြသခဲ့သလိုပါပဲ။ ကစားသမားသစ် မာရက်ဇ် Mahrez က အသင်းနဲ့ အံဝင်အောင် ကစားနိုင်ခဲ့လို့ နည်းပြဂွါဒီယိုလာ Guardiola လူဝယ်မှန်ခဲ့တယ်လို့ ဆိုရမယ်။ ချယ်လ်ဆီးအသင်းကတော့ နည်းပြသစ် ဆာရီ Sarri လက်ထက်မှာလည်း အရင် ကွန်တီ Conte တုန်းကလို ပုံစံနဲ့ သိပ် ကွာခြားမှု မရှိသလိုပဲ။ တိုက်စစ်မှာ မနှစ်ကတည်းက ရုန်းကန်နေရတဲ့ မိုရာတာ Morata အခုအချိန်အထိ အဲဒီခြေစွမ်းကို ဆက်ထိန်းထားတာကြောင့် အဲဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဆာရီ အဖြေထုတ်ရတော့မှာပါ။

Fabregas-against-Foden

Fabregas-against-Foden

နောက်တစ်ချက်က ဟာဇက် Hazard မပါရင် ချယ်လ်ဆီး တိုက်စစ်လမ်းကြောင်းတွေ အသက်မဲ့သွားလေ့ရှိတာကလည်း ပြဿနာတစ်ခုပါပဲ။ တကယ်လို့ ဟာဇက်သာ ရီးယဲလ်ကို ပြောင်းဖြစ်ခဲ့မယ်ဆိုရင် ချယ်လ်ဆီး တော်တော်လေး အခက်တွေ့နိုင်တယ်။ အပြောင်းအရွှေ့ပိတ်ဖို့ကလည်း ရက်နည်းနည်းသာ လိုတော့တဲ့အတွက် ဆာရီအနေနဲ့ ဒီပွဲအပြီးမှာ လိုအပ်တဲ့ကစားသမား အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန်လုပ်ဖို့တော့ လိုနေပါပြီ။ မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးကို ပထမပိုင်း(၁၃)မိနစ်မှာပဲ လူငယ်ကွင်းလယ်လူ Foden ရဲ့ ဖန်တီးမှုကနေ အဂွဲရိုးက အပိုင်ကန်သွင်းခဲ့တယ်။

Aguero-Celebrate-with-Team-Mates

Aguero-Celebrate-with-Team-Mates

ဒါဟာ အဂွဲရိုးအတွက် မန်စီးတီးကစားသမား ဂိုး(၂၀၀)ပြည့်ဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ခြေစွမ်းမပြနိုင်ခဲ့လို့ ဝေဖန်ခံခဲ့ရမှုတွေကိုလည်း ပြန်ချေဖျက်နိုင်ခဲ့တယ်။ ချယ်လ်ဆီးအသင်းမှာ ယော်ဂျင်ဟို Jorginho တစ်ယောက်က လွဲလို့ ကျန်တဲ့ကစားသမားတွေက အရင်လူတွေပဲဖြစ်ပေမယ့် ဆာရီရဲ့ နည်းစနစ်နဲ့ အသားမကျသေးတာလားတော့ မသိဘူး၊ ထိရောက်တဲ့ ကစားပုံမျိုး မတွေ့ရဘူး။ ဒုတိယပိုင်းမှာ မာရက်ဇ် ဘယ်တောင်ပံထွက် ကစားချိန်မှာ မန်စီးတီး တိုက်စစ်က ပိုထိရောက်လာပြီး အဂွဲရိုး အပိုင်တစ်လုံး လွဲချော်ခဲ့လို့ ဟက်ထရစ်ရခွင့်နဲ့ လွဲချော်ခဲ့တာပါ။

Aguero-Score-Second-Goal

Aguero-Score-Second-Goal

(၅၈)မိနစ်မှာတော့ ဘာနာဒိုဆေးလ်ဗား Bernardo Silva ရဲ့ တိကျတဲ့ ပေးပို့မှုကနေ အဂွဲရိုးက ပိတ်သွင်းပြီး မန်စီးတီးအသင်းအတွက် အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူပေးခဲ့တယ်။ ဒီဂိုးဟာ ချယ်လ်ဆီးအသင်း မန်စီးတီးဘက်ခြမ်းမှာ အပေးမှားတာကနေ Counter ပြန်ပေါက်ပြီး ပေးခဲ့ရတာဖြစ်ပါတယ်။ နောက်ပိုင်းမိနစ်တွေမှာ မန်စီးတီးအသင်း အနိုင်ကို ထိန်းဖို့ကြိုးစားခဲ့ပြီး ချယ်လ်ဆီးအသင်းက တိုက်စစ်ဆင်ပေမယ့် ထိရောက်မှု မရှိလို့ မန်စီးတီးအသင်းက (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တယ်။

Community-Shield-Champion-Man-City

Community-Shield-Champion-Man-City

မန်စီးတီး-ချယ်လ်ဆီးပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်များ
– မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးဟာ ချယ်လ်ဆီးအသင်းနဲ့ဆုံတွေ့တဲ့ပွဲစဉ်တွေမှာ (၁၀)ဂိုးအထိ သွင်းယူခဲ့ပြီး နယူးကာဆယ် (၁၄)ဂိုးပြီးရင် သူ ဂိုးအများဆုံးသွင်းယူခဲ့တဲ့ အသင်းဖြစ်ခဲ့တယ်။
– ဒီပွဲမှာ မန်စီးတီးကစားသမားဘ၀ သွင်းဂိုး(၂၀၀)ပြည့်ခဲ့တာကြောင့် အဂွဲရိုးက မန်စီးတီးအသင်း သမိုင်းတစ်လျှောက် အသင်းအတွက် ဂိုး(၂၀၀)ပြည့်သွင်းယူခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့တယ်
– ရာသီအစ ကွန်မြူနတီဒိုင်း ဆွတ်ခူးခဲ့သလို အဲဒီရာသီမှာပဲ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တာက ၂၀၁၀-၁၁ ရာသီတုန်းက နောက်ဆုံးအကြိမ်ဖြစ်ပြီး မန်ယူအသင်းဖြစ်ပါတယ်။
– ဒီပွဲမတိုင်ခင် ကွန်မြူနတီဒိုင်း နောက်ဆုံး(၄)ပွဲမှာ FA ဖလား ချန်ပီယံအသင်းသာ အနိုင်ရခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ အဲဒီမှတ်တမ်းက ရပ်တန့်ခဲ့တယ်။

Photo:Manchester City Twitter
Naing Linn(Akhayar)
www.akhayar.com