[Zawgyi]

မန္ခ်က္စတာဒါဘီပဲြ မတိုင္ခင္ နည္းဗ်ဴဟာပုိင္း ခ်ဥ္းကပ္ၾကည့္ျခင္း အပုိင္း(၂)

ဒီတစ္ပတ္ Super Sunday မွာေတာ့ တစ္ကမၻာလုံးက ပရိသတ္ေတြ အႀကိဳက္ျဖစ္တဲ့ ပရီးမီးယားလိဂ္ထိပ္သီး မန္စီးတီးနဲ႔ မန္ယူတို႔ ကစားမယ့္ မန္ခ်က္စတာဒါဘီပဲြ ပါ၀င္ေနတယ္။ ခ်ယ္လ္ဆီး၊ လီဗာပူးလ္တို႔နဲ႔ (၂)မွတ္အကြာ အမွတ္ေပးဇယား ထိပ္ဆုံးမွာ ဦးေဆာင္ေနတဲ့ မန္စီးတီးအသင္းဟာ အခုဒါဘီပဲြမွာ အႏုိင္ရဖုိ႔ အေလးသာေနေပမယ့္ ေနာက္ဆုံး(၄)ပဲြမွာ (၃)ပဲြႏုိင္ထားတဲ့ မန္ယူကုိလည္း ေလွ်ာ႔တြက္လုိ႔ မရဘူး။

Guardiola-vs-Mourinho

Guardiola-vs-Mourinho

မန္ခ်က္စတာဒါဘီဆုိတာလည္း မထင္မွတ္တဲ့ အေျပာင္းအလဲေတြကုိ အၿမဲတမ္း ျမင္ေတြ႕ေနရတာျဖစ္လုိ႔ အခုပဲြမွာေရာ ဘာေတြ ျဖစ္လာဦးမလဲ။ မန္ယူအသင္းရဲ႕ နည္းဗ်ဴဟာေတြကုိ အပုိင္း(၁)အျဖစ္ ေဖာ္ျပခဲ့ၿပီး အခု မန္စီးတီးအသင္း နည္းဗ်ဴဟာေတြကုိ သုံးသပ္ေဖာ္ျပလုိက္ရပါတယ္ . . .

ရပ္တန္႔လုိ႔ မရျဖစ္ေနတဲ့ မန္စီးတီး
ဒီရာသီမွာ မန္စီးတီးအသင္းဟာ ဆုဖလားအားလုံးကုိ စိန္ေခၚဖုိ႔ အသင့္ရွိေနတဲ့အေနအထားပါပဲ။ ပရီးမီးယားလိဂ္မွာ (၁၁)ပဲြကစား (၃၃)ဂုိးအထိသြင္းယူထားတဲ့ မန္စီးတီးအသင္းဟာ ဥေရာပထိပ္သီးလိဂ္(၅)ခုမွာ PSG (၄၁)ဂုိးၿပီးရင္ သြင္းဂုိးအမ်ားဆုံးအသင္းျဖစ္ေနတယ္။ ဒီရာသီမွာလည္း သြင္းဂုိး(၁၀၀)မွတ္တမ္းကုိ ထပ္ခ်ိဳးဦးမလားဆုိတာ ေစာင့္ၾကည့္ရမယ္။ စိတ္၀င္စားစရာေကာင္းတာက သူတို႔ရဲ႕ ခံစစ္စြမ္းေဆာင္ရည္နဲ႔ မွတ္တမ္းပါ။ ပရီးမီးယားလိဂ္မွာ (၄)ဂုိးသာ ေပးခဲ့ရၿပီး ဒါဟာ ဥေရာပထိပ္သီးလိဂ္(၅)ခုမွာ ေပးဂုိးအနည္းဆုံးျဖစ္ေနတယ္။

Manchester-City-Players

Manchester-City-Players

နည္းဗ်ဴဟာပုိင္းအရ ေျပာရရင္ ဂြါဒီယိုလာ Guardiola ရဲ႕ ေခါင္းထဲမွာ ဘာေတြ ေတြးေနလဲဆုိတာ ႀကိဳမသိႏုိင္ေလာက္ေအာင္ပါပဲ။ တျခားနည္းျပေတြ မလုပ္ရဲတဲ့အပုိင္းေတြမွာ ရဲရဲ၀့ံ၀ံ့ ဆုံးျဖတ္တတ္တာက ဂြါဒိယုိလာရဲ႕ အားသာခ်က္လုိ႔ ေျပာရမယ္။ ဒီရာသီမွာ ဂြါဒီယုိလာက (၄-၃-၃)ကစားကြက္ကုိပဲ Base တည္ထားၿပီး Full Backs ေတြက Wing Backs ပုံစံ ကစားေလ့ရွိၿပီး Wingers ေတြက တစ္ဖက္အသင္း ပယ္နယ္တီဧရိယာထဲမွာ ေနရာယူထားတယ္။ အဲဒါေၾကာင့္ပဲ ေတာင္ပံကေန တစ္ဖက္အသင္း ပယ္နယ္တီဧရိယာထဲ တိုး၀င္ထုိးေဖာက္ႏုိင္စြမ္းရွိတဲ့ မာရက္ဇ္ Riyad Mahrez ကုိ ဆာေနး Leroy Sane ထက္ ပုိ ေနရာေပးေနတာလုိ႔ ယူဆရမွာပါ။

Manchester-City-Tactic

Manchester-City-Tactic

Defensive Midfielder ရဲ႕ အဓိက တာ၀န္က Central Defenders (၂)ဦးကုိ ကူဖုိ႔နဲ႔ ကုိယ့္ကြင္းဘက္ျခမ္းမွာ တစ္ဖက္အသင္းရဲ႕ တိုက္စစ္ကုိ ဟန္႔တားႏုိင္ဖုိ႔ပါပဲ။ ဂြါဒီယုိလာရဲ႕ နည္းဗ်ဴဟာမွာ Left Back ျဖစ္တဲ့ မန္ဒီ Benjamin Mendy နဲ႔ ညာေနာက္ခံလူ ေ၀ါလ္ကာ Walker တို႔က အဓိက ျဖစ္လာတယ္။ ဘာစီလုိနာမွာတုန္းက ဒန္နီအဲလ္ဗတ္စ္ Dani Alves နဲ႔ အဘီဒယ္လ္ Abidal တို႔လုိပါပဲ။

Benjamin-Mendy

Benjamin-Mendy

မန္ဒီနဲ႔ ေ၀ါလ္ကာတို႔ဟာ မိနစ္(၉၀)လုံး ေရွ႕တက္ေနာက္ဆင္း ကစားႏုိင္တဲ့အျပင္ Danger Cross ေတြေၾကာင့္ တိုက္စစ္က ပုိေၾကာက္ဖုိ႔ ေကာင္းလာတယ္။ အခု မန္စီးတီးကုိ ျမင္ေနရတာက အရင္ ဂြါဒီယုိလာလက္ထက္က ဘာစီလုိနာကုိ ျမင္ေနရသလုိပဲ။ ကြင္းလယ္နဲ႔ ေရွ႕တန္းမွာ ဖာနန္ဒင္ဟုိ Fernandinho တစ္ဦးကလဲြၿပီး က်န္တဲ့ (၅)ဦးက တိုက္စစ္ အားသန္တဲ့သူေတြျဖစ္သလုိ Full Backs ေတြနဲ႔ ေပါင္းစပ္လုိက္ရင္ မန္စီးတီး တိုက္စစ္ဆင္တဲ့အခါ တိုက္စစ္မွာ ကစားသမား (၇)ဦးေလာက္အထိ ရွိေနတာေၾကာင့္ ထိန္းခ်ဳပ္ရခက္ခဲပါတယ္။ မန္စီးတီး တိုက္စစ္ဆင္တဲ့အခါ လိႈင္းလုံးႀကီးေတြလုိပဲ တစ္ဆင့္ၿပီးတစ္ဆင့္ တက္လာတာေၾကာင့္ ၿပိဳင္ဘက္ခံစစ္က ဘာမွကုိ မလုပ္ႏုိင္ေတာ့ဘူး။

Walker

Walker

အေကာင္းဆုံးတိုက္စစ္က အေကာင္းဆုံး ခံစစ္ျဖစ္တယ္ဆုိတဲ့ စကားအတုိင္းပဲ ဂြါဒီယုိလာရဲ႕ မန္စီးတီးက တိုက္စစ္ၿပီး တိုက္စစ္ ကစားေနတာေၾကာင့္ ၿပိဳင္ဘက္အသင္းအေတာ္မ်ားမ်ားက ခံစစ္မွာပဲ အခ်ိန္ကုန္တာ မ်ားခဲ့တယ္။ မန္စီးတီးကြင္းလယ္နဲ႔ ေတာင္ပံေတြကုိ မခ်ိတ္ဆက္ႏုိင္ေအာင္ ဟန္႔တားၿပီး Counter Attacking Play ကုိ ပုိင္ပုိင္ႏုိင္ႏုိင္ ကစားမယ္ဆုိရင္ေတာ့ အေျခအေနေကာင္းႏုိင္တယ္။ ေမာ္ရင္ဟုိ Mourinho အေနနဲ႔လည္း ဒီအခ်က္ကုိ သေဘာေပါက္ၿပီးျဖစ္ပါလိမ့္မယ္။ ဒီရာသီအစတုန္းက မန္စီးတီးကုိ သေရကစားခဲ့တဲ့ ၀ုလ္ဗ္အသင္းရဲ႕ နည္းဗ်ဴဟာကုိပဲၾကည့္ပါ။ ၿပီးခဲ့တဲ့ရာသီက ကုိယ့္အိမ္ကြင္းမွာ အ႐ႈံးေပးခဲ့ရတဲ့ ေမာ္ရင္ဟုိကုိ ဂြါဒီယုိလာ အႏုိင္ရဖုိ႔ ျပင္ဆင္လာမွာျဖစ္ၿပီး ဘယ္လုိရလဒ္ထြက္ေပၚလာမလဲဆုိတာ ေစာင့္ၾကည့္လုိက္ရေအာင္ . .

REF: totalfootballanalysis
Photo:Irish Mirror,Manchester Evening News,Getty Images,premierleague,Evening Standard
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မန်ချက်စတာဒါဘီပွဲ မတိုင်ခင် နည်းဗျူဟာပိုင်း ချဉ်းကပ်ကြည့်ခြင်း အပိုင်း(၂)

ဒီတစ်ပတ် Super Sunday မှာတော့ တစ်ကမ္ဘာလုံးက ပရိသတ်တွေ အကြိုက်ဖြစ်တဲ့ ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီးနဲ့ မန်ယူတို့ ကစားမယ့် မန်ချက်စတာဒါဘီပွဲ ပါဝင်နေတယ်။ ချယ်လ်ဆီး၊ လီဗာပူးလ်တို့နဲ့ (၂)မှတ်အကွာ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ မန်စီးတီးအသင်းဟာ အခုဒါဘီပွဲမှာ အနိုင်ရဖို့ အလေးသာနေပေမယ့် နောက်ဆုံး(၄)ပွဲမှာ (၃)ပွဲနိုင်ထားတဲ့ မန်ယူကိုလည်း လျှော့တွက်လို့ မရဘူး။

Guardiola-vs-Mourinho

Guardiola-vs-Mourinho

မန်ချက်စတာဒါဘီဆိုတာလည်း မထင်မှတ်တဲ့ အပြောင်းအလဲတွေကို အမြဲတမ်း မြင်တွေ့နေရတာဖြစ်လို့ အခုပွဲမှာရော ဘာတွေ ဖြစ်လာဦးမလဲ။ မန်ယူအသင်းရဲ့ နည်းဗျူဟာတွေကို အပိုင်း(၁)အဖြစ် ဖော်ပြခဲ့ပြီး အခု မန်စီးတီးအသင်း နည်းဗျူဟာတွေကို သုံးသပ်ဖော်ပြလိုက်ရပါတယ် . . .

ရပ်တန့်လို့ မရဖြစ်နေတဲ့ မန်စီးတီး
ဒီရာသီမှာ မန်စီးတီးအသင်းဟာ ဆုဖလားအားလုံးကို စိန်ခေါ်ဖို့ အသင့်ရှိနေတဲ့အနေအထားပါပဲ။ ပရီးမီးယားလိဂ်မှာ (၁၁)ပွဲကစား (၃၃)ဂိုးအထိသွင်းယူထားတဲ့ မန်စီးတီးအသင်းဟာ ဥရောပထိပ်သီးလိဂ်(၅)ခုမှာ PSG (၄၁)ဂိုးပြီးရင် သွင်းဂိုးအများဆုံးအသင်းဖြစ်နေတယ်။ ဒီရာသီမှာလည်း သွင်းဂိုး(၁၀၀)မှတ်တမ်းကို ထပ်ချိုးဦးမလားဆိုတာ စောင့်ကြည့်ရမယ်။ စိတ်ဝင်စားစရာကောင်းတာက သူတို့ရဲ့ ခံစစ်စွမ်းဆောင်ရည်နဲ့ မှတ်တမ်းပါ။ ပရီးမီးယားလိဂ်မှာ (၄)ဂိုးသာ ပေးခဲ့ရပြီး ဒါဟာ ဥရောပထိပ်သီးလိဂ်(၅)ခုမှာ ပေးဂိုးအနည်းဆုံးဖြစ်နေတယ်။

Manchester-City-Players

Manchester-City-Players

နည်းဗျူဟာပိုင်းအရ ပြောရရင် ဂွါဒီယိုလာ Guardiola ရဲ့ ခေါင်းထဲမှာ ဘာတွေ တွေးနေလဲဆိုတာ ကြိုမသိနိုင်လောက်အောင်ပါပဲ။ တခြားနည်းပြတွေ မလုပ်ရဲတဲ့အပိုင်းတွေမှာ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်တတ်တာက ဂွါဒိယိုလာရဲ့ အားသာချက်လို့ ပြောရမယ်။ ဒီရာသီမှာ ဂွါဒီယိုလာက (၄-၃-၃)ကစားကွက်ကိုပဲ Base တည်ထားပြီး Full Backs တွေက Wing Backs ပုံစံ ကစားလေ့ရှိပြီး Wingers တွေက တစ်ဖက်အသင်း ပယ်နယ်တီဧရိယာထဲမှာ နေရာယူထားတယ်။ အဲဒါကြောင့်ပဲ တောင်ပံကနေ တစ်ဖက်အသင်း ပယ်နယ်တီဧရိယာထဲ တိုးဝင်ထိုးဖောက်နိုင်စွမ်းရှိတဲ့ မာရက်ဇ် Riyad Mahrez ကို ဆာနေး Leroy Sane ထက် ပို နေရာပေးနေတာလို့ ယူဆရမှာပါ။

Manchester-City-Tactic

Manchester-City-Tactic

Defensive Midfielder ရဲ့ အဓိက တာဝန်က Central Defenders (၂)ဦးကို ကူဖို့နဲ့ ကိုယ့်ကွင်းဘက်ခြမ်းမှာ တစ်ဖက်အသင်းရဲ့ တိုက်စစ်ကို ဟန့်တားနိုင်ဖို့ပါပဲ။ ဂွါဒီယိုလာရဲ့ နည်းဗျူဟာမှာ Left Back ဖြစ်တဲ့ မန်ဒီ Benjamin Mendy နဲ့ ညာနောက်ခံလူ ဝေါလ်ကာ Walker တို့က အဓိက ဖြစ်လာတယ်။ ဘာစီလိုနာမှာတုန်းက ဒန်နီအဲလ်ဗတ်စ် Dani Alves နဲ့ အဘီဒယ်လ် Abidal တို့လိုပါပဲ။

Benjamin-Mendy

Benjamin-Mendy

မန်ဒီနဲ့ ဝေါလ်ကာတို့ဟာ မိနစ်(၉၀)လုံး ရှေ့တက်နောက်ဆင်း ကစားနိုင်တဲ့အပြင် Danger Cross တွေကြောင့် တိုက်စစ်က ပိုကြောက်ဖို့ ကောင်းလာတယ်။ အခု မန်စီးတီးကို မြင်နေရတာက အရင် ဂွါဒီယိုလာလက်ထက်က ဘာစီလိုနာကို မြင်နေရသလိုပဲ။ ကွင်းလယ်နဲ့ ရှေ့တန်းမှာ ဖာနန်ဒင်ဟို Fernandinho တစ်ဦးကလွဲပြီး ကျန်တဲ့ (၅)ဦးက တိုက်စစ် အားသန်တဲ့သူတွေဖြစ်သလို Full Backs တွေနဲ့ ပေါင်းစပ်လိုက်ရင် မန်စီးတီး တိုက်စစ်ဆင်တဲ့အခါ တိုက်စစ်မှာ ကစားသမား (၇)ဦးလောက်အထိ ရှိနေတာကြောင့် ထိန်းချုပ်ရခက်ခဲပါတယ်။ မန်စီးတီး တိုက်စစ်ဆင်တဲ့အခါ လှိုင်းလုံးကြီးတွေလိုပဲ တစ်ဆင့်ပြီးတစ်ဆင့် တက်လာတာကြောင့် ပြိုင်ဘက်ခံစစ်က ဘာမှကို မလုပ်နိုင်တော့ဘူး။

Walker

Walker

အကောင်းဆုံးတိုက်စစ်က အကောင်းဆုံး ခံစစ်ဖြစ်တယ်ဆိုတဲ့ စကားအတိုင်းပဲ ဂွါဒီယိုလာရဲ့ မန်စီးတီးက တိုက်စစ်ပြီး တိုက်စစ် ကစားနေတာကြောင့် ပြိုင်ဘက်အသင်းအတော်များများက ခံစစ်မှာပဲ အချိန်ကုန်တာ များခဲ့တယ်။ မန်စီးတီးကွင်းလယ်နဲ့ တောင်ပံတွေကို မချိတ်ဆက်နိုင်အောင် ဟန့်တားပြီး Counter Attacking Play ကို ပိုင်ပိုင်နိုင်နိုင် ကစားမယ်ဆိုရင်တော့ အခြေအနေကောင်းနိုင်တယ်။ မော်ရင်ဟို Mourinho အနေနဲ့လည်း ဒီအချက်ကို သဘောပေါက်ပြီးဖြစ်ပါလိမ့်မယ်။ ဒီရာသီအစတုန်းက မန်စီးတီးကို သရေကစားခဲ့တဲ့ ဝုလ်ဗ်အသင်းရဲ့ နည်းဗျူဟာကိုပဲကြည့်ပါ။ ပြီးခဲ့တဲ့ရာသီက ကိုယ့်အိမ်ကွင်းမှာ အရှုံးပေးခဲ့ရတဲ့ မော်ရင်ဟိုကို ဂွါဒီယိုလာ အနိုင်ရဖို့ ပြင်ဆင်လာမှာဖြစ်ပြီး ဘယ်လိုရလဒ်ထွက်ပေါ်လာမလဲဆိုတာ စောင့်ကြည့်လိုက်ရအောင် . .

REF: totalfootballanalysis
Photo:Irish Mirror,Manchester Evening News,Getty Images,premierleague,Evening Standard
Naing Linn(Akhayar)
www.akhayar.com