This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပဲြအတြက္ ကစားသမားေတြ ေစလႊတ္ခဲ့ရတာေၾကာင့္ ေပါင္(၃.၉)သန္းရမယ့္ မန္စီးတီး

မန္စီးတီးအသင္းဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ သူတို႔ရဲ႕ကစားသမားေတြကုိ သက္ဆုိင္ရာႏုိင္ငံအသင္းေတြအတြက္ ေစလႊတ္ခဲ့ရတဲ့အတြက္ ဖီဖာဆီကေန ဆုေၾကးအျဖစ္ ေပါင္(၃.၉)သန္းရရွိမွာပါ။ လက္ရွိ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ မန္စီးတီးအသင္းက ကစားသမားေတြအျဖစ္ စတာလင္(အဂၤလန္)၊ ဒီဘ႐ုိင္းနား(ဘယ္လ္ဂ်ီယံ)၊ ေဂ်းဆူ (ဘရာဇီးလ္)တို႔အပါအပင္ ကစားသမား(၁၆)ေယာက္ ပါ၀င္ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ကမၻာ႔ဖလားၿပိဳင္ပဲြ၀င္အသင္းေတြထဲမွာ ကစားသမားပါ၀င္မႈ အမ်ားဆုံးအသင္းျဖစ္ခဲ့တယ္။ ဖီဖာက ကမၻာ႔ဖလားၿပိဳင္ပဲြအတြက္ ေစလႊတ္ခဲ့ရတဲ့ကစားသမားတစ္ဦးစီအတြက္ သက္ဆုိင္ရာကလပ္ေတြကုိ ဆုေၾကး တစ္ေန႔ ေပါင္(၆၄၀၀)ေပးသြားမွာျဖစ္ၿပီး မန္စီးတီးအသင္းက အမ်ားဆုံးပမာဏအျဖစ္ စုစုေပါင္းေပါင္(၃.၉)သန္းအထိရရွိေတာ့မွာျဖစ္ပါတယ္။

Walker,John-Stones-and-Sterling

Walker,John-Stones-and-Sterling

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ကလပ္အသင္းေပါင္း(၃၈၆)သင္းက ကစားသမားေတြ ပါ၀င္ယွဥ္ၿပိဳင္ေနၿပီး မန္စီးတီးၿပီးရင္ ဒုတိယဆုေၾကးရရွိမႈအမ်ားဆုံးက လာလီဂါထိပ္သီး ရီးယဲလ္အသင္းျဖစ္ပါတယ္။ ရီးယဲလ္အသင္းဟာ ကစားသမား(၁၅)ဦးကုိ ကမၻာ႔ဖလားၿပိဳင္ပဲြအတြက္ ေစလႊတ္ခဲ့ရၿပီး မန္စီးတီးရဲ႕ေနာက္ ဒုတိယအမ်ားဆုံးျဖစ္သလုိ ဆုေၾကး ေပါင္(၃.၈)သန္းရရွိမွာပါ။ ဖီဖာက ကစားသမားေတြ ေစလႊတ္ခဲ့ရတဲ့ကလပ္အသင္းေတြကုိ စုစုေပါင္းဆုေၾကး ေပါင္(၁၅၇)သန္းထဲကေန ခဲြေ၀ေပးသြားမွာျဖစ္ၿပီး ပရီးမီးယားလိဂ္ကလပ္အသင္းေတြက ေပါင္(၃၀.၇၅)သန္းအထိရရွိမွာျဖစ္ပါတယ္။ လာလီဂါကလပ္အသင္းေတြက ေပါင္(၁၆.၄၉)သန္း၊ ဘြန္ဒစ္လီဂါကလပ္ေတြကေတာ့ ေပါင္(၁၄)သန္းေက်ာ္ရရွိမွာပါ။ ဖီဖာက အဲဒီဆုေၾကးေတြကုိ ေမလ(၃၁)ရက္က စတင္ေပးေခ်ခဲ့တာျဖစ္ၿပီး တကယ္လုိ႔ ကစားသမားရဲ႕အသင္းက ၿပိဳင္ပဲြက ထြက္ခ့ဲရရင္ေတာ့ ဆုေၾကးေပးမွာမဟုတ္ပါဘူး။

Club-teams-with-the-most-players-at-the-2018-FIFA-World

Club-teams-with-the-most-players-at-the-2018-FIFA-World

ဆုေၾကးရရွိမႈအမ်ားဆုံးကလပ္အသငး္မ်ား

မန္စီးတီး – ေပါင္(၃.၉)သန္း
ရီးယဲလ္ – ေပါင္ (၃.၈)သန္း
ခ်ယ္လ္ဆီး – ေပါင္(၃.၅)သန္း
စပါး – ေပါင္(၃.၃၉)သန္း
ဘာစီလုိနာ – ေပါင္ (၃.၂၃)သန္း
PSG – ေပါင္ (၃.၁၉)သန္း
မန္ယူ – ေပါင္(၂.၉၆)သန္း
မုိနာကုိ – ေပါင္(၂.၆၅)သန္း
အက္သလက္တီကုိ – ေပါင္(၂.၃၆)သန္း
ဂ်ဴဗင္တပ္စ္ – ေပါင္(၂.၂၀)သန္း

REF:The Sun
Photo:AS,The Sun
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမားတွေ စေလွှတ်ခဲ့ရတာကြောင့် ပေါင်(၃.၉)သန်းရမယ့် မန်စီးတီး

မန်စီးတီးအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူတို့ရဲ့ကစားသမားတွေကို သက်ဆိုင်ရာနိုင်ငံအသင်းတွေအတွက် စေလွှတ်ခဲ့ရတဲ့အတွက် ဖီဖာဆီကနေ ဆုကြေးအဖြစ် ပေါင်(၃.၉)သန်းရရှိမှာပါ။ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မန်စီးတီးအသင်းက ကစားသမားတွေအဖြစ် စတာလင်(အင်္ဂလန်)၊ ဒီဘရိုင်းနား(ဘယ်လ်ဂျီယံ)၊ ဂျေးဆူ (ဘရာဇီးလ်)တို့အပါအပင် ကစားသမား(၁၆)ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတွေထဲမှာ ကစားသမားပါဝင်မှု အများဆုံးအသင်းဖြစ်ခဲ့တယ်။ ဖီဖာက ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စေလွှတ်ခဲ့ရတဲ့ကစားသမားတစ်ဦးစီအတွက် သက်ဆိုင်ရာကလပ်တွေကို ဆုကြေး တစ်နေ့ ပေါင်(၆၄၀၀)ပေးသွားမှာဖြစ်ပြီး မန်စီးတီးအသင်းက အများဆုံးပမာဏအဖြစ် စုစုပေါင်းပေါင်(၃.၉)သန်းအထိရရှိတော့မှာဖြစ်ပါတယ်။

Walker,John-Stones-and-Sterling

Walker,John-Stones-and-Sterling

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကလပ်အသင်းပေါင်း(၃၈၆)သင်းက ကစားသမားတွေ ပါဝင်ယှဉ်ပြိုင်နေပြီး မန်စီးတီးပြီးရင် ဒုတိယဆုကြေးရရှိမှုအများဆုံးက လာလီဂါထိပ်သီး ရီးယဲလ်အသင်းဖြစ်ပါတယ်။ ရီးယဲလ်အသင်းဟာ ကစားသမား(၁၅)ဦးကို ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စေလွှတ်ခဲ့ရပြီး မန်စီးတီးရဲ့နောက် ဒုတိယအများဆုံးဖြစ်သလို ဆုကြေး ပေါင်(၃.၈)သန်းရရှိမှာပါ။ ဖီဖာက ကစားသမားတွေ စေလွှတ်ခဲ့ရတဲ့ကလပ်အသင်းတွေကို စုစုပေါင်းဆုကြေး ပေါင်(၁၅၇)သန်းထဲကနေ ခွဲဝေပေးသွားမှာဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းတွေက ပေါင်(၃၀.၇၅)သန်းအထိရရှိမှာဖြစ်ပါတယ်။ လာလီဂါကလပ်အသင်းတွေက ပေါင်(၁၆.၄၉)သန်း၊ ဘွန်ဒစ်လီဂါကလပ်တွေကတော့ ပေါင်(၁၄)သန်းကျော်ရရှိမှာပါ။ ဖီဖာက အဲဒီဆုကြေးတွေကို မေလ(၃၁)ရက်က စတင်ပေးချေခဲ့တာဖြစ်ပြီး တကယ်လို့ ကစားသမားရဲ့အသင်းက ပြိုင်ပွဲက ထွက်ခဲ့ရရင်တော့ ဆုကြေးပေးမှာမဟုတ်ပါဘူး။

Club-teams-with-the-most-players-at-the-2018-FIFA-World

Club-teams-with-the-most-players-at-the-2018-FIFA-World

ဆုကြေးရရှိမှုအများဆုံးကလပ်အသင်းများ

မန်စီးတီး – ပေါင်(၃.၉)သန်း
ရီးယဲလ် – ပေါင် (၃.၈)သန်း
ချယ်လ်ဆီး – ပေါင်(၃.၅)သန်း
စပါး – ပေါင်(၃.၃၉)သန်း
ဘာစီလိုနာ – ပေါင် (၃.၂၃)သန်း
PSG – ပေါင် (၃.၁၉)သန်း
မန်ယူ – ပေါင်(၂.၉၆)သန်း
မိုနာကို – ပေါင်(၂.၆၅)သန်း
အက်သလက်တီကို – ပေါင်(၂.၃၆)သန်း
ဂျူဗင်တပ်စ် – ပေါင်(၂.၂၀)သန်း

REF:The Sun
Photo:AS,The Sun
Naing Linn(Akhayar)
www.akhayar.com