[Zawgyi]

တိုက္စစ္မွဴး ေဂ်းဆူ Jesus ကုိ ၂၀၂၃ အထိ မန္စီးတီးစာခ်ဳပ္သက္တမ္း တိုးလုိက္ၿပီ

မန္စီးတီးအသင္းဟာ ဘရာဇီးလ္လက္ေရြးစင္တိုက္စစ္မွဴး ဂါဘရီယဲလ္ေဂ်းဆူ Gabriel Jesus ကုိ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းတိုးလုိက္ၿပီျဖစ္ပါတယ္။ အသက္(၂၁)ႏွစ္သာရွိေသးတ့ဲ ေဂ်းဆူဟာ ၿပီးခဲ့တဲ့ႏွစ္၊ ဇန္န၀ါရီလတုန္းက ဘရာဇီးလ္ကလပ္ ပါမီးရပ္စ္အသင္းကေန ေျပာင္းေရႊ႕ခဲ့သူျဖစ္ၿပီး မန္စီးတီးကစားသမားဘ၀ ပထမဆုံးရာသီမွာပဲ (၁၁)ပဲြကစား၊ (၇)ဂုိးသြင္းယူခဲ့တယ္။ ၿပီးခဲ့တဲ့ရာသီမွာေတာ့ (၁၇)ဂုိးအထိ သြင္းယူခဲ့ၿပီး အသင္းနဲ႔အတူ ပရီးမီးယားလိဂ္နဲ႔ လိဂ္ဖလားေတြ ရယူခဲ့သူလည္းျဖစ္ပါတယ္။

Guardiola-and-jesus

Guardiola-and-jesus

မန္စီးတီးအသင္းအေနနဲ႔ အသင္းရဲ႕အဓိက ကစားသမားျဖစ္လာတဲ့ ေဂ်းဆူကုိ လက္မလႊတ္ရဖုိ႔အတြက္ ၂၀၂၃ခုႏွစ္အထိ ႏွစ္ရွည္သက္တမ္းတိုးခဲ့တာပါ။ မန္စီးတီးအသင္းအားကစားဒါ႐ုိက္တာ ဘရီဂီစတိန္း Begiristain က ေဂ်းဆူဟာ ေဘာလုံးေလာကရဲ႕အေကာင္းဆုံး လူငယ္တိုက္စစ္မွဴးေတြထဲမွာ တစ္ဦးအပါအ၀င္ျဖစ္တယ္လုိ႔ ခ်ီးက်ဴးခဲ့တယ္။ မန္စီးတီးအသင္းဟာ ၂၀၁၈-၁၉ ရာသီအဖြင့္ပဲြအျဖစ္ အခုတနဂၤေႏြေန႔မွာ ခ်ယ္လ္ဆီးအသင္းနဲ႔ ကြန္ျမဴနတီဒုိင္းပြဲအျဖစ္ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး ေဂ်းဆူက ပဲြထြက္ပါ၀င္လာဖုိ႔ မ်ားေနပါၿပီ။

REF:BBC
Photo:Football Paradise,10z Soccer
Naing Linn(Akhayar)
www.akhayar.com

[Unicode]

တိုက်စစ်မှူး ဂျေးဆူ Jesus ကို ၂၀၂၃ အထိ မန်စီးတီးစာချုပ်သက်တမ်း တိုးလိုက်ပြီ

မန်စီးတီးအသင်းဟာ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး ဂါဘရီယဲလ်ဂျေးဆူ Gabriel Jesus ကို ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်ပါတယ်။ အသက်(၂၁)နှစ်သာရှိသေးတဲ့ ဂျေးဆူဟာ ပြီးခဲ့တဲ့နှစ်၊ ဇန်နဝါရီလတုန်းက ဘရာဇီးလ်ကလပ် ပါမီးရပ်စ်အသင်းကနေ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး မန်စီးတီးကစားသမားဘ၀ ပထမဆုံးရာသီမှာပဲ (၁၁)ပွဲကစား၊ (၇)ဂိုးသွင်းယူခဲ့တယ်။ ပြီးခဲ့တဲ့ရာသီမှာတော့ (၁၇)ဂိုးအထိ သွင်းယူခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်နဲ့ လိဂ်ဖလားတွေ ရယူခဲ့သူလည်းဖြစ်ပါတယ်။

Guardiola-and-jesus

Guardiola-and-jesus

မန်စီးတီးအသင်းအနေနဲ့ အသင်းရဲ့အဓိက ကစားသမားဖြစ်လာတဲ့ ဂျေးဆူကို လက်မလွှတ်ရဖို့အတွက် ၂၀၂၃ခုနှစ်အထိ နှစ်ရှည်သက်တမ်းတိုးခဲ့တာပါ။ မန်စီးတီးအသင်းအားကစားဒါရိုက်တာ ဘရီဂီစတိန်း Begiristain က ဂျေးဆူဟာ ဘောလုံးလောကရဲ့အကောင်းဆုံး လူငယ်တိုက်စစ်မှူးတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တယ်လို့ ချီးကျူးခဲ့တယ်။ မန်စီးတီးအသင်းဟာ ၂၀၁၈-၁၉ ရာသီအဖွင့်ပွဲအဖြစ် အခုတနင်္ဂနွေနေ့မှာ ချယ်လ်ဆီးအသင်းနဲ့ ကွန်မြူနတီဒိုင်းပွဲအဖြစ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဂျေးဆူက ပွဲထွက်ပါဝင်လာဖို့ များနေပါပြီ။

REF:BBC
Photo:Football Paradise,10z Soccer
Naing Linn(Akhayar)
www.akhayar.com