မန်စီးတီးအသင်းခေါင်းဆောင်ဟောင်း ကွန်ပနီ Kompany အတွက် အမှတ်တရနှုတ်ဆက်ပွဲအဖြစ် မန်စီးတီးအသင်းရဲ့ Etihad Stadium မှာ မန်စီးတီးဂန္ထ၀င်အသင်းနဲ့ ပရီးမီးယားလိဂ် All-Stars အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး တစ်ဖက်(၂)ဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ဒီပွဲမှာတော့ ကွန်ပနီ က တံကောက်ကြော ဒဏ်ရာကြောင့် ၀င်ရောက်ကစားခြင်းမရှိခဲ့ပေမယ့် သူ့ရဲ့ညီ Francois Kompany ကတော့ ၀င်ရောက်ကစားသွားခဲ့ပါတယ်။ မန်စီးတီးဂန္ထ၀င်အသင်းအတွက် ဂိုးတွေကိုတော့ ပီထရော့ဗ် Petrov နဲ့ ဘန်ဂျာနီ Benjani တို့က ပွဲချိန်(၂)မိနစ်နဲ့ (၈၉)မိနစ်တွေမှာ သွင်းယူခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် All-Stars အသင်းအတွက် ဂိုးတွေကိုတော့ ရော်ဘီကိန်း Keane နဲ့ ဗန်ပါစီ Van Persie တို့က ပွဲချိန်(၃၁)မိနစ်နဲ့ (၄၈)မိနစ်တွေမှာ သွင်းယူခဲ့ကြတာဖြစ်ပါတယ်။

ဒီပွဲကနေ ရရှိလာတဲ့ငွေကြေးတွေကိုတော့ ကွန်ပနီနဲ့ မန်ချက်စတာမြို့တော်ဝန် Andy Burnham တို့ရဲ့Tackle4MCR ဖောင်ဒေးရှင်းကနေ မန်ချက်စတာမြို့မှာရှိတဲ့ အိမ်ယာမဲ့တွေကို လှူဒါန်းသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် မန်စီးတီးအသင်းဟာ အသင်းရဲ့လေ့ကျင့်ရေးကွင်းကိုသွားတဲ့ လမ်းတစ်လမ်းကိုလည်း Vincent Kompany Crescent လို့ အမည်ပေးဂုဏ်ပြုခဲ့ပါတယ်။ ကွန်ပနီဟာ မန်စီးတီးအသင်းမှာ ၂၀၀၈ ခုနှစ် ကနေ ၂၀၁၉ ခုနှစ်အထိ ကစားခဲ့ပြီး ပရီးမီးယားလိဂ်(၄)ကြိမ်အပါအ၀င် ဆုဖလားပေါင်းများစွာ ရယူနိုင်ခဲ့သလို အသင်းအတွက် အရာအားလုံးပေးဆပ်ကစားခဲ့တဲ့ အသင်းခေါင်းဆောင်ကောင်တစ်ဦးဖြစ်ခဲ့ပါတယ်။

Kompany အမှတ်တရနှုတ်ဆက်ပွဲ အနှစ်ချုပ်

MANCHESTER CITY LEGENDS: (4-3-3) Hart; Zabaleta (Richards 71), Toure, Lescott (Luckassen 82), De Jong; Nasri (Hamann 77), Ireland (El Kababri 82), Silva (Bellamy 22, Vassell 61); Wright-Phillips (Benjani 71), Aguero (Cobbaut 28, Kompany 46), Petrov

GOALS: Petrov (2), Benjani (89)

COACH: Pep Guardiola

PREMIER LEAGUE ALL-STARS: (4-3-3) van der Sar (Given 46); Neville (Saief 35), Carragher, Carrick, Cole; Arteta, Butt (van der Vaart 46), Scholes, Giggs; Keane (Cahill 46), van Persie

GOALS: Keane (31), Van Persie (48)

COACH: Roberto Martinez

REFEREE: Mark Halsey

VENUE: Etihad Stadium

Kompany အမှတ်တရနှုတ်ဆက်ပွဲ ကြည်ရန်လင်ခ့်

Ref: BBC Sports , Daily Mail
Photo: Tackle4MCR Twitter . Daily Mail
Ko Kyue(Akhayar)
www.akhayar.com