[Zawgyi]

နာမည္ႀကီး PUMA ကုမၸဏီနဲ႔ ေပါင္သန္း(၅၀)တန္ဖုိးရွိတဲ့ စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆုိခဲ့တဲ့ မန္စီးတီး

ပရီးမီးယားလိဂ္ လက္ရွိခ်န္ပီယံ မန္စီးတီးအသင္းဟာ အားကစားပစၥည္းထုတ္လုပ္ေရာင္းခ်တဲ့ ဂ်ာမနီႏုိင္ငံက နာမည္ႀကီး PUMA ကုမၸဏီနဲ႔ (၁)ႏွစ္တန္ေၾကး ေပါင္သန္း(၅၀)တန္ဖုိးရွိတဲ့ အက်ႌစပြန္ဆာစာခ်ဳပ္ ခ်ဳပ္ဆုိခဲ့တယ္လုိ႔ စပိန္မီဒီယာေတြက ေဖာ္ျပခဲ့တယ္။ ကမၻာေပၚမွာ အခ်မ္းသာဆုံးေဘာလုံးကလပ္ေတြထဲ တစ္သင္းအပါအ၀င္ျဖစ္တဲ့ မန္စီးတီးအသင္းဟာ အခုစာခ်ဳပ္အရ ၀င္ေငြပုိမုိရလာဖုိ႔ရွိတာေၾကာင့္ ကစားသမားသစ္ေတြ ထပ္ၿပီး ေခၚယူအားျဖည့္သြားဖုိ႔ရွိေနပါၿပီ။

Man-city-New-Kit-Sponsor

Man-city-New-Kit-Sponsor

စပိန္အားကစားသတင္းစာ Mundo Deportivo က PUMA ကုမၸဏီနဲ႔ ခ်ဳပ္ဆုိခဲ့တဲ့ စာခ်ဳပ္တန္ဖုိးဟာ မန္စီးတီးအသင္း သမုိင္းတစ္ေလွ်ာက္ စံခ်ိန္တင္ပမာဏျဖစ္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာေတာ့ မန္ယူ၊ ခ်ယ္လ္ဆီးတို႔ရဲ႕ ေနာက္ တတိယေျမာက္ တန္ဖုိးအျမင့္ဆုံးျဖစ္လာမယ့္အျပင္ ၂၀၁၉-၂၀ ရာသီက စတင္ စပြန္ဆာေပးသြားမွာျဖစ္တယ္လုိ႔ ေဖာ္ျပခ့ဲတယ္။ ဒါ့အျပင္ အခုဆုိရင္ မန္စီးတီးအသင္းဟာ သူတို႔ရဲ႕ၿပိဳင္ဘက္ေတြျဖစ္တဲ့ စပါး၊ အာဆင္နယ္တို႔ထက္ စပြန္ဆာတန္ဖုိး ပုိမ်ားလာမွာျဖစ္ၿပီး စပါးအသင္းက PUMA နဲ႔ခ်ဳပ္ဆုိထားတဲ့စာခ်ဳပ္အရ (၁)ႏွစ္ေပါင္သန္း(၃၀)၊ အာဆင္နယ္အသင္းက NIKE နဲ႔ခ်ဳပ္ဆုိထားတဲ့ စာခ်ဳပ္အရ ေပါင္သန္း(၃၀)ရရွိေနတာပါ။ မန္စီးတီးအသင္းဟာ လက္ရွိ NIKE နဲ႔ ခ်ဳပ္ဆုိထားတဲ့ စပြန္ဆာစာခ်ဳပ္အရ (၁)ႏွစ္ကုိ ေပါင္သန္း(၂၀)သာ ရရွိေနတာျဖစ္ေပမယ့္ ၂၀၁၉-၂၀ ရာသီက စလုိ႔ ပရီးမီးယားလိဂ္ရဲ႕ တန္ဖုိးအျမင့္ဆုံး စပြန္ဆာပုိင္ရွင္အသင္းေတြထဲမွာ ပါ၀င္ႏုိင္ေတာ့မွာျဖစ္ပါတယ္။

Man-City-Shirt

Man-City-Shirt

ကမၻာေပၚမွာ တန္ဖုိးအျမင့္ဆုံး စပြန္ဆာစာခ်ဳပ္မ်ား

Barcelona – Nike – £100m 2018-28
Manchester United- adidas- £75m 2015-25
Chelsea – Nike – £60m – 2017-32
Bayern Munich – adidas – £42.5m – 2015-30
Barcelona – Nike – £35m – 2008-18
Real Madrid – adidas – £34m – 2012-20
Chelsea – adidas – £30m – 2013-17
Arsenal – Puma – £30m – 2014-19
Tottenham – Nike – £30m – 2017-
Liverpool – Warrior – £25m – 2012-18

REF:The Sun,Daily Mail
Photo:ESPN,Twitter,soccerbo
www.akhayar.com

[Unicode]

နာမည်ကြီး PUMA ကုမ္ပဏီနဲ့ ပေါင်သန်း(၅၀)တန်ဖိုးရှိတဲ့ စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့တဲ့ မန်စီးတီး

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ အားကစားပစ္စည်းထုတ်လုပ်ရောင်းချတဲ့ ဂျာမနီနိုင်ငံက နာမည်ကြီး PUMA ကုမ္ပဏီနဲ့ (၁)နှစ်တန်ကြေး ပေါင်သန်း(၅၀)တန်ဖိုးရှိတဲ့ အင်္ကျီစပွန်ဆာစာချုပ် ချုပ်ဆိုခဲ့တယ်လို့ စပိန်မီဒီယာတွေက ဖော်ပြခဲ့တယ်။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဘောလုံးကလပ်တွေထဲ တစ်သင်းအပါအဝင်ဖြစ်တဲ့ မန်စီးတီးအသင်းဟာ အခုစာချုပ်အရ ဝင်ငွေပိုမိုရလာဖို့ရှိတာကြောင့် ကစားသမားသစ်တွေ ထပ်ပြီး ခေါ်ယူအားဖြည့်သွားဖို့ရှိနေပါပြီ။

Man-city-New-Kit-Sponsor

Man-city-New-Kit-Sponsor

စပိန်အားကစားသတင်းစာ Mundo Deportivo က PUMA ကုမ္ပဏီနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်တန်ဖိုးဟာ မန်စီးတီးအသင်း သမိုင်းတစ်လျှောက် စံချိန်တင်ပမာဏဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာတော့ မန်ယူ၊ ချယ်လ်ဆီးတို့ရဲ့ နောက် တတိယမြောက် တန်ဖိုးအမြင့်ဆုံးဖြစ်လာမယ့်အပြင် ၂၀၁၉-၂၀ ရာသီက စတင် စပွန်ဆာပေးသွားမှာဖြစ်တယ်လို့ ဖော်ပြခဲ့တယ်။ ဒါ့အပြင် အခုဆိုရင် မန်စီးတီးအသင်းဟာ သူတို့ရဲ့ပြိုင်ဘက်တွေဖြစ်တဲ့ စပါး၊ အာဆင်နယ်တို့ထက် စပွန်ဆာတန်ဖိုး ပိုများလာမှာဖြစ်ပြီး စပါးအသင်းက PUMA နဲ့ချုပ်ဆိုထားတဲ့စာချုပ်အရ (၁)နှစ်ပေါင်သန်း(၃၀)၊ အာဆင်နယ်အသင်းက NIKE နဲ့ချုပ်ဆိုထားတဲ့ စာချုပ်အရ ပေါင်သန်း(၃၀)ရရှိနေတာပါ။ မန်စီးတီးအသင်းဟာ လက်ရှိ NIKE နဲ့ ချုပ်ဆိုထားတဲ့ စပွန်ဆာစာချုပ်အရ (၁)နှစ်ကို ပေါင်သန်း(၂၀)သာ ရရှိနေတာဖြစ်ပေမယ့် ၂၀၁၉-၂၀ ရာသီက စလို့ ပရီးမီးယားလိဂ်ရဲ့ တန်ဖိုးအမြင့်ဆုံး စပွန်ဆာပိုင်ရှင်အသင်းတွေထဲမှာ ပါဝင်နိုင်တော့မှာဖြစ်ပါတယ်။

Man-City-Shirt

Man-City-Shirt

ကမ္ဘာပေါ်မှာ တန်ဖိုးအမြင့်ဆုံး စပွန်ဆာစာချုပ်များ

Barcelona – Nike – £100m 2018-28
Manchester United- adidas- £75m 2015-25
Chelsea – Nike – £60m – 2017-32
Bayern Munich – adidas – £42.5m – 2015-30
Barcelona – Nike – £35m – 2008-18
Real Madrid – adidas – £34m – 2012-20
Chelsea – adidas – £30m – 2013-17
Arsenal – Puma – £30m – 2014-19
Tottenham – Nike – £30m – 2017-
Liverpool – Warrior – £25m – 2012-18

REF:The Sun,Daily Mail
Photo:ESPN,Twitter,soccerbo
www.akhayar.com