[Zawgyi]

အီမရိတ္စ္မွာ ခ်န္ပီယံေျခစြမ္းျပၿပီး အာဆင္နယ္ကုိ အႏုိင္ယူခဲ့တဲ့ မန္စီးတီး

လက္ရွိခ်န္ပီယံ မန္စီးတီးအသင္းကေတာ့ အီမရိတ္စ္ကြင္းမွာ အာဆင္နယ္ကုိ (၂)ဂုိးျပတ္ အႏုိင္ကစားၿပီး ခ်န္ပီယံေျခစြမ္းကုိ ျပသႏုိင္ခဲ့တယ္။ ဒီပဲြမွာ ပထမဆုံးေ၀ဖန္ခ်င္တာက အာဆင္နယ္နည္းျပ အူႏုိင္းအမ္မရီ Unai Emery ရဲ႕ လူထုတ္ပုံပါပဲ။ မန္စီးတီးလုိ ၿပိဳင္ဘက္မ်ိဳးနဲ႔ပဲြမွာ ဂြမ္ဒူဇီ Guendouzi ၊ မစ္တ္လန္းႏုိင္းစ္ Maitland-Niles တို႔လုိ လူငယ္ကစားသမားေတြ ပဲြထုတ္ခဲ့တာက အရဲစြန္႔ရာေရာက္ပါတယ္။ ဂြမ္ဒူဇီဟာ ပဲြအေတြ႕အႀကံဳ အားနည္းလြန္းၿပီး သူ႔ရဲ႕အမွားေတြေၾကာင့္လည္း အာဆင္နယ္ကြင္းလယ္မွာ အားနည္းခ်က္ေတြ ရွိခဲ့တယ္။ ပဲြစကတည္းက မန္စီးတီးေတာင္ပံတိုက္စစ္ ကစားသမားေတြျဖစ္တဲ့ စတာလင္ Sterling ၊ မာရက္ဇ္ Mahrez တို႔ရဲ႕ အတိုးအလႈပ္ေတြကုိ အာဆင္နယ္ Full Backs ေတြ မထိန္းႏုိင္ခဲ့တာေၾကာင့္ အခြင့္အေရးေတြ ေပးခဲ့ရတယ္။

Mendy-Against-Guendouzi

Mendy-Against-Guendouzi

ဂုိးသမား ပီတာခ်က္ Peter Cech ကလည္း အေတြ႕အႀကံဳနဲ႔ မလုိက္ေအာင္ ေပါ့ဆလြန္းလုိ႔ အာဆင္နယ္ ဂုိးေစာေစာေပးရမယ့္ အေနအထားနဲ႔ ရင္ဆုိင္ခဲ့ရပါေသးတယ္။ ပထမပုိင္း (၁၄)မိနစ္မွာပဲ မန္စီးတီး ဂုိးစရခဲ့ၿပီး စတာလင္က ဂုိးဧရိယာထိပ္နားကေန ကန္သြင္းခဲ့တာပါ။ စတာလင္ ေဘာလုံးဆဲြလာကတည္းက အဲဒီပုံစံအတိုင္း ကန္မယ္ဆုိတာ သိရက္နဲ႔ အာဆင္နယ္ကစားသမားေတြ Press မလုပ္ခဲ့ပါဘူး။

Sterling-Stirkes-For-Goal

Sterling-Stirkes-For-Goal

အာဆင္နယ္ကြင္းလယ္က ရမ္ေဆး Ramsey ၊ အုိေဇးလ္ Ozil ၊ မစ္ခီတာရီယန္ Mkhitaryan တို႔ အားလုံး သာမန္ေျခစြမ္းေအာက္ ေရာက္ေနလုိ႔ တိုက္စစ္က ထက္ျမက္မႈမရွိသလုိ Lone Striker အူဘာမီယန္း Aubameyang ပါ ဘာမွ လုပ္လုိ႔မရတဲ့ အေနအထားျဖစ္ခဲ့တယ္။ ဒါေပမဲ့ မန္စီးတီးအသင္းကလည္း ၿပိဳင္ဘက္က ဖိအားေပးလာရင္ အမွားမွားအယြင္းယြင္းျဖစ္ေလ့ရွိတာကုိ အခုထိ မျပင္ႏုိင္ေသးဘူး။ အာဆင္နယ္ေနာက္ခံလူ ဘယ္လာရင္ Bellerín ရဲ႕ ကန္ခ်က္ကုိ မန္စီးတီးဂုိးသမား အီဒါဆင္ Ederson ကာကြယ္ႏုိင္ခ့ဲလုိ႔ အာဆင္နယ္ ကံဆုိးခဲ့တယ္။

Bernardo-Silva-Celebrate

Bernardo-Silva-Celebrate

ဒုတိယပုိင္းမွာ လာကာဇက္ Lacazette ၊ ေတာ္ရဲရား Torreira တို႔ ၀င္လာၿပီးေနာက္ပုိင္း အာဆင္နယ္ ကစားပုံတက္လာေပမယ့္ မန္စီးတီးအသင္းက တန္ျပန္တိုက္စစ္ဆင္လာရင္ အသည္းအသန္ ဖ်က္ထုတ္ခဲ့ရတယ္။ ဂြမ္ဒူဇီရဲ႕ အမွားကေန အဂြဲ႐ုိး Aguero အပုိင္တစ္လုံးရခဲ့ေပမယ့္ ပီတာခ်က္ ကာကြယ္ႏုိင္ခဲ့လုိ႔ အာဆင္နယ္ သက္သာရာရခဲ့တာပါ။ ဒါေပမဲ့ သိပ္မၾကာပါဘူး (၅၄)မိနစ္မွာ မန္ဒီ Mandy ခ်ိဳးေပးတာကေန ဘာနာဒုိေဆးလ္ဗား Bernardo Silva က ပယ္နယ္တီဧရိယာထဲ အပုိင္ကန္သြင္းၿပီး ဒုတိယဂုိးသြင္းယူခဲ့တယ္။

Unai-Emery-First-Defat

Unai-Emery-First-Defat

လက္က်န္မိနစ္ေတြမွာ အာဆင္နယ္ အခြင့္အေရးရခဲ့ေပမယ့္ အသုံးမခ်ႏုိင္ခဲ့သလုိ မန္စီးတီးအသင္းက အႏုိင္ဂုိးေတြကုိ ထိန္းသိမ္းဖုိ႔ ႀကိဳးစားခဲ့လုိ႔ (၂-၀)ဂုိးနဲ႔ပဲြၿပီးခဲ့တယ္။ အာဆင္နယ္နည္းျပသစ္ အူႏုိင္းအမ္မရီအတြက္ေတာ့ ပထမဆုံးပရီးမီးယားလိဂ္ပဲြမွာပဲ ႐ႈံးပဲြရင္ဆုိင္ခ့ဲရလုိ႔ စိတ္ပ်က္စရာျဖစ္ခဲ့ရတယ္။ အာဆင္နယ္အသင္းဟာ လာမယ့္တစ္ပတ္က်ရင္လည္း ခ်ယ္လ္ဆီးအသင္းနဲ႔ အေ၀းကြင္းပဲြက်ပ္ ကစားရပါဦးမယ္။

တနဂၤေႏြေန႔ ပရီးမီးယားလိဂ္ရလဒ္မ်ား
လီဗာပူးလ္ ၄-၀ ၀က္စ္ဟမ္း
ေဆာက္သမ္တန္ ၀-၀ ဘန္ေလ
အာဆင္နယ္ ၀-၂ မန္စီးတီး

Photo:Arsenal Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အီမရိတ်စ်မှာ ချန်ပီယံခြေစွမ်းပြပြီး အာဆင်နယ်ကို အနိုင်ယူခဲ့တဲ့ မန်စီးတီး

လက်ရှိချန်ပီယံ မန်စီးတီးအသင်းကတော့ အီမရိတ်စ်ကွင်းမှာ အာဆင်နယ်ကို (၂)ဂိုးပြတ် အနိုင်ကစားပြီး ချန်ပီယံခြေစွမ်းကို ပြသနိုင်ခဲ့တယ်။ ဒီပွဲမှာ ပထမဆုံးဝေဖန်ချင်တာက အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီ Unai Emery ရဲ့ လူထုတ်ပုံပါပဲ။ မန်စီးတီးလို ပြိုင်ဘက်မျိုးနဲ့ပွဲမှာ ဂွမ်ဒူဇီ Guendouzi ၊ မစ်တ်လန်းနိုင်းစ် Maitland-Niles တို့လို လူငယ်ကစားသမားတွေ ပွဲထုတ်ခဲ့တာက အရဲစွန့်ရာရောက်ပါတယ်။ ဂွမ်ဒူဇီဟာ ပွဲအတွေ့အကြုံ အားနည်းလွန်းပြီး သူ့ရဲ့အမှားတွေကြောင့်လည်း အာဆင်နယ်ကွင်းလယ်မှာ အားနည်းချက်တွေ ရှိခဲ့တယ်။ ပွဲစကတည်းက မန်စီးတီးတောင်ပံတိုက်စစ် ကစားသမားတွေဖြစ်တဲ့ စတာလင် Sterling ၊ မာရက်ဇ် Mahrez တို့ရဲ့ အတိုးအလှုပ်တွေကို အာဆင်နယ် Full Backs တွေ မထိန်းနိုင်ခဲ့တာကြောင့် အခွင့်အရေးတွေ ပေးခဲ့ရတယ်။

Mendy-Against-Guendouzi

Mendy-Against-Guendouzi

ဂိုးသမား ပီတာချက် Peter Cech ကလည်း အတွေ့အကြုံနဲ့ မလိုက်အောင် ပေါ့ဆလွန်းလို့ အာဆင်နယ် ဂိုးစောစောပေးရမယ့် အနေအထားနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ ပထမပိုင်း (၁၄)မိနစ်မှာပဲ မန်စီးတီး ဂိုးစရခဲ့ပြီး စတာလင်က ဂိုးဧရိယာထိပ်နားကနေ ကန်သွင်းခဲ့တာပါ။ စတာလင် ဘောလုံးဆွဲလာကတည်းက အဲဒီပုံစံအတိုင်း ကန်မယ်ဆိုတာ သိရက်နဲ့ အာဆင်နယ်ကစားသမားတွေ Press မလုပ်ခဲ့ပါဘူး။

Sterling-Stirkes-For-Goal

Sterling-Stirkes-For-Goal

အာဆင်နယ်ကွင်းလယ်က ရမ်ဆေး Ramsey ၊ အိုဇေးလ် Ozil ၊ မစ်ခီတာရီယန် Mkhitaryan တို့ အားလုံး သာမန်ခြေစွမ်းအောက် ရောက်နေလို့ တိုက်စစ်က ထက်မြက်မှုမရှိသလို Lone Striker အူဘာမီယန်း Aubameyang ပါ ဘာမှ လုပ်လို့မရတဲ့ အနေအထားဖြစ်ခဲ့တယ်။ ဒါပေမဲ့ မန်စီးတီးအသင်းကလည်း ပြိုင်ဘက်က ဖိအားပေးလာရင် အမှားမှားအယွင်းယွင်းဖြစ်လေ့ရှိတာကို အခုထိ မပြင်နိုင်သေးဘူး။ အာဆင်နယ်နောက်ခံလူ ဘယ်လာရင် Bellerín ရဲ့ ကန်ချက်ကို မန်စီးတီးဂိုးသမား အီဒါဆင် Ederson ကာကွယ်နိုင်ခဲ့လို့ အာဆင်နယ် ကံဆိုးခဲ့တယ်။

Bernardo-Silva-Celebrate

Bernardo-Silva-Celebrate

ဒုတိယပိုင်းမှာ လာကာဇက် Lacazette ၊ တော်ရဲရား Torreira တို့ ဝင်လာပြီးနောက်ပိုင်း အာဆင်နယ် ကစားပုံတက်လာပေမယ့် မန်စီးတီးအသင်းက တန်ပြန်တိုက်စစ်ဆင်လာရင် အသည်းအသန် ဖျက်ထုတ်ခဲ့ရတယ်။ ဂွမ်ဒူဇီရဲ့ အမှားကနေ အဂွဲရိုး Aguero အပိုင်တစ်လုံးရခဲ့ပေမယ့် ပီတာချက် ကာကွယ်နိုင်ခဲ့လို့ အာဆင်နယ် သက်သာရာရခဲ့တာပါ။ ဒါပေမဲ့ သိပ်မကြာပါဘူး (၅၄)မိနစ်မှာ မန်ဒီ Mandy ချိုးပေးတာကနေ ဘာနာဒိုဆေးလ်ဗား Bernardo Silva က ပယ်နယ်တီဧရိယာထဲ အပိုင်ကန်သွင်းပြီး ဒုတိယဂိုးသွင်းယူခဲ့တယ်။

Unai-Emery-First-Defat

Unai-Emery-First-Defat

လက်ကျန်မိနစ်တွေမှာ အာဆင်နယ် အခွင့်အရေးရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို မန်စီးတီးအသင်းက အနိုင်ဂိုးတွေကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့လို့ (၂-ဝ)ဂိုးနဲ့ပွဲပြီးခဲ့တယ်။ အာဆင်နယ်နည်းပြသစ် အူနိုင်းအမ်မရီအတွက်တော့ ပထမဆုံးပရီးမီးယားလိဂ်ပွဲမှာပဲ ရှုံးပွဲရင်ဆိုင်ခဲ့ရလို့ စိတ်ပျက်စရာဖြစ်ခဲ့ရတယ်။ အာဆင်နယ်အသင်းဟာ လာမယ့်တစ်ပတ်ကျရင်လည်း ချယ်လ်ဆီးအသင်းနဲ့ အဝေးကွင်းပွဲကျပ် ကစားရပါဦးမယ်။

တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ရလဒ်များ
လီဗာပူးလ် ၄-၀ ဝက်စ်ဟမ်း
ဆောက်သမ်တန် ဝ-၀ ဘန်လေ
အာဆင်နယ် ဝ-၂ မန်စီးတီး

Photo:Arsenal Twitter
Naing Linn(Akhayar)
www.akhayar.com