[Zawgyi]

မန္စီးတီး၊ လီဗာပူးလ္တို႔ ႏုိင္ပဲြဆက္ခဲ့ၿပီး (၂)ပဲြဆက္ႏုိင္ပဲြေပ်ာက္ခဲ့တဲ့ မန္ယူ

ပရီးမီးယားလိဂ္ ပဲြစဥ္(၁၃)စေနေန႔ပဲြေတြမွာ အသင္းႀကီးေတြျဖစ္တဲ့ မန္စီးတီး၊ လီဗာပူးလ္တို႔ ႏုိင္ပဲြဆက္ခဲ့ၾကေပမယ့္ မန္ယူအသင္းကေတာ့ အိမ္ကြင္းမွာ ႏုိင္ပဲြမရွာေဖြႏုိင္ခဲ့ပါဘူး။ တျခားပဲြေတြမွာ အဲဗာတန္၊ ဖူလ္ဟမ္တို႔ ႏုိင္ပဲြကုိယ္စီရခဲ့ၿပီး ဘ႐ုိက္တန္ကေတာ့ သေရနဲ႔သာေက်နပ္ခဲ့ရတယ္။

မန္ယူ ၀-၀ ပဲေလ့စ္

Lukaku-Offside-Goal

Lukaku-Offside-Goal

မန္စီးတီးကုိ ႐ႈံးနိမ့္ခဲ့လုိ႔ ဒီပဲြမွာ မျဖစ္မေနအႏုိင္ယူဖုိ႔ လုိအပ္ခဲ့ေပမယ့္ မန္ယူအသင္းဟာ ပဲေလ့စ္ကုိ သေရသာကစားႏုိင္ခဲ့တယ္။ မန္ယူအသင္းရဲ႕ ေျခစြမ္းက အဆုိးရြားႀကီးမဟုတ္ေပမယ့္လည္း တိုက္စစ္ပုိင္း စြမ္းေဆာင္ရည္ကေတာ့ အားနည္းခ်က္ေတြ အမ်ားႀကီးရွိခဲ့တယ္။ ပဲေလ့စ္လုိအသင္းမ်ိဳးရဲ႕ ခံစစ္ကုိ ထုိးေဖာက္ဖုိ႔ေတာင္ ခက္ခဲေနတဲ့ မန္ယူအတြက္ ဒီလုိရလဒ္ထြက္ခဲ့တာက သိပ္ေတာ့မဆန္းပါဘူး။ ပဲေလ့စ္ဂုိးသမား ဟန္နက္ေဆး Hennessey ကလည္း အမွားအယြင္းမရွိခ့ဲတာေၾကာင့္လည္း ဂုိးမရခဲ့တာပါ။ မန္ယူရဲ႕ Attacking Play က ႐ုိးရွင္းလြန္းၿပီး Central Attacking ထက္ အရင္အတိုင္း Wing ေတြကေနပဲ အဓိက ထုိးေဖာက္ခဲ့လုိ႔ ပဲေလ့စ္ခံစစ္က ထိန္းခ်ဳပ္ႏုိင္ခဲ့တယ္။ စည္းၾကပ္ဒုိင္ရဲ႕ ဆုံးျဖတ္ခ်က္အမွားေတြက ႏွစ္သင္းစလုံးအတြက္ နစ္နာခဲ့ၿပီး ပဲေလ့စ္က သြင္းတဲ့ဂုိး၊ လူကာကူ Lukaku ရဲ႕ဂုိးေတြကုိ မေပးခဲ့ပါဘူး။ ပဲေလ့စ္ရဲ႕ Counter Attack ေတြကေတာင္ မန္ယူကုိ ပုိၿခိမ္းေျခာက္ႏုိင္ခဲ့ၿပီး ပဲေလ့စ္ကစားသမားေတြ အသုံးမခ်ႏုိင္ခဲ့လုိ႔သာ သက္သာခ့ဲတာျဖစ္ပါတယ္။ ဒီပဲြသေရက်ခဲ့တာေၾကာင့္ မန္ယူရဲ႕ ခ်န္ပီယံေမွ်ာ္လင့္ခ်က္ကေတာ့ အဆုံးသတ္လုနီးပါးျဖစ္သြားခဲ့ၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္ရဖုိ႔ေတာင္ ခက္ခက္ခဲခဲႀကိဳးပမ္းရေတာ့မွာပါ။

၀က္စ္ဟမ္း ၀-၄ မန္စီးတီး

Sane-Score

Sane-Score

မန္ယူ ႐ႈံးနိမ့္ခဲ့တဲ့ ၀က္စ္ဟမ္းကုိ မန္စီးတီးက ခပ္လြယ္လြယ္ကစားခဲ့ၿပီး ဂုိးျပတ္ႏုိင္ပဲြပါ ရယူခဲ့တယ္။ မန္စီးတီးရဲ႕ ေျခစြမ္းက တားဆီးလုိ႔မရႏုိင္ေတာ့ဘဲ ကစားသမားတစ္ဦးခ်င္းစီမွာလည္း စိတ္ဓာတ္ပုိင္း၊ ႏုိင္လုိစိတ္၊ နားလည္မႈေတြက အေကာင္းဆုံးအေနအထားကုိ ေရာက္ေနၿပီ။ မန္စီးတီးအသင္းအတြက္ ဂုိးေတြကုိ ေဒးဗစ္ေဆးလ္ဗား David Silva ၊ စတာလင္ Sterling ၊ ဆာေနး Sané (၂ဂုိး)တို႔က သြင္းယူခဲ့ၾကတယ္။

၀က္ဖုိ႔ဒ္ ၀-၃ လီဗာပူးလ္

Alexander-Arnold-Scores

Alexander-Arnold-Scores

အမွတ္ေပးခ်န္ပီယံဆုအတြက္ မန္စီးတီးကုိ ဖိအားေပးေနတဲ့ လီဗာပူးလ္အသင္းကလည္း ၀က္ဖုိ႔ဒ္ကုိ အမွားအယြင္းမရွိ အႏုိင္ကစားခဲ့တယ္။ ေက်နပ္စရာေကာင္းတာက အခုေနာက္ပုိင္း ပဲြေတာ္ေတာ္မ်ားမ်ားမွာ ဂုိးေပါက္ေပ်ာက္ေနတဲ့ ေဖမီႏုိ Roberto Firmino ဂုိးျပန္ရခဲ့တာပါပဲ။ လီဗာပူးလ္အသင္းအတြက္ အဖြင့္ဂုိးကုိ (၆၇)မိနစ္မွာ ဆာလာ Mohamed Salah က သြင္းယူခဲ့ၿပီး (၇၆)မိနစ္မွာ ဖရီးကစ္ကေန အာႏုိးလ္ Alexander-Arnold ၊ (၈၉)မိနစ္မွာ ေဖမီႏုိ Roberto Firmino တို႔က သြင္းယူခဲ့ၾကတာပါ။

Brighton & Hove Albion 1 – 1 Leicester City
Everton 1 – 0 Cardiff City
Fulham 3 – 2 Southampton
Manchester United 0 – 0 Crystal Palace
Watford 0 – 3 Liverpool
West Ham United 0 – 4 Manchester City
Photo:Manchester City,Guardian
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မန်စီးတီး၊ လီဗာပူးလ်တို့ နိုင်ပွဲဆက်ခဲ့ပြီး (၂)ပွဲဆက်နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူ

ပရီးမီးယားလိဂ် ပွဲစဉ်(၁၃)စနေနေ့ပွဲတွေမှာ အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးလ်တို့ နိုင်ပွဲဆက်ခဲ့ကြပေမယ့် မန်ယူအသင်းကတော့ အိမ်ကွင်းမှာ နိုင်ပွဲမရှာဖွေနိုင်ခဲ့ပါဘူး။ တခြားပွဲတွေမှာ အဲဗာတန်၊ ဖူလ်ဟမ်တို့ နိုင်ပွဲကိုယ်စီရခဲ့ပြီး ဘရိုက်တန်ကတော့ သရေနဲ့သာကျေနပ်ခဲ့ရတယ်။

မန်ယူ ဝ-၀ ပဲလေ့စ်

Lukaku-Offside-Goal

Lukaku-Offside-Goal

မန်စီးတီးကို ရှုံးနိမ့်ခဲ့လို့ ဒီပွဲမှာ မဖြစ်မနေအနိုင်ယူဖို့ လိုအပ်ခဲ့ပေမယ့် မန်ယူအသင်းဟာ ပဲလေ့စ်ကို သရေသာကစားနိုင်ခဲ့တယ်။ မန်ယူအသင်းရဲ့ ခြေစွမ်းက အဆိုးရွားကြီးမဟုတ်ပေမယ့်လည်း တိုက်စစ်ပိုင်း စွမ်းဆောင်ရည်ကတော့ အားနည်းချက်တွေ အများကြီးရှိခဲ့တယ်။ ပဲလေ့စ်လိုအသင်းမျိုးရဲ့ ခံစစ်ကို ထိုးဖောက်ဖို့တောင် ခက်ခဲနေတဲ့ မန်ယူအတွက် ဒီလိုရလဒ်ထွက်ခဲ့တာက သိပ်တော့မဆန်းပါဘူး။ ပဲလေ့စ်ဂိုးသမား ဟန်နက်ဆေး Hennessey ကလည်း အမှားအယွင်းမရှိခဲ့တာကြောင့်လည်း ဂိုးမရခဲ့တာပါ။ မန်ယူရဲ့ Attacking Play က ရိုးရှင်းလွန်းပြီး Central Attacking ထက် အရင်အတိုင်း Wing တွေကနေပဲ အဓိက ထိုးဖောက်ခဲ့လို့ ပဲလေ့စ်ခံစစ်က ထိန်းချုပ်နိုင်ခဲ့တယ်။ စည်းကြပ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အမှားတွေက နှစ်သင်းစလုံးအတွက် နစ်နာခဲ့ပြီး ပဲလေ့စ်က သွင်းတဲ့ဂိုး၊ လူကာကူ Lukaku ရဲ့ဂိုးတွေကို မပေးခဲ့ပါဘူး။ ပဲလေ့စ်ရဲ့ Counter Attack တွေကတောင် မန်ယူကို ပိုခြိမ်းခြောက်နိုင်ခဲ့ပြီး ပဲလေ့စ်ကစားသမားတွေ အသုံးမချနိုင်ခဲ့လို့သာ သက်သာခဲ့တာဖြစ်ပါတယ်။ ဒီပွဲသရေကျခဲ့တာကြောင့် မန်ယူရဲ့ ချန်ပီယံမျှော်လင့်ချက်ကတော့ အဆုံးသတ်လုနီးပါးဖြစ်သွားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တောင် ခက်ခက်ခဲခဲကြိုးပမ်းရတော့မှာပါ။

ဝက်စ်ဟမ်း ဝ-၄ မန်စီးတီး

Sane-Score

Sane-Score

မန်ယူ ရှုံးနိမ့်ခဲ့တဲ့ ဝက်စ်ဟမ်းကို မန်စီးတီးက ခပ်လွယ်လွယ်ကစားခဲ့ပြီး ဂိုးပြတ်နိုင်ပွဲပါ ရယူခဲ့တယ်။ မန်စီးတီးရဲ့ ခြေစွမ်းက တားဆီးလို့မရနိုင်တော့ဘဲ ကစားသမားတစ်ဦးချင်းစီမှာလည်း စိတ်ဓာတ်ပိုင်း၊ နိုင်လိုစိတ်၊ နားလည်မှုတွေက အကောင်းဆုံးအနေအထားကို ရောက်နေပြီ။ မန်စီးတီးအသင်းအတွက် ဂိုးတွေကို ဒေးဗစ်ဆေးလ်ဗား David Silva ၊ စတာလင် Sterling ၊ ဆာနေး Sané (၂ဂိုး)တို့က သွင်းယူခဲ့ကြတယ်။

ဝက်ဖို့ဒ် ဝ-၃ လီဗာပူးလ်

Alexander-Arnold-Scores

Alexander-Arnold-Scores

အမှတ်ပေးချန်ပီယံဆုအတွက် မန်စီးတီးကို ဖိအားပေးနေတဲ့ လီဗာပူးလ်အသင်းကလည်း ဝက်ဖို့ဒ်ကို အမှားအယွင်းမရှိ အနိုင်ကစားခဲ့တယ်။ ကျေနပ်စရာကောင်းတာက အခုနောက်ပိုင်း ပွဲတော်တော်များများမှာ ဂိုးပေါက်ပျောက်နေတဲ့ ဖေမီနို Roberto Firmino ဂိုးပြန်ရခဲ့တာပါပဲ။ လီဗာပူးလ်အသင်းအတွက် အဖွင့်ဂိုးကို (၆၇)မိနစ်မှာ ဆာလာ Mohamed Salah က သွင်းယူခဲ့ပြီး (၇၆)မိနစ်မှာ ဖရီးကစ်ကနေ အာနိုးလ် Alexander-Arnold ၊ (၈၉)မိနစ်မှာ ဖေမီနို Roberto Firmino တို့က သွင်းယူခဲ့ကြတာပါ။

Brighton & Hove Albion 1 – 1 Leicester City
Everton 1 – 0 Cardiff City
Fulham 3 – 2 Southampton
Manchester United 0 – 0 Crystal Palace
Watford 0 – 3 Liverpool
West Ham United 0 – 4 Manchester City
Photo:Manchester City,Guardian
Naing Linn(Akhayar)
www.akhayar.com