[Zawgyi]
Navas
Navas
La Liga: 2016–17
Ref: BBC Sport
Ko Kyue(Akhayar)
www.akhayar.com
[Unicode]
ရီးယဲလ်အသင်းဂိုးသမား နာဗတ်စ် Navas ကို ခေါ်ယူဖို့ကြိုးစားလာနိုင်တဲ့ မန်စီးတီး
ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းဟာ ရီးယဲလ်အသင်းဂိုးသမား နာဗတ်စ် Navas ကို အငှားနဲ့ခေါ်ယူဖို႔စိတ်ဝင်စားနေပါတယ်။မန်စီးတီးအသင်း ဒုတိယဂိုးသမား ဘရာဗို Bravo ဟာ ခြေဖနောင့်ကျော စုတ်ပြဲတဲ့ဒဏ်ရာ ရရှိခဲ့တာကြောင့် (၆)လအထိ အနားယူရမယ့် အခြေအနေမှာရှိနေပါတယ်။ မန်စီးတီးအသင်းဟာ အသင်းရဲ့ ဂိုးသမားတွေဖြစ်တဲ့ ဂျိုးဟတ် Joe Hart နဲ့ အန်ဂတ်စ်ဂန်း Angus Gunn တို့ကို ရောင်းထုတ်ခဲ့တာကြောင့် လက်ရှိမှာ ဂိုးသမားပြဿနာကြုံတွေ့နေရပြီး အသင်းမှာ ကြံ့ခိုင်မှုပြည့်ဝတဲ့ ဂိုးသမားဆိုလို့ အီဒါဆန် Ederson တစ်ဦးသာကျန်ရှိနေပါတယ်။ ဒီလိုအနေအထားအနေကြောင့် မန်စီးတီးအသင်းဟာ အရေးပေါ်အခြေအနေတစ်ရပ်အနေနဲ့ ရီးယဲလ်အသင်းဂိုးသမား နာဗတ်စ် Navas ကိုခေါ်ယူဖို့စိတ်ဝင်စားလာခဲ့တာပဲဖြစ်ပါတယ်။
Navas
Navas
ရီးယဲလ်အသင်းဟာ ချယ်လ်ဆီးအသင်းဂိုးသမား ကော်တိုအာ Courtois ကို ခေါ်ယူနိုင်ခဲ့တာကြောင့် ရီးယဲလ်အသင်းမှာ နာဗတ်စ် Navas ရဲ့အနာဂတ်ဟာ စိုးရိမ်စရာကောင်းလာခဲ့ပါတယ်။ အင်္ဂလန်ကလပ်အသင်းတွေ အတွက်အပြောင်းအရွှေ့ကာလဟာ ပြီးဆုံးခဲ့ပြီဖြစ်ပေမယ့် အသင်းက ကစားသမားတစ်ဦးကာလရှည်အနားယူရမယ့် ဒဏ်ရာမျိုးရရှိခဲ့ရင် ကစားသမားအစားထိုးပြန်လည်ခေါ်ယူဖို့ ခွင့်ပြုပေးထားပါတယ်။ နာဗတ်စ် Navas ဟာ ရီးယဲလ်အသင်းမှာလက်စွမ်းပြကစားနေသူဖြစ်ပြီး လက်ရှိအချိန်ထိ ရီးယဲလ်အသင်းအတွက် ပွဲပေါင်း(၁၄၃)ပွဲကစားပေးထားသလို အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုများစွာ ရရှိထားပါတယ်။
နာဗတ်စ် Navas ရဲ့ ရီးယဲလ်ကစားသမားဘ၀ အောင်မြင်မှုများ
La Liga: 2016–17
Supercopa de España: 2017
UEFA Champions League: 2015–16, 2016–17, 2017–18
UEFA Super Cup: 2014, 2017
FIFA Club World Cup: 2014, 2016, 2017
Ref: BBC Sport
Photo: Champions League , BeSoccer
Ko Kyue(Akhayar)
www.akhayar.com