[Zawgyi]

မာရက္ဇ္ Mahrez ကုိ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း(၆၀)နဲ႔ ေခၚယူခဲ့တဲ့ မန္စီးတီး

ပရီးမီးယားလိဂ္လက္ရွိခ်န္ပီယံ မန္စီးတီးအသင္းဟာ လက္စတာအသင္းက အယ္လ္ဂ်ီးရီးယား ေတာင္ပံကစားသမား မာရက္ဇ္ Mahrez ကုိ ေပါင္သန္း(၆၀)နဲ႔ ေခၚယူခဲ့ၿပီး မာရက္ဇ္ဟာ မန္စီးတီးအသင္းရဲ႕ ေျပာင္းေရႊ႕ေၾကးအမ်ားဆုံးကစားသမားထဲမွာ တစ္ဦးအပါအ၀င္အျဖစ္ ရပ္တည္ႏုိင္ခဲ့ပါၿပီ။ အသက္(၂၇)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ မာရက္ဇ္ကုိ မန္စီးတီးအသင္းက ၿပီးခဲ့တဲ့ဇန္န၀ါရီအေျပာင္းအေရႊ႕ကတည္းက ေခၚယူဖုိ႔ ႀကိဳးပမ္းခဲ့ေပမယ့္ လက္စတာအသင္းက ေရာင္းခ်ဖုိ႔ ျငင္းဆန္ခဲ့တာေၾကာင့္ အခုအခ်ိန္မွ ေခၚယူႏုိင္ခဲ့တာျဖစ္ပါတယ္။ မာရက္ဇ္ဟာ ဗုဒၶဟူးေန႔က မန္စီးတီးအသင္းနဲ႔ေဆးစစ္မႈခံယူဖုိ႔အတြက္ လက္စတာအသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ကုိ ပ်က္ကြက္ခဲ့ၿပီး အခု ေဆးစစ္မႈေအာင္ျမင္ခဲ့တဲ့အတြက္ (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ၿပီျဖစ္ပါတယ္။

Mahrez-has-signed-a-five-year-contract-with-Man-City

Mahrez-has-signed-a-five-year-contract-with-Man-City

မာရက္ဇ္က”နည္းျပဂြါဒီယုိလာ Guardiola ရဲ႕ ဦးေဆာင္မႈနဲ႔အတူ ပုံစံေကာင္းေတြျပေနတဲ့ မန္စီးတီးအသင္းဆီ ေျပာင္းေရႊ႕ခြင့္ရခဲ့တဲ့အတြက္ အရမ္းေက်နပ္မိပါတယ္။ ဂြါဒီယုိလာဟာ တိုက္စစ္အားသန္နည္းျပတစ္ဦးျဖစ္တာေၾကာင့္ ကၽြန္ေတာ့္ရဲ႕ကစားဟန္နဲ႔လည္း ကုိက္ညီပါတယ္။ လာမယ့္ႏွစ္ေတြမွာလည္း ကၽြန္ေတာ္တို႔အသင္း ေအာင္ျမင္မႈေတြ ဆက္လက္ရယူႏုိင္မယ္လုိ႔ ယုံၾကည္ၿပီး ဂြါဒီယုိလာနဲ႔လက္တဲြခြင့္ရခဲ့လုိ႔ ကၽြန္ေတာ့္ရဲ႕ ေျခစြမ္းက ဒီထက္ပုိတုိးတက္လာမယ္လုိ႔ ယူဆပါတယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။ ၂၀၁၄ ခုႏွစ္က ျပင္သစ္ကလပ္ Le Havre အသင္းကေန လက္စတာအသင္းကုိ ေျပာင္းေရႊ႕ခဲ့တဲ့ မာရက္ဇ္ဟာ အသင္းနဲ႔အတူ ၂၀၁၅-၁၆ ရာသီ ပရီးမီးယားလိဂ္ဖလားကုိ ဆြတ္ခူးခဲ့ၿပီး တစ္ဦးခ်င္းအေကာင္းဆုံးဆုေတြကုိလည္း ရယူႏုိင္ခဲ့သူျဖစ္ပါတယ္။

Mahrez-has-signed-a-five-year-contract-with-City

Mahrez-has-signed-a-five-year-contract-with-City

မန္စီးတီးအသင္းရဲ႕ ေျပာင္းေရႊ႕ေၾကးအမ်ားဆုံးကစားသမားမ်ား

ဒီဘ႐ုိင္းနား (၀ုလ္ဖ္ဘတ္) – ေပါင္ ၆၇ သန္း

မာရက္ဇ္ (လက္စတာ) – ေပါင္ ၆၀ သန္း

လာေပ့ါတ္ (ဘီလ္ဘာအုိ) – ေပါင္ ၅၇ သန္း

မန္ဒီ (မုိနာကုိ) – ေပါင္ ၅၂ သန္း

စတာလင္ (လီဗာပူးလ္) – ေပါင္ ၄၉ သန္း

REF:Daily Mail
Photo:Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မာရက်ဇ် Mahrez ကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)နဲ့ ခေါ်ယူခဲ့တဲ့ မန်စီးတီး

ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ လက်စတာအသင်းက အယ်လ်ဂျီးရီးယား တောင်ပံကစားသမား မာရက်ဇ် Mahrez ကို ပေါင်သန်း(၆၀)နဲ့ ခေါ်ယူခဲ့ပြီး မာရက်ဇ်ဟာ မန်စီးတီးအသင်းရဲ့ ပြောင်းရွှေ့ကြေးအများဆုံးကစားသမားထဲမှာ တစ်ဦးအပါအဝင်အဖြစ် ရပ်တည်နိုင်ခဲ့ပါပြီ။ အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာရက်ဇ်ကို မန်စီးတီးအသင်းက ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် လက်စတာအသင်းက ရောင်းချဖို့ ငြင်းဆန်ခဲ့တာကြောင့် အခုအချိန်မှ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ မာရက်ဇ်ဟာ ဗုဒ္ဓဟူးနေ့က မန်စီးတီးအသင်းနဲ့ဆေးစစ်မှုခံယူဖို့အတွက် လက်စတာအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို ပျက်ကွက်ခဲ့ပြီး အခု ဆေးစစ်မှုအောင်မြင်ခဲ့တဲ့အတွက် (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီဖြစ်ပါတယ်။

Mahrez-has-signed-a-five-year-contract-with-Man-City

Mahrez-has-signed-a-five-year-contract-with-Man-City

မာရက်ဇ်က”နည်းပြဂွါဒီယိုလာ Guardiola ရဲ့ ဦးဆောင်မှုနဲ့အတူ ပုံစံကောင်းတွေပြနေတဲ့ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ခွင့်ရခဲ့တဲ့အတွက် အရမ်းကျေနပ်မိပါတယ်။ ဂွါဒီယိုလာဟာ တိုက်စစ်အားသန်နည်းပြတစ်ဦးဖြစ်တာကြောင့် ကျွန်တော့်ရဲ့ကစားဟန်နဲ့လည်း ကိုက်ညီပါတယ်။ လာမယ့်နှစ်တွေမှာလည်း ကျွန်တော်တို့အသင်း အောင်မြင်မှုတွေ ဆက်လက်ရယူနိုင်မယ်လို့ ယုံကြည်ပြီး ဂွါဒီယိုလာနဲ့လက်တွဲခွင့်ရခဲ့လို့ ကျွန်တော့်ရဲ့ ခြေစွမ်းက ဒီထက်ပိုတိုးတက်လာမယ်လို့ ယူဆပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်က ပြင်သစ်ကလပ် Le Havre အသင်းကနေ လက်စတာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ မာရက်ဇ်ဟာ အသင်းနဲ့အတူ ၂၀၁၅-၁၆ ရာသီ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးခဲ့ပြီး တစ်ဦးချင်းအကောင်းဆုံးဆုတွေကိုလည်း ရယူနိုင်ခဲ့သူဖြစ်ပါတယ်။

Mahrez-has-signed-a-five-year-contract-with-City

Mahrez-has-signed-a-five-year-contract-with-City

မန်စီးတီးအသင်းရဲ့ ပြောင်းရွှေ့ကြေးအများဆုံးကစားသမားများ

ဒီဘရိုင်းနား (ဝုလ်ဖ်ဘတ်) – ပေါင် ၆၇ သန်း

မာရက်ဇ် (လက်စတာ) – ပေါင် ၆၀ သန်း

လာပေ့ါတ် (ဘီလ်ဘာအို) – ပေါင် ၅၇ သန်း

မန်ဒီ (မိုနာကို) – ပေါင် ၅၂ သန်း

စတာလင် (လီဗာပူးလ်) – ပေါင် ၄၉ သန်း

REF:Daily Mail
Photo:Twitter
Naing Linn(Akhayar)
www.akhayar.com