[Zawgyi]

အိမ္ကြင္းမွာ မန္ယူကုိ ထုိက္ထုိက္တန္တန္ အႏုိင္ယူခဲ့တဲ့ မန္စီးတီး

ေပါ့ဘာ Pogba မရွိရင္ မန္ယူ ကြင္းလယ္က ဘာမွလုပ္လုိ႔ မရဘူးဆုိတာ ဒီပဲြက သက္ေသပါပဲ။ မန္ယူနဲ႔ မန္စီးတီးၾကားမွာ အဆင့္တစ္ခု ကြာသြားၿပီဆုိတာကုိလည္း ဒီပဲြမွာေတြ႕လုိက္ရတယ္။ တစ္ဦးခ်င္းစြမ္းရည္၊ အသင္းလုိက္ ကစားပုံ ဘာမွကုိ ယွဥ္လုိ႔မရခဲ့ဘူး။ အရင္ပဲြေတြတုန္းက ေျခစြမ္းျပခဲ့တဲ့ ဟာရဲရား Ander Herrera ဒီပဲြမွာ စိတ္ပ်က္စရာ ေကာင္းေလာက္ေအာင္ အမွားမ်ားခဲ့တဲ့အျပင္ လင္ဂတ္ Lingard ကလည္း သာမန္ထက္ မပုိခဲ့ပါဘူး။ ပထမပုိင္းစကတည္းက မန္စီးတီး ၀ုန္းဒုိင္းႀကဲ တိုက္စစ္ဆင္ကစားခဲ့ၿပီး မန္ယူကေတာ့ ခံစစ္သက္သက္ပါပဲ။ အဲဒါေၾကာင့္ပဲ (၁၂)မိနစ္မွာတင္ ဂုိးေပးလုိက္ရၿပီး ဘာနာဒုိေဆးလ္ဗား Bernardo Silva ရဲ႕ ေပးပုိ႔မႈကေန ေဒးဗစ္ေဆးလ္ဗား David Silva က ပိတ္သြင္းခဲ့တယ္။

Silva-Scores-First-Goal

Silva-Scores-First-Goal

မန္စီးတီးအသင္းက ဦးေဆာင္ဂုိးရခဲ့ေပမယ့္ ႐ုတ္တရက္ဆုိသလုိ ကစားအားခ်ခဲ့ၿပီး Possession Game ပုံစံ ေျပာင္းလဲခဲ့တယ္။ မႏွစ္က ခံခဲ့ရတဲ့ျဖစ္ရပ္ကုိ ဂြါဒီယုိလာ Guardiola သင္ခန္းစာ ယူၿပီး မန္ယူကုိ ဂုိးေတြ ထပ္သြင္းမယ့္အစား အႏုိင္ေသခ်ာေအာင္ ကစားမယ့္ပုံစံျဖစ္ခဲ့တယ္။ ဒါေပမဲ့ မန္ယူဟာ Possession Game ဆုိရင္ ေကာင္းေကာင္း ကစားႏုိင္တာေၾကာင့္ မန္စီးတီးကုိ ကြင္းလယ္ကုိ ျပန္စီးသြားခဲ့ၿပီး တိုက္စစ္ဆင္မႈေတြ လုပ္လာႏုိင္ခဲ့တယ္။ မာစီယဲလ္ Martial ဟာ သူ႔ဂုိးသြင္းေနၾကပုံစံအတိုင္းပဲ ကန္သြင္းဖုိ႔ ႀကိဳးစားေနလုိ႔ သူ႔ကုိ ထိန္းခ်ဳပ္ရတာ သိပ္မခက္ခဲ့ဘူး။ ဒုတိယပုိင္း ပဲြစလုိ႔ မိနစ္ပုိင္းမွာပဲ အဂြဲ႐ုိး Agüero က ဒုတိယဂုိး သြင္းခဲ့ျပန္တယ္။

Aguero-Strikes

Aguero-Strikes

လင္ဂတ္ Lingard ဆီက ပ်က္လာတဲ့ ေဘာလုံးကုိ မန္စီးတီး အေကာင္းဆုံး အသုံးခ်ႏုိင္ခဲ့တာပါပဲ။ အဲဒီေနာက္မွာေတာ့ ေမာ္ရင္ဟုိ Mourinho က လူကာကူ Lukaku ကုိထည့္ၿပီး တိုက္စစ္ကုိ ေျပာင္းလဲခဲ့တယ္။ (၅၈)မိနစ္မွာ လူကာကူေၾကာင့္ ရခဲ့တဲ့ ပယ္နယ္တီကေန မာစီယဲလ္က ေခ်ပဂုိးတစ္ဂုိး ျပန္သြင္းခဲ့တယ္။ အဲဒီေနာက္ပုိင္းမွာ မန္ယူ ေခ်ပဂုိးရဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ ထိေရာက္တဲ့ တိုက္စစ္ဆင္မႈမ်ိဳးေတာ့ မေတြ႕ခဲ့ရဘူး။

Lukaku-was-fouled-by-Ederson

Lukaku-was-fouled-by-Ederson

မန္စီးတီးရဲ႕ တတိယဂုိးကေတာ့ တကယ့္ကုိ ခ်ီးက်ဴးစရာပါပဲ။ အဲဒီဂုိးဟာ မန္စီးတီးကစားသမားေတြ ေဘာလုံးထိခ်က္ (၄၄)ႀကိမ္အထိ ျပဳလုပ္ခဲ့ၿပီး ဂြန္ဒုိဂမ္ Ilkay Gündogan က အမွားအယြင္းမရွိ ကန္သြင္းခဲ့တာပါ။ ဒီဂုိးဟာ မန္ယူ ခံစစ္ကစားသမားေတြရဲ႕ Marking အားနည္းမႈေၾကာင့္ ေပးလုိက္ရတာလုိ႔ ေျပာရမယ္။ လက္က်န္မိနစ္ေတြမွာေတာ့ မန္စီးတီးက သက္သက္သာသာပဲကစားၿပီး အႏုိင္ရလဒ္ကုိ ရယူသြားခဲ့ပါတယ္။ မန္ယူအသင္းကေတာ့ ဒီရာသီ (၄)ပဲြေျမာက္ ရႈံးပဲြနဲ႔ ရင္ဆုိင္ခဲ့ရၿပီး ပဲြစဥ္(၁၂)အၿပီးမွာပဲ ခ်န္ပီယံဆုဖလားေမွ်ာ္လင့္ခ်က္ကုိ အဆုံးသတ္ရမယ့္ အေနအထားျဖစ္သြားပါၿပီ။

Gündoğan

Gündoğan

တျခားပဲြေတြမွာေတာ့ လီဗာပူးလ္အသင္း ႏုိင္ပဲြရခဲ့ေပမယ့္၊ လန္ဒန္အသင္းေတြျဖစ္တဲ့ ခ်ယ္လ္ဆီးနဲ႔ အာဆင္နယ္တို႔ဟာ အိမ္ကြင္းမွာ အဲဗာတန္၊ ၀ုလ္ဗ္တို႔ကုိ အႏုိင္မကစားခဲ့ဘဲ သေရနဲ႔သာ ၿပီးဆုံးခဲ့ပါတယ္။

Liverpool 2 – 0 Fulham
FTChelsea FC 0 – 0 Everton
FTArsenal 1 – 1 Wolverhampton Wanderers
FTManchester City 3 – 1 Manchester United

Photo:Manchester City Twitter, Opta joe
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အိမ်ကွင်းမှာ မန်ယူကို ထိုက်ထိုက်တန်တန် အနိုင်ယူခဲ့တဲ့ မန်စီးတီး

ပေါ့ဘာ Pogba မရှိရင် မန်ယူ ကွင်းလယ်က ဘာမှလုပ်လို့ မရဘူးဆိုတာ ဒီပွဲက သက်သေပါပဲ။ မန်ယူနဲ့ မန်စီးတီးကြားမှာ အဆင့်တစ်ခု ကွာသွားပြီဆိုတာကိုလည်း ဒီပွဲမှာတွေ့လိုက်ရတယ်။ တစ်ဦးချင်းစွမ်းရည်၊ အသင်းလိုက် ကစားပုံ ဘာမှကို ယှဉ်လို့မရခဲ့ဘူး။ အရင်ပွဲတွေတုန်းက ခြေစွမ်းပြခဲ့တဲ့ ဟာရဲရား Ander Herrera ဒီပွဲမှာ စိတ်ပျက်စရာ ကောင်းလောက်အောင် အမှားများခဲ့တဲ့အပြင် လင်ဂတ် Lingard ကလည်း သာမန်ထက် မပိုခဲ့ပါဘူး။ ပထမပိုင်းစကတည်းက မန်စီးတီး ဝုန်းဒိုင်းကြဲ တိုက်စစ်ဆင်ကစားခဲ့ပြီး မန်ယူကတော့ ခံစစ်သက်သက်ပါပဲ။ အဲဒါကြောင့်ပဲ (၁၂)မိနစ်မှာတင် ဂိုးပေးလိုက်ရပြီး ဘာနာဒိုဆေးလ်ဗား Bernardo Silva ရဲ့ ပေးပို့မှုကနေ ဒေးဗစ်ဆေးလ်ဗား David Silva က ပိတ်သွင်းခဲ့တယ်။

Silva-Scores-First-Goal

Silva-Scores-First-Goal

မန်စီးတီးအသင်းက ဦးဆောင်ဂိုးရခဲ့ပေမယ့် ရုတ်တရက်ဆိုသလို ကစားအားချခဲ့ပြီး Possession Game ပုံစံ ပြောင်းလဲခဲ့တယ်။ မနှစ်က ခံခဲ့ရတဲ့ဖြစ်ရပ်ကို ဂွါဒီယိုလာ Guardiola သင်ခန်းစာ ယူပြီး မန်ယူကို ဂိုးတွေ ထပ်သွင်းမယ့်အစား အနိုင်သေချာအောင် ကစားမယ့်ပုံစံဖြစ်ခဲ့တယ်။ ဒါပေမဲ့ မန်ယူဟာ Possession Game ဆိုရင် ကောင်းကောင်း ကစားနိုင်တာကြောင့် မန်စီးတီးကို ကွင်းလယ်ကို ပြန်စီးသွားခဲ့ပြီး တိုက်စစ်ဆင်မှုတွေ လုပ်လာနိုင်ခဲ့တယ်။ မာစီယဲလ် Martial ဟာ သူ့ဂိုးသွင်းနေကြပုံစံအတိုင်းပဲ ကန်သွင်းဖို့ ကြိုးစားနေလို့ သူ့ကို ထိန်းချုပ်ရတာ သိပ်မခက်ခဲ့ဘူး။ ဒုတိယပိုင်း ပွဲစလို့ မိနစ်ပိုင်းမှာပဲ အဂွဲရိုး Agüero က ဒုတိယဂိုး သွင်းခဲ့ပြန်တယ်။

Aguero-Strikes

Aguero-Strikes

လင်ဂတ် Lingard ဆီက ပျက်လာတဲ့ ဘောလုံးကို မန်စီးတီး အကောင်းဆုံး အသုံးချနိုင်ခဲ့တာပါပဲ။ အဲဒီနောက်မှာတော့ မော်ရင်ဟို Mourinho က လူကာကူ Lukaku ကိုထည့်ပြီး တိုက်စစ်ကို ပြောင်းလဲခဲ့တယ်။ (၅၈)မိနစ်မှာ လူကာကူကြောင့် ရခဲ့တဲ့ ပယ်နယ်တီကနေ မာစီယဲလ်က ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ မန်ယူ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ထိရောက်တဲ့ တိုက်စစ်ဆင်မှုမျိုးတော့ မတွေ့ခဲ့ရဘူး။

Lukaku-was-fouled-by-Ederson

Lukaku-was-fouled-by-Ederson

မန်စီးတီးရဲ့ တတိယဂိုးကတော့ တကယ့်ကို ချီးကျူးစရာပါပဲ။ အဲဒီဂိုးဟာ မန်စီးတီးကစားသမားတွေ ဘောလုံးထိချက် (၄၄)ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ဂွန်ဒိုဂမ် Ilkay Gündogan က အမှားအယွင်းမရှိ ကန်သွင်းခဲ့တာပါ။ ဒီဂိုးဟာ မန်ယူ ခံစစ်ကစားသမားတွေရဲ့ Marking အားနည်းမှုကြောင့် ပေးလိုက်ရတာလို့ ပြောရမယ်။ လက်ကျန်မိနစ်တွေမှာတော့ မန်စီးတီးက သက်သက်သာသာပဲကစားပြီး အနိုင်ရလဒ်ကို ရယူသွားခဲ့ပါတယ်။ မန်ယူအသင်းကတော့ ဒီရာသီ (၄)ပွဲမြောက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီး ပွဲစဉ်(၁၂)အပြီးမှာပဲ ချန်ပီယံဆုဖလားမျှော်လင့်ချက်ကို အဆုံးသတ်ရမယ့် အနေအထားဖြစ်သွားပါပြီ။

Gündoğan

Gündoğan

တခြားပွဲတွေမှာတော့ လီဗာပူးလ်အသင်း နိုင်ပွဲရခဲ့ပေမယ့်၊ လန်ဒန်အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ဟာ အိမ်ကွင်းမှာ အဲဗာတန်၊ ဝုလ်ဗ်တို့ကို အနိုင်မကစားခဲ့ဘဲ သရေနဲ့သာ ပြီးဆုံးခဲ့ပါတယ်။

Liverpool 2 – 0 Fulham
FTChelsea FC 0 – 0 Everton
FTArsenal 1 – 1 Wolverhampton Wanderers
FTManchester City 3 – 1 Manchester United

Photo:Manchester City Twitter, Opta joe
Naing Linn(Akhayar)
www.akhayar.com