[Zawgyi]

ႏုိင္ပဲြကုိယ္စီ ရယူခဲ့ၾကတဲ့ စပါး၊ မန္စီးတီးနဲ႔ လီဗာပူးလ္

ပရီးမီးယားလိဂ္ ပဲြစဥ္(၉)စေနေန႔ ပဲြေတြမွာေတာ့ အသင္းႀကီးေတြျဖစ္တဲ့ စပါး၊ မန္စီးတီးနဲ႔ လီဗာပူးလ္အသင္းတို႔ဟာ အမွားအယြင္းမရွိ ႏုိင္ပဲြကုိယ္စီ ရယူႏုိင္ခဲ့ၾကတယ္။ ပဲြစဥ္(၉)အၿပီး ပရီးမီးယားလိဂ္ (၃)သင္း ႐ႈံးပဲြမရွိေသးတာက အဂၤလန္လိဂ္သမုိင္းတစ္ေလွ်ာက္ တတိယေျမာက္ျဖစ္ပါတယ္။

မန္စီးတီး ၅-၀ ဘန္ေလ

Manchester-City-Players-Celebrate

Manchester-City-Players-Celebrate

ထိပ္ဆုံးေနရာမွာ တည္ၿမဲဖုိ႔အတြက္ ဒီလုိပဲြမ်ိဳးကုိ မန္စီးတီး အမွားမခံခဲ့သလုိ ျပတ္သားတဲ့ရလဒ္ကုိပါ ရယူႏုိင္ခဲ့တယ္။ ဘန္ေလအသင္းကေတာ့ တစ္ပဲြလုံး မန္စီးတီးတိုက္စစ္ကုိ ခုခံေနရင္းနဲ႔ပဲ ဂုိးေတြ တစ္ဂုိးၿပီးတစ္ဂုိး ေပးလုိက္ရတယ္။ မန္စီးတီးအသင္းအတြက္ ဂုိးေတြကုိ အဂြဲ႐ုိး Agüero ၊ ဘာနာဒုိေဆးလ္ဗား Bernardo Silva ၊ ဖာနန္ဒင္ဟုိ Fernandinho ၊ မာရက္ဇ္ Mahrez ၊ ဆာေနး Sané တို႔က သြင္းယူခဲ့ၿပီး လက္ရွိခ်န္ပီယံဘဲြ႕ကုိ ကာကြယ္ဖုိ႔အသင့္ရွိေနတယ္ဆုိတာကုိ ျပသခဲ့တယ္။

၀က္စ္ဟမ္း ၀-၁ စပါး
လန္ဒန္ဒါဘီမွာေတာ့ စပါးအသင္းက လာမယ္လာ Lamela ရဲ႕ တစ္လုံးးတည္းေသာ ဂုိးနဲ႔ အႏုိင္ရခဲ့တယ္။ ဒီပဲြမွာ ႏွစ္သင္းစလုံးရဲ႕ ေျခစြမ္းက သိပ္မကြာဘဲ အခြင့္အေရးဆတူရခဲ့ေပမယ့္ (၄၄)မိနစ္မွာ သြင္းယူခဲ့တဲ့ လာမယ္လာရဲ႕ဂုိးက ဒီပဲြအတြက္ အဆုံးအျဖတ္ျဖစ္သြားခဲ့တာပါ။

ဟတ္ဒါဖီးလ္ ၀-၁ လီဗာပူးလ္

Salah

Salah

ဒီရာသီမွာ ႏုိင္ပဲြမရေသးတဲ့ ဟတ္ဒါဖီးလ္ကုိ လီဗာပူးလ္ အလြယ္တကူ ႏုိင္လိမ့္မယ္လုိ႔ ယူဆခဲ့ေပမယ့္ ဆာလာ Salah ရဲ႕ သြင္းဂုိးေၾကာင့္သာ (၃)မွတ္ရခဲ့တာပါ။ ဟတ္ဒါဖီးလ္ရဲ႕ အိမ္ကြင္း ႐ုန္းကန္အားေၾကာင့္ လီဗာပူးလ္ ခက္ခဲခဲ့ၿပီး ဟတ္ဒါဖီးလ္အခြင့္အေရး တခ်ိဳ႕ရခဲ့ေပမယ့္ ကစားသမားေတြရဲ႕ အရည္အေသြး အားနည္းမႈေၾကာင့္ ေခ်ပဂုိးမရခဲ့တာျဖစ္ပါတယ္။

Chelsea 2 – 2 Manchester United
AFC Bournemouth 0 – 0 Southampton
Cardiff City 4 – 2 Fulham
Manchester City 5 – 0 Burnley
Newcastle United 0 – 1 Brighton & Hove Albion
West Ham United 0 – 1 Tottenham Hotspur
Wolverhampton Wanderers 0 – 2 Watford
Huddersfield Town 0 – 1 Liverpool

Photo:Opta joe Twitter,Manchester City Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

နိုင်ပွဲကိုယ်စီ ရယူခဲ့ကြတဲ့ စပါး၊ မန်စီးတီးနဲ့ လီဗာပူးလ်

ပရီးမီးယားလိဂ် ပွဲစဉ်(၉)စနေနေ့ ပွဲတွေမှာတော့ အသင်းကြီးတွေဖြစ်တဲ့ စပါး၊ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ဟာ အမှားအယွင်းမရှိ နိုင်ပွဲကိုယ်စီ ရယူနိုင်ခဲ့ကြတယ်။ ပွဲစဉ်(၉)အပြီး ပရီးမီးယားလိဂ် (၃)သင်း ရှုံးပွဲမရှိသေးတာက အင်္ဂလန်လိဂ်သမိုင်းတစ်လျှောက် တတိယမြောက်ဖြစ်ပါတယ်။

မန်စီးတီး ၅-၀ ဘန်လေ

Manchester-City-Players-Celebrate

Manchester-City-Players-Celebrate

ထိပ်ဆုံးနေရာမှာ တည်မြဲဖို့အတွက် ဒီလိုပွဲမျိုးကို မန်စီးတီး အမှားမခံခဲ့သလို ပြတ်သားတဲ့ရလဒ်ကိုပါ ရယူနိုင်ခဲ့တယ်။ ဘန်လေအသင်းကတော့ တစ်ပွဲလုံး မန်စီးတီးတိုက်စစ်ကို ခုခံနေရင်းနဲ့ပဲ ဂိုးတွေ တစ်ဂိုးပြီးတစ်ဂိုး ပေးလိုက်ရတယ်။ မန်စီးတီးအသင်းအတွက် ဂိုးတွေကို အဂွဲရိုး Agüero ၊ ဘာနာဒိုဆေးလ်ဗား Bernardo Silva ၊ ဖာနန်ဒင်ဟို Fernandinho ၊ မာရက်ဇ် Mahrez ၊ ဆာနေး Sané တို့က သွင်းယူခဲ့ပြီး လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ဖို့အသင့်ရှိနေတယ်ဆိုတာကို ပြသခဲ့တယ်။

ဝက်စ်ဟမ်း ဝ-၁ စပါး
လန်ဒန်ဒါဘီမှာတော့ စပါးအသင်းက လာမယ်လာ Lamela ရဲ့ တစ်လုံးးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ဒီပွဲမှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းက သိပ်မကွာဘဲ အခွင့်အရေးဆတူရခဲ့ပေမယ့် (၄၄)မိနစ်မှာ သွင်းယူခဲ့တဲ့ လာမယ်လာရဲ့ဂိုးက ဒီပွဲအတွက် အဆုံးအဖြတ်ဖြစ်သွားခဲ့တာပါ။

ဟတ်ဒါဖီးလ် ဝ-၁ လီဗာပူးလ်

Salah

Salah

ဒီရာသီမှာ နိုင်ပွဲမရသေးတဲ့ ဟတ်ဒါဖီးလ်ကို လီဗာပူးလ် အလွယ်တကူ နိုင်လိမ့်မယ်လို့ ယူဆခဲ့ပေမယ့် ဆာလာ Salah ရဲ့ သွင်းဂိုးကြောင့်သာ (၃)မှတ်ရခဲ့တာပါ။ ဟတ်ဒါဖီးလ်ရဲ့ အိမ်ကွင်း ရုန်းကန်အားကြောင့် လီဗာပူးလ် ခက်ခဲခဲ့ပြီး ဟတ်ဒါဖီးလ်အခွင့်အရေး တချို့ရခဲ့ပေမယ့် ကစားသမားတွေရဲ့ အရည်အသွေး အားနည်းမှုကြောင့် ချေပဂိုးမရခဲ့တာဖြစ်ပါတယ်။

Chelsea 2 – 2 Manchester United
AFC Bournemouth 0 – 0 Southampton
Cardiff City 4 – 2 Fulham
Manchester City 5 – 0 Burnley
Newcastle United 0 – 1 Brighton & Hove Albion
West Ham United 0 – 1 Tottenham Hotspur
Wolverhampton Wanderers 0 – 2 Watford
Huddersfield Town 0 – 1 Liverpool

Photo:Opta joe Twitter,Manchester City Twitter
Naing Linn(Akhayar)
www.akhayar.com