ပြီးခဲ့တဲ့တစ်ပတ်က စပါးအသင်းနဲ့ သရေကျပြီး နိုင်ပွဲပျောက်ခဲ့တဲ့ မန်စီးတီးအသင်းဟာ အခုတစ်ပတ်မှာတော့ ဘုန်းမောက်ကို တိုက်စစ်မှူးအဂွဲရိုး Sergio Aguero ရဲ့ ဂိုးတွေကြောင့် (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အိမ်ရှင်ဘုန်းမောက်အသင်းရဲ့ ခံကန်အားကြောင့် မန်စီးတီး အနည်းငယ်ရုန်းကန်ခဲ့ရပေမယ့် လိုအပ်တဲ့အနိုင်ရလဒ်ကို ရယူနိုင်ခဲ့တာပါ။ ဒါပေမဲ့ မန်စီးတီး ခံစစ်က ပြောစရာတွေရှိခဲ့ပြီး Solid မဖြစ်တာကြောင့် ပြိုင်ဘက်က တိုက်စစ်ဆင်လာရင် ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ဘူး။ ဘုန်းမောက် တိုက်စစ်ကစားသမားတွေသာ ဂိုးသွင်းသေချာမယ်ဆိုရင် မန်စီးတီး တော်တော်လေး ရုန်းကန်ရဖို့ရှိတယ်။ နောက်တစ်ချက်ကလည်း မန်စီးတီး ကွင်းလယ်မှာ ခံစစ်ကို Cover လုပ်ပေးနိုင်တဲ့ ဖာနန်ဒင်ဟို Fernandinho လို ကစားသမားမျိုး မပါလို့ ဘုန်းမောက် တိုက်စစ်ဆင်လာတဲ့အခါတိုင်း ကွင်းလယ်မှာတင် မပျက်ဘဲ မန်စီးတီးအသင်းရဲ့ Final Third Zone အထိ ကျွံထွက်လာတာကိုလည်း တွေ့ရတယ်။

ဒီပွဲမှာ ဒိုင်လူကြီး မာရီနာ Marriner ရဲ့ ဆုံးဖြတ်ချက်တွေကလည်း အငြင်းပွားစရာကောင်းပြီး မန်စီးတီးဂိုးသမား အီဒါဆန် Ederson Moraes ကို အနီကတ်မပြခဲ့တာ၊ မန်စီးတီးအသင်းရသင့်တဲ့ ပယ်နယ်တီကို မပေးခဲ့တာတွေက စိတ်ပျက်စရာပါပဲ။ မန်စီးတီးအသင်းရဲ့ တိုက်စစ်စွမ်းဆောင်ရည်ကတော့ အားရစရာကောင်းနေဆဲဖြစ်ပြီး အဲဒါကြောင့်ပဲ ဂိုးတွေ အလွယ်တကူရခဲ့တာပါ။ မန်စီးတီးအသင်းရဲ့ အဖွင့်ဂိုးကို (၁၅)မိနစ်မှာ ဒီဘရိုင်းနား De Bruyne ရဲ့ ကန်ချက် လမ်းကြောင်းလွဲတာကနေ အဂွဲရိုးက ပိတ်သွင်းခဲ့ပြီး (၄၃)မိနစ်မှာ စတာလင် Sterling က ဒုတိယဂိုးသွင်းယူခဲ့တယ်။ ဘုန်းမောက်အသင်းရဲ့ ချေပဂိုးကတော့ Wilson ရဲ့ လှပတဲ့ ဖရီးကစ်ကနေ ရရှိခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ဘုန်းမောက်တို့ ချေပဂိုးထပ်ရဖို့ နီးစပ်ခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘဲ အဂွဲရိုးက တတိယဂိုးထပ်သွင်းခဲ့လို့ ဘုန်းမောက်လည်း ကစားအားကျသွားခဲ့တယ်။ အဂွဲရိုးကတော့ ကစားသမားဘ၀တစ်လျှောက် သွင်းဂိုး(၄၀၀)ပြည့်ခဲ့ပြီး အဲဒီထဲက (၂၃၅)ဂိုးက မန်စီးတီးအသင်းအတွက် သွင်းယူခဲ့တာပါ။

Aston Villa 2 – 0 Everton
Norwich City 2 – 3 Chelsea
Brighton & Hove Albion 0 – 2 Southampton
Manchester United 1 – 2 Crystal Palace
Sheffield United 1 – 2 Leicester City
Watford 1 – 3 West Ham United
Liverpool 3 – 1 Arsenal
AFC Bournemouth 1 – 3 Manchester City
Tottenham Hotspur ? – ? Newcastle United
Wolverhampton Wanderers ? – ? Burnley

Photo:Opta Joe Twitter,Manchester City Twitter
Naing Linn(Akhayar)
www.akhayar.com