[Zawgyi]

ဒီရာသီ ပရီးမီးယားလိဂ္မွာ မန္စီးတီး သြင္းဂုိးစံခ်ိန္သစ္ ထပ္တင္ဦးမွာလား

ပရီးမီးယားလိဂ္မွာ တားမရ၊ ဆီးမရေအာင္ ေျခစြမ္းျပေနတဲ့ မန္စီးတီးအသင္း သူတို႔တင္ခဲ့တဲ့ ပရီးမီးယားလိဂ္ သြင္းဂုိးစံခ်ိန္ကုိ ဒီရာသီမွာ ထပ္ခ်ိဳးဦးမွာလားဆုိတာ စိတ္၀င္စားစရာေကာင္းေနတယ္။ လက္ရွိ ေျခစြမ္းနဲ႔ တိုက္စစ္စြမ္းေဆာင္ရည္အရလည္း မန္စီးတီးအသင္း စံခ်ိန္သစ္တင္ဖုိ႔က ရာခုိင္ႏႈန္းမ်ားေနပါၿပီ။ ပရီးမီးယားလိဂ္ သမုိင္းတစ္ေလွ်ာက္ တစ္ရာသီအတြင္း သြင္းဂုိးအမ်ားဆုံးအျဖစ္ ပထမဆုံး စံခ်ိန္တင္ခဲ့တာက ခ်ယ္လ္ဆီးအသင္းျဖစ္ၿပီး ၂၀၀၉-၁၀ ရာသီတုန္းက (၁၀၃)ဂုိးသြင္းယူခဲ့တာပါ။ အဲဒီစံခ်ိန္ကုိ ၿပီးခဲ့တဲ့ရာသီမွာ မန္စီးတီးအသင္းက (၁၀၆)ဂုိးနဲ႔ ေက်ာ္ျဖတ္ခဲ့ၿပီး အမွတ္(၁၀၀)နဲ႔ ဗုိလ္စဲြခ့ဲတာေၾကာင့္ ရမွတ္စံခ်ိန္ပါ တင္ႏုိင္ခဲ့တယ္။

2017-18-Premier-League-Champions

2017-18-Premier-League-Champions

ဒီရာသီမွာ မန္စီးတီးအသင္းဟာ ပဲြစဥ္(၁၃)ပဲြ ကစားခဲ့ၿပီးပါၿပီ။ ဒီအခ်ိန္မွာတင္ သူတို႔ရဲ႕သြင္းဂုိးက ဂုိး(၄၀)အထိ ရွိေနလုိ႔ တစ္ပဲြပ်မ္းမွ်သြင္းဂုိးက (၃.၀၇၆)ရာခုိင္ႏႈန္းအထိ ရွိေနတယ္။ ဒီပုံစံအတိုင္းသာ ဆက္ထိန္းႏုိင္ရင္ ရာသီကုန္မွာ မန္စီးတီးအသင္းရဲ႕ သြင္းဂုိးက (၁၁၇)ဂုိးအထိ ရွိလာမွာျဖစ္ပါတယ္။ ေနာက္တစ္ခုကလည္း မန္စီးတီးအသင္းဟာ ၂၀၀၃-၀၄ ရာသီက အာဆင္နယ္အသင္းတင္ရွိခ့ဲတဲ့ တစ္ရာသီအတြင္း ႐ႈံးပဲြမရွိ ခ်န္ပီယံဂုဏ္ပုဒ္ကုိ ရယူဖုိ႔ ေမွ်ာ္လင့္ခ်က္ရွိေနၿပီလုိ႔ ဆုိရမယ္။

TOP-10-PREMIER-LEAGUE-GOAL-HAULS-OVER-A-SEASON

TOP-10-PREMIER-LEAGUE-GOAL-HAULS-OVER-A-SEASON

လက္ရွိေျခစြမ္းအရလည္း မန္စီးတီးကုိ တားဆီးႏုိင္မယ့္အသင္းက လီဗာပူးလ္ေလာက္သာ ရွိေနၿပီး မႏွစ္တုန္းကလုိ မျဖစ္ေအာင္ မန္စီးတီး ႀကိဳးစားရမွာပါ။ ၿပီးခဲ့တဲ့ရာသီက မန္စီးတီးအသင္းဟာ ရာသီအစ (၂၂)ပဲြဆက္တိုက္ ႐ႈံးပဲြမရွိခဲ့ဘဲ လီဗာပူးလ္နဲ႔ပဲြက်မွ ႐ႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ မႏွစ္က စံခ်ိန္သစ္မ်ားစြာနဲ႔ ဗုိလ္စဲြခဲ့တဲ့ မန္စီးတီး ဒီရာသီမွာလည္း ဘယ္လုိ စံခ်ိန္သစ္ေတြနဲ႔ ခ်န္ပီယံဆုကုိ ဆြတ္ခူးႏုိင္မလားဆုိတာကေတာ့ . .

REF:Daily Mail
Photo:Sport360,Getty Images,The Independent,Reuters UK
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဒီရာသီ ပရီးမီးယားလိဂ်မှာ မန်စီးတီး သွင်းဂိုးစံချိန်သစ် ထပ်တင်ဦးမှာလား

ပရီးမီးယားလိဂ်မှာ တားမရ၊ ဆီးမရအောင် ခြေစွမ်းပြနေတဲ့ မန်စီးတီးအသင်း သူတို့တင်ခဲ့တဲ့ ပရီးမီးယားလိဂ် သွင်းဂိုးစံချိန်ကို ဒီရာသီမှာ ထပ်ချိုးဦးမှာလားဆိုတာ စိတ်ဝင်စားစရာကောင်းနေတယ်။ လက်ရှိ ခြေစွမ်းနဲ့ တိုက်စစ်စွမ်းဆောင်ရည်အရလည်း မန်စီးတီးအသင်း စံချိန်သစ်တင်ဖို့က ရာခိုင်နှုန်းများနေပါပြီ။ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးအဖြစ် ပထမဆုံး စံချိန်တင်ခဲ့တာက ချယ်လ်ဆီးအသင်းဖြစ်ပြီး ၂၀၀၉-၁၀ ရာသီတုန်းက (၁၀၃)ဂိုးသွင်းယူခဲ့တာပါ။ အဲဒီစံချိန်ကို ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးအသင်းက (၁၀၆)ဂိုးနဲ့ ကျော်ဖြတ်ခဲ့ပြီး အမှတ်(၁၀၀)နဲ့ ဗိုလ်စွဲခဲ့တာကြောင့် ရမှတ်စံချိန်ပါ တင်နိုင်ခဲ့တယ်။

2017-18-Premier-League-Champions

2017-18-Premier-League-Champions

ဒီရာသီမှာ မန်စီးတီးအသင်းဟာ ပွဲစဉ်(၁၃)ပွဲ ကစားခဲ့ပြီးပါပြီ။ ဒီအချိန်မှာတင် သူတို့ရဲ့သွင်းဂိုးက ဂိုး(၄၀)အထိ ရှိနေလို့ တစ်ပွဲပျမ်းမျှသွင်းဂိုးက (၃.၀၇၆)ရာခိုင်နှုန်းအထိ ရှိနေတယ်။ ဒီပုံစံအတိုင်းသာ ဆက်ထိန်းနိုင်ရင် ရာသီကုန်မှာ မန်စီးတီးအသင်းရဲ့ သွင်းဂိုးက (၁၁၇)ဂိုးအထိ ရှိလာမှာဖြစ်ပါတယ်။ နောက်တစ်ခုကလည်း မန်စီးတီးအသင်းဟာ ၂၀၀၃-၀၄ ရာသီက အာဆင်နယ်အသင်းတင်ရှိခဲ့တဲ့ တစ်ရာသီအတွင်း ရှုံးပွဲမရှိ ချန်ပီယံဂုဏ်ပုဒ်ကို ရယူဖို့ မျှော်လင့်ချက်ရှိနေပြီလို့ ဆိုရမယ်။

TOP-10-PREMIER-LEAGUE-GOAL-HAULS-OVER-A-SEASON

TOP-10-PREMIER-LEAGUE-GOAL-HAULS-OVER-A-SEASON

လက်ရှိခြေစွမ်းအရလည်း မန်စီးတီးကို တားဆီးနိုင်မယ့်အသင်းက လီဗာပူးလ်လောက်သာ ရှိနေပြီး မနှစ်တုန်းကလို မဖြစ်အောင် မန်စီးတီး ကြိုးစားရမှာပါ။ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းဟာ ရာသီအစ (၂၂)ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘဲ လီဗာပူးလ်နဲ့ပွဲကျမှ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ မနှစ်က စံချိန်သစ်များစွာနဲ့ ဗိုလ်စွဲခဲ့တဲ့ မန်စီးတီး ဒီရာသီမှာလည်း ဘယ်လို စံချိန်သစ်တွေနဲ့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်မလားဆိုတာကတော့ . .

REF:Daily Mail
Photo:Sport360,Getty Images,The Independent,Reuters UK
Naing Linn(Akhayar)
www.akhayar.com