[Zawgyi]

ဂၽြန္စတုန္းစ္ John Stones ကုိ လစာေငြတိုးျမႇင့္ၿပီး စာခ်ဳပ္သက္တမ္းတိုးဖုိ႔ စီစဥ္ေနတဲ့ မန္စီးတီး

မန္စီးတီးအသင္းဟာ သူတို႔ရဲ႕ ေနာက္ခံလူ ဂၽြန္စတုန္းစ္ John Stones ကုိ တစ္ပတ္လစာ ေပါင္(၁၇၀၀၀၀) အထိ တိုးျမႇင့္ေပးၿပီး စာခ်ဳပ္သက္တမ္းတိုးဖုိ႔ စီစဥ္ေနပါၿပီ။ ဂၽြန္စတုန္းစ္ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြတုနး္က အဂၤလန္အသင္းအတြက္ ေျခစြမ္းျပကစားခဲ့သလုိ အခုရာသီမွာလည္း မန္စီးတီးအသင္းအတြက္ ပုံစံေကာင္း ဆက္လက္ျပေနသူလည္းျဖစ္ပါတယ္။ အဲဒါေၾကာင့္ မန္စီးတီးတာ၀န္ရွိသူေတြဟာ ဂၽြန္စတုန္းစ္ရဲ႕ တိုးတက္မႈကုိ အသိအမွတ္ျပဳတဲ့အေနနဲ လစာေငြ တိုးျမႇင့္စာခ်ဳပ္ခ်ဳပ္ဖုိ႔ စီစဥ္ေနတာျဖစ္ၿပီး ဒီစာခ်ဳပ္သစ္အရ ဂၽြန္စတုန္းစ္ဟာ အသင္းမွာ လစာေငြအမ်ားဆုံးရ ကစားသမားစာရင္းထဲ ပါ၀င္လာေတာ့မွာ ျဖစ္ပါတယ္။

Manchester-City-are-ready-to-offer-John-Stones-a-contract-worth-£170000-per-week

Manchester-City-are-ready-to-offer-John-Stones-a-contract-worth-£170000-per-week

ဂၽြန္စတုန္းစ္ရဲ႕ လက္ရွိစာခ်ဳပ္က ၂၀၂၂ မွ ကုန္ဆုံးမွာျဖစ္ၿပီး အခုေလာေလာဆယ္ တစ္ပတ္ကုိ ေပါင္(၁၂၀၀၀၀) ရရွိေနပါတယ္။ မန္စီးတီးအသင္း တာ၀န္ရွိသူတစ္ဦးက “ဂၽြန္စတုန္းစ္ရဲ႕ လက္ရွိတန္ဖုိးကုိ ကၽြန္ေတာ္တို႔ အားလုံးသိၿပီးသားပါ။ ဒါေပမဲ့ အခု ေစ်းကြက္ေပါက္ေစ်းနဲ႔ယွဥ္ရင္ေတာ့ ျဖစ္သင့္တဲ့တန္ဖုိးထက္ အမ်ားႀကီး နည္းပါးေနပါေသးတယ္။ ကမၻာ႔ဖလားမွာ ျပသခဲ့တဲ့ေျခစြမ္းအရ သူဟာ ကမၻာ႔အေကာင္းဆုံး ေနာက္ခံလူ တစ္ဦးျဖစ္လာမယ္ဆုိတာ အေသအခ်ာျဖစ္ၿပီး ဒီထက္ ပုိတုိးလက္လာဦးမွာပါ”လုိ႔ ေျပာၾကားခဲ့တယ္။ မန္စီးတီးအသင္းဟာ ၂၀၁၆ ခုႏွစ္တုန္းက အဲဗာတန္အသင္းကေန ဂၽြန္စတုန္းစ္ကုိ ေပါင္(၄၇.၅)သန္းနဲ႔ ေခၚယူခဲ့ၿပီး အခုအခ်ိန္အထိ မန္စီးတီးအသင္းအတြက္ (၇၃)ပဲြကစား (၅)ဂုိးသြင္းယူထားသလုိ အသင္းနဲ႔အတူ ပရီးမီးယားလိဂ္၊ လိဂ္ဖလား၊ ကြန္ျမဴနတီဒုိင္းတို႔ကုိ ဆြတ္ခူးႏုိင္ခဲ့ပါတယ္။

REF:Daily Mail
Photo:Footballnewspapers,Goal.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဂျွန်စတုန်းစ် John Stones ကို လစာငွေတိုးမြှင့်ပြီး စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေတဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ သူတို့ရဲ့ နောက်ခံလူ ဂျွန်စတုန်းစ် John Stones ကို တစ်ပတ်လစာ ပေါင်(၁၇၀၀၀၀) အထိ တိုးမြှင့်ပေးပြီး စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေပါပြီ။ ဂျွန်စတုန်းစ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြကစားခဲ့သလို အခုရာသီမှာလည်း မန်စီးတီးအသင်းအတွက် ပုံစံကောင်း ဆက်လက်ပြနေသူလည်းဖြစ်ပါတယ်။ အဲဒါကြောင့် မန်စီးတီးတာဝန်ရှိသူတွေဟာ ဂျွန်စတုန်းစ်ရဲ့ တိုးတက်မှုကို အသိအမှတ်ပြုတဲ့အနေနဲ လစာငွေ တိုးမြှင့်စာချုပ်ချုပ်ဖို့ စီစဉ်နေတာဖြစ်ပြီး ဒီစာချုပ်သစ်အရ ဂျွန်စတုန်းစ်ဟာ အသင်းမှာ လစာငွေအများဆုံးရ ကစားသမားစာရင်းထဲ ပါဝင်လာတော့မှာ ဖြစ်ပါတယ်။

Manchester-City-are-ready-to-offer-John-Stones-a-contract-worth-£170000-per-week

Manchester-City-are-ready-to-offer-John-Stones-a-contract-worth-£170000-per-week

ဂျွန်စတုန်းစ်ရဲ့ လက်ရှိစာချုပ်က ၂၀၂၂ မှ ကုန်ဆုံးမှာဖြစ်ပြီး အခုလောလောဆယ် တစ်ပတ်ကို ပေါင်(၁၂၀၀၀၀) ရရှိနေပါတယ်။ မန်စီးတီးအသင်း တာဝန်ရှိသူတစ်ဦးက “ဂျွန်စတုန်းစ်ရဲ့ လက်ရှိတန်ဖိုးကို ကျွန်တော်တို့ အားလုံးသိပြီးသားပါ။ ဒါပေမဲ့ အခု ဈေးကွက်ပေါက်ဈေးနဲ့ယှဉ်ရင်တော့ ဖြစ်သင့်တဲ့တန်ဖိုးထက် အများကြီး နည်းပါးနေပါသေးတယ်။ ကမ္ဘာ့ဖလားမှာ ပြသခဲ့တဲ့ခြေစွမ်းအရ သူဟာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ တစ်ဦးဖြစ်လာမယ်ဆိုတာ အသေအချာဖြစ်ပြီး ဒီထက် ပိုတိုးလက်လာဦးမှာပါ”လို့ ပြောကြားခဲ့တယ်။ မန်စီးတီးအသင်းဟာ ၂၀၁၆ ခုနှစ်တုန်းက အဲဗာတန်အသင်းကနေ ဂျွန်စတုန်းစ်ကို ပေါင်(၄၇.၅)သန်းနဲ့ ခေါ်ယူခဲ့ပြီး အခုအချိန်အထိ မန်စီးတီးအသင်းအတွက် (၇၃)ပွဲကစား (၅)ဂိုးသွင်းယူထားသလို အသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ လိဂ်ဖလား၊ ကွန်မြူနတီဒိုင်းတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

REF:Daily Mail
Photo:Footballnewspapers,Goal.com
Naing Linn(Akhayar)
www.akhayar.com