[Zawgyi]

မန္စီးတီး-ဟတ္ဒါဖီးလ္ပဲြမွာ ပရိသတ္ေတြ သတိမထားမိခဲ့တဲ့ ထူးျခားခ်က္မ်ား

ဂြါဒီယုိလာ Guardiola ရဲ႕ မန္စီးတီးအသင္းကေတာ့ လက္ရွိခ်န္ပီယံေျခစြမ္း ဆက္ထိန္းခဲ့ၿပီး ဟတ္ဒါဖီးလ္ကုိ (၆-၁)ဂုိးနဲ႔ အျပတ္အသတ္ ေခ်မႈနး္ပစ္ခဲ့တယ္။ အဂြဲ႐ုိး Aguero ရဲ႕ ဟက္ထရစ္နဲ႔အတူ ေဒးဗစ္ေဆးလ္ဗား David Silva ၊ ေဂ်းဆူ Jesus တို႔ကလည္း တစ္တပ္တအား ပါ၀င္ခဲ့ၿပီး ေနာက္တစ္ဂုိးကေတာ့ ဟတ္ဒါဖီးလ္က ကြန္ဂုိလုိ Kongolo ကုိယ့္ဂုိးကုိယ္ သြင္းယူခဲ့တာပါ။ အဲဒီပဲြနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြ မသိလုိက္တဲ့ ထူးျခားခ်က္ေတြကုိ နာမည္ႀကီးၿဗိတိန္သတင္းစာ Daily Mail က အခုလုိ ေဖာ္ျပခဲ့တယ္ . . .

မန္စီးတီး အသင္းသမုိင္းတစ္ေလွ်ာက္ ပထမဆုံး Assists ပုိင္ရွင္ ဂုိးသမား အီဒါဆန္ Ederson

Ederson-became-the-first-goalkeeper-in-Manchester-City-history-to-assist-a-Premier-League-goal

Ederson-became-the-first-goalkeeper-in-Manchester-City-history-to-assist-a-Premier-League-goal

မန္စီးတီးအသင္းရဲ႕ ဘရာဇီးလ္ဂုိးသမား အီဒါဆန္ Ederson ကေတာ့ အသင္းသမုိင္းတစ္ေလွ်ာက္ ဂုိးဖန္တီးမႈ (Assists)ျပဳလုပ္ခဲ့တဲ့ ပထမဆုံးဂုိးသမားအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။ (၂၅)မိနစ္မွာ အဂြဲ႐ုိး သြင္းယူခဲ့တဲ့ အဖြင့္ဂုိးက အီဒါဆင္ ကန္တင္ေပးလုိက္တဲ့ ေဘာလုံးကေနတစ္ဆင့္ သြင္းယူခဲ့တာပါ။

ပဲြၾကည့္ပရိသတ္ျဖစ္ခ့ဲတဲ့ ဒီဘ႐ုိင္းနား De Bruyne

De-Bruyne-watches-the-match-from-the-stands-with-team-mate-Fabian-Delph

De-Bruyne-watches-the-match-from-the-stands-with-team-mate-Fabian-Delph

မန္စီးတီးအသင္းရဲ႕ ေအာင္ပဲြကုိ ပဲြၾကည့္ပရိသတ္တစ္ဦးအျဖစ္သာ ၾကည့္ခြင့္ရခဲ့တဲ့သူ တစ္ဦးရွိပါတယ္။ အဲဒါကေတာ့ ေလ့က်င့္ေရးကြင္းမွာ ဒူးဒဏ္ရာရခဲ့လုိ႔ (၃)လအထိ အနားယူရမယ့္ ကြင္းလယ္လူ ဒီဘ႐ုိင္းနား De Bruyne ပါပဲ။ ဒီဘ႐ုိင္းနားနဲ႔အတူ ပဲြၾကည့္ပရိသတ္ျဖစ္ခဲ့တာကေတာ့ ေနာက္ထပ္ကြင္းလယ္လူ ေဖဘီယန္ဒဲ့လ္ဖ္ Fabian Delph ျဖစ္ၿပီး သူလည္း ဒဏ္ရာေၾကာင့္ ဟတ္ဒါဖီးလ္နဲ႔ပဲြမွာ ပါ၀င္ခဲ့ျခင္းမရွိပါဘူး။

Hat-trick hero အဂြဲ႐ုိး

Sergio-Aguero-bagged-his-ninth-Premier-League-hat-trick

Sergio-Aguero-bagged-his-ninth-Premier-League-hat-trick

မန္စီးတီးအသင္း သမုိင္းတစ္ေလွ်ာက္ သြင္းဂုိးအမ်ားဆုံး တိုက္စစ္မွဴး အဂြဲ႐ုိးဟာ ဒီပဲြမွာလည္း သူ႔ရဲ႕ ပုံစံေကာင္းကုိ ဆက္ျပခဲ့ၿပီး ဟက္ထရစ္ သြင္းယူခဲ့တယ္။ Goal Machine အဂြဲ႐ုိးအတြက္ ဒါဟာ ပရီးမီးယားလိဂ္ (၉)ႀကိမ္ေျမာက္ ဟက္ထရစ္ျဖစ္ခဲ့ၿပီး ပရီးမီးယားလိဂ္ဂႏၳ၀င္တိုက္စစ္မွဴး အလန္ရွီးယား Alan Shearer ရဲ႕ စံခ်ိန္ျဖစ္တဲ့ (၁၁)ႀကိမ္ကုိ ေက်ာ္ျဖတ္ႏုိင္ဖုိ႔ နီးစပ္ေနပါၿပီ။

ဂုဏ္ယူစရာ မွတ္တမ္းတစ္ခု ရယူခဲ့တဲ့ ေဒးဗစ္ေဆးလ္ဗား

David-Silva-walks-out-with-healthy-son-as-mascot-ahead-of-Huddersfield-clash

David-Silva-walks-out-with-healthy-son-as-mascot-ahead-of-Huddersfield-clash

မန္စီးတီးကြင္းလယ္လူ ေဒးဗစ္ေဆးလ္ဗားဟာ ဟတ္ဒါဖီးလ္နဲ႔ပဲြမွာ ပရီးမီးယားလိဂ္ပဲြ(၂၅၀)ျပည့္ေျမာက္ခဲ့ၿပီး ဂုဏ္ယူစရာမွတ္တမ္းတစ္ခု ပုိင္ဆုိင္ခဲ့ပါတယ္။ အဲဒါကေတာ့ စပိန္ကစားသမားေတြထဲမွာ စတုတၳေျမာက္ ပဲြအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ႏုိင္ခဲ့တာပါ။ သူ႔ထက္ ပရီးမီးယားလိဂ္ပဲြပုိမ်ားတဲ့သူေတြက အာတီတာ Arteta (၂၈၄ပဲြ)၊ ေရနာ Reina (၂၈၅ပဲြ)၊ ဖာဘရီဂတ္စ္ Fabregas (၃၄၄ပဲြ)တို႔ပဲ ျဖစ္ပါတယ္။

REF:Daily Mail
Photo:Evening Standard,Stadium Astro,Manchester City,Fox Sports
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မန်စီးတီး-ဟတ်ဒါဖီးလ်ပွဲမှာ ပရိသတ်တွေ သတိမထားမိခဲ့တဲ့ ထူးခြားချက်များ

ဂွါဒီယိုလာ Guardiola ရဲ့ မန်စီးတီးအသင်းကတော့ လက်ရှိချန်ပီယံခြေစွမ်း ဆက်ထိန်းခဲ့ပြီး ဟတ်ဒါဖီးလ်ကို (၆-၁)ဂိုးနဲ့ အပြတ်အသတ် ချေမှုန်းပစ်ခဲ့တယ်။ အဂွဲရိုး Aguero ရဲ့ ဟက်ထရစ်နဲ့အတူ ဒေးဗစ်ဆေးလ်ဗား David Silva ၊ ဂျေးဆူ Jesus တို့ကလည်း တစ်တပ်တအား ပါဝင်ခဲ့ပြီး နောက်တစ်ဂိုးကတော့ ဟတ်ဒါဖီးလ်က ကွန်ဂိုလို Kongolo ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တာပါ။ အဲဒီပွဲနဲ့ပတ်သက်ပြီး ပရိသတ်တွေ မသိလိုက်တဲ့ ထူးခြားချက်တွေကို နာမည်ကြီးဗြိတိန်သတင်းစာ Daily Mail က အခုလို ဖော်ပြခဲ့တယ် . . .

မန်စီးတီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံး Assists ပိုင်ရှင် ဂိုးသမား အီဒါဆန် Ederson

Ederson-became-the-first-goalkeeper-in-Manchester-City-history-to-assist-a-Premier-League-goal

Ederson-became-the-first-goalkeeper-in-Manchester-City-history-to-assist-a-Premier-League-goal

မန်စီးတီးအသင်းရဲ့ ဘရာဇီးလ်ဂိုးသမား အီဒါဆန် Ederson ကတော့ အသင်းသမိုင်းတစ်လျှောက် ဂိုးဖန်တီးမှု (Assists)ပြုလုပ်ခဲ့တဲ့ ပထမဆုံးဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ (၂၅)မိနစ်မှာ အဂွဲရိုး သွင်းယူခဲ့တဲ့ အဖွင့်ဂိုးက အီဒါဆင် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကနေတစ်ဆင့် သွင်းယူခဲ့တာပါ။

ပွဲကြည့်ပရိသတ်ဖြစ်ခဲ့တဲ့ ဒီဘရိုင်းနား De Bruyne

De-Bruyne-watches-the-match-from-the-stands-with-team-mate-Fabian-Delph

De-Bruyne-watches-the-match-from-the-stands-with-team-mate-Fabian-Delph

မန်စီးတီးအသင်းရဲ့ အောင်ပွဲကို ပွဲကြည့်ပရိသတ်တစ်ဦးအဖြစ်သာ ကြည့်ခွင့်ရခဲ့တဲ့သူ တစ်ဦးရှိပါတယ်။ အဲဒါကတော့ လေ့ကျင့်ရေးကွင်းမှာ ဒူးဒဏ်ရာရခဲ့လို့ (၃)လအထိ အနားယူရမယ့် ကွင်းလယ်လူ ဒီဘရိုင်းနား De Bruyne ပါပဲ။ ဒီဘရိုင်းနားနဲ့အတူ ပွဲကြည့်ပရိသတ်ဖြစ်ခဲ့တာကတော့ နောက်ထပ်ကွင်းလယ်လူ ဖေဘီယန်ဒဲ့လ်ဖ် Fabian Delph ဖြစ်ပြီး သူလည်း ဒဏ်ရာကြောင့် ဟတ်ဒါဖီးလ်နဲ့ပွဲမှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။

Hat-trick hero အဂွဲရိုး

Sergio-Aguero-bagged-his-ninth-Premier-League-hat-trick

Sergio-Aguero-bagged-his-ninth-Premier-League-hat-trick

မန်စီးတီးအသင်း သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး တိုက်စစ်မှူး အဂွဲရိုးဟာ ဒီပွဲမှာလည်း သူ့ရဲ့ ပုံစံကောင်းကို ဆက်ပြခဲ့ပြီး ဟက်ထရစ် သွင်းယူခဲ့တယ်။ Goal Machine အဂွဲရိုးအတွက် ဒါဟာ ပရီးမီးယားလိဂ် (၉)ကြိမ်မြောက် ဟက်ထရစ်ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ဂန္ထဝင်တိုက်စစ်မှူး အလန်ရှီးယား Alan Shearer ရဲ့ စံချိန်ဖြစ်တဲ့ (၁၁)ကြိမ်ကို ကျော်ဖြတ်နိုင်ဖို့ နီးစပ်နေပါပြီ။

ဂုဏ်ယူစရာ မှတ်တမ်းတစ်ခု ရယူခဲ့တဲ့ ဒေးဗစ်ဆေးလ်ဗား

David-Silva-walks-out-with-healthy-son-as-mascot-ahead-of-Huddersfield-clash

David-Silva-walks-out-with-healthy-son-as-mascot-ahead-of-Huddersfield-clash

မန်စီးတီးကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားဟာ ဟတ်ဒါဖီးလ်နဲ့ပွဲမှာ ပရီးမီးယားလိဂ်ပွဲ(၂၅၀)ပြည့်မြောက်ခဲ့ပြီး ဂုဏ်ယူစရာမှတ်တမ်းတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။ အဲဒါကတော့ စပိန်ကစားသမားတွေထဲမှာ စတုတ္ထမြောက် ပွဲအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။ သူ့ထက် ပရီးမီးယားလိဂ်ပွဲပိုများတဲ့သူတွေက အာတီတာ Arteta (၂၈၄ပွဲ)၊ ရေနာ Reina (၂၈၅ပွဲ)၊ ဖာဘရီဂတ်စ် Fabregas (၃၄၄ပွဲ)တို့ပဲ ဖြစ်ပါတယ်။

REF:Daily Mail
Photo:Evening Standard,Stadium Astro,Manchester City,Fox Sports
Naing Linn(Akhayar)
www.akhayar.com