ထိပ်တန်းအဆင့် လိဂ်ပြိုင်ပွဲတွေမှာ နည်းပြအဖြစ် ဆောက်ရွက်ဖို့ဆိုတာက သိပ်လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး။ ကြီးမားတဲ့ ဖိအား၊ စိန်ခေါ်မှုတွေနဲ့ မလွဲမသွေရင်ဆိုင်ရမှာဖြစ်သလို ထိပ်သီးအသင်းတစ်သင်းရဲ့ နည်းပြဆိုရင်တော့ ဒီထက်ပိုဆိုးမယ့်အနေအထားပါပဲ။ ထိပ်တန်းလိဂ်ပြိုင်ပွဲ တစ်ခုမှာတောင် အောင်မြင်မှု ရဖို့ခက်ခဲရင် လိဂ်ပြိုင်ပွဲ(၃)ခုမှာ ဆုဖလားတွေ ကိုင်မြှောက်ဖို့ဆိုတာက ပိုခက်ခဲပြီပေါ့။ ဒါပေမဲ့ ဥရောပထိပ်သီးလိဂ် (၃)ခုဖြစ်တဲ့ ပရီးမီးယားလိဂ်၊ စီးရီးအေနဲ့ လာလီဂါပြိုင်ပွဲတွေမှာ အောင်မြင်မှုရယူခဲ့တဲ့ နည်းပြတွေ ရှိပါတယ်။ အဲဒီနည်းပြတွေက ဘယ်သူတွေလဲဆိုတော့ . . .

Jose Mourinho
အခုလောလောဆယ် မန်ယူအသင်းမှာ ရုန်းကန်နေရပေမယ့် မော်ရင်ဟို Jose Mourinho ရဲ့ မှတ်တမ်းကို ပြန်ကြည့်ရင် အထင်ကြီးစရာပါပဲ။ ချယ်လ်ဆီးအသင်းနဲ့ အတူ ပရီးမီးယားလိဂ်ဖလား (၃)ကြိမ်အပါအ၀င် ဆုဖလား (၈)ခု၊ အင်တာမီလန်မှာ တစ်ရာသီအတွင်း ဆုဖလား(၃)ခု ရယူခဲ့တဲ့အပြင် ရီးယဲလ်အသင်းမှာလည်း လာလီဂါ၊ စပိန်ဘုရင့်ဖလားတွေ ရယူခဲ့တယ်။

Mourinho

Mourinho

Chelsea
Premier League: 2004–05, 2005–06, 2014–15
FA Cup: 2006–07
Football League Cup: 2004–05, 2006–07, 2014–15
FA Community Shield: 2005

Inter Milan
Serie A: 2008–09, 2009–10
Coppa Italia: 2009–10
Supercoppa Italiana: 2008
UEFA Champions League: 2009–10

Real Madrid
La Liga: 2011–12
Copa del Rey: 2010–11
Supercopa de España: 2012

Rafael Benitez
စပိန်လူမျိုးနည်းပြ ဘင်နီတက်ဇ် Rafael Benitez ဟာလည်း လာလီဂါ၊ ပရီးမီးယားလိဂ်နဲ့ စီးရီးအေပြိုင်ပွဲတွေမှာ အဓိက ဆုဖလားတွေ ရယူခဲ့ဖူးသူပါ။ ဗလင်စီယာအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၂၀၀၁ ကနေ ၂၀၀၄ ခုနှစ်အတွင်း ရီးယဲလ်၊ ဘာစီလိုနာတို့ကို ကျော်ဖြတ်ပြီး လာလီဂါချန်ပီယံ(၂)ကြိမ် ရယူခဲ့တာကတော့ လေးစားစရာပါပဲ။ အင်္ဂလန်မြေမှာလည်း လီဗာပူးလ်အသင်းနဲ့အတူ အောင်မြင်မှု မှတ်တိုင်စိုက်ထူခဲ့ပြီး နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ (၅)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ရယူပေးခဲ့တယ်။ ချယ်လ်ဆီးအသင်းကို ကာလတိုကိုင်တွယ်ခဲ့တုန်းကလည်း ၂၀၁၃ ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့ပြန်ပါတယ်။ စီးရီးအေမှာတော့ အင်တာမီလန်၊ နာပိုလီအသင်းတွေကို ကိုင်တွယ်ခဲ့ပြီး ဆုဖလားတချို့ရယူခဲ့တယ်။

Rafael-Benitez

Rafael-Benitez

Valencia
La Liga: 2001–02, 2003–04
UEFA Cup: 2003–04

Liverpool
FA Cup: 2005–06
FA Community Shield: 2006
UEFA Champions League: 2004–05
UEFA Super Cup: 2005

Inter Milan
Supercoppa Italiana: 2010
FIFA Club World Cup: 2010

Chelsea
UEFA Europa League: 2012–13

Napoli
Coppa Italia: 2013–14
Supercoppa Italiana: 2014

Carlo Ancelotti
အန်ဆယ်လော့တီ Carlo Ancelotti ရဲ့ အောင်မြင်မှုမျိုးကတော့ တော်ရုံနည်းပြတစ်ဦးအတွက် လိုက်မီဖို့ ခက်ခဲပါတယ်။ နည်းပြဘ၀အစပိုင်းကလွဲပြီး နောက်ပိုင်းမှာ သူ ကိုင်တွယ်ခဲ့တဲ့အသင်းတိုင်းအတွက် ဆုဖလား ရယူနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းတစ်ခုကိုလည်း ပိုင်ဆိုင်ထားတယ်။ ဥရောပထိပ်သီးလိဂ် (၄)ခုဖြစ်တဲ့ စီးရီးအေ၊ ပရီးမီးယားလိဂ်၊ ပြင်သစ်လီဂူး၊ ဘွန်ဒစ်လီဂါပြိင်ပွဲတွေမှာ အမှတ်ပေးချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ ရှားရှားပါးပါးနည်းပြတစ်ဦးပါပဲ။

Ancelotti

Ancelotti

Milan
Serie A: 2003–04
Coppa Italia: 2002–03
Supercoppa Italiana: 2004
UEFA Champions League: 2002–03, 2006–07
UEFA Super Cup: 2003, 2007
FIFA Club World Cup: 2007

Chelsea
Premier League: 2009–10
FA Cup: 2009–10
FA Community Shield: 2009

Real Madrid
Copa del Rey: 2013–14
UEFA Champions League: 2013–14
UEFA Super Cup: 2014
FIFA Club World Cup: 2014

REF:.sportskeeda
Photo:Football Fancast,The Sun,Pinterest,
Naing Linn(Akhayar)
www.akhayar.com