[Zawgyi]

အဂၤလန္မွာ နည္းျပေတြကုိ အ၀ါကတ္၊ အနီကတ္ျပမယ့္စညး္မ်ဥ္း လာၿပီ

အဂၤလန္ေဘာလုံးအဖဲြ႕ခ်ဳပ္(FA)က လာမယ့္၂၀၁၈-၁၉ ရာသီက စၿပီး နည္းျပေတြ Technical Area ထဲမွာ ဆုိးရြားတဲ့အျပဳအမူ လုပ္ခဲ့ရင္ အ၀ါကတ္၊ အနီကတ္ေတြျပသသြားမယ့္ စည္းမ်ဥ္းကုိ က်င့္သုံးသြားေတာ့မွာျဖစ္ပါတယ္။ ဒါေပမဲ့ ကံေကာင္းတာက ပရီးမီးယားလိဂ္ေတာ့ မပါဘူး။ FA ဖလား၊ ေအာက္တန္းလိဂ္ၿပိဳင္ပဲြေတြ၊ လိဂ္ဖလား၊ EFL Trophy နဲ႔ National League ၿပိဳင္ပဲြေတြမွာပဲ အဲဒီ စနစ္ကုိ က်င့္သုံးသြားမွာပါ။ အေရးယူမယ့္ပုံစံကေတာ့ အ၀ါကတ္(၄)ကတ္ျပသခံရမယ္၊ ဒါမွမဟုတ္ အဲဒီနည္းျပက အျပဳအမူေပၚမူတည္ၿပီး (၁)ပဲြကေန (၁၆)ပဲြအထိ ပဲြပယ္ခံရမွာျဖစ္ပါတယ္။ အရင္တုန္းကဆုိရင္ ဒုိင္လူႀကီးေတြအေနနဲ႔ နည္းျပတစ္ဦးက ႐ုိင္း႐ုိင္းစုိင္းစုိင္း ျပဳမူခဲ့ရင္ သတိေပးမယ္၊ ပုိဆုိးလာရင္ေတာ့ အဲဒီနည္းျပကုိ ကြင္းထဲက ထုတ္ပယ္တာမ်ိဳးပဲရွိခ့ဲတယ္။

Guardiola-Argue-to-Oliver

Guardiola-Argue-to-Oliver

အခု စနစ္အရ နည္းျပတစ္ဦးဟာ ႐ုိင္းစုိင္းတဲ့အသုံးအႏႈနး္ေျပာဆုိရင္ ဒါမွမဟုတ္ ႐ုိင္းပ်တဲ့အျပအမူက်ဴးလြန္ရင္ ၊ ေဒါသေပါက္ကဲြၿပီး ေရဗူးကုိ ကန္တာ၊ လႊင့္ပစ္တာ၊ ေလွာင္ေျပာင္တဲ့သေဘာနဲ႔ လက္ခုပ္တီးတာ၊ အ၀ါကတ္၊ အနီကတ္ျပဖုိ႔ လက္ေ၀ွ႔ရမ္းၿပီးေတာင္းဆုိတာေတြ လုပ္ခဲ့မယ္ဆုိရင္ အေရးယူခံရမွာပါ။

Mourinho-Kicking-Water-Bottle

Mourinho-Kicking-Water-Bottle

ေနာက္ၿပီး ပရီးမီးယားလိဂ္အပါအ၀င္ လိဂ္ၿပိဳင္ပဲြေတြမွာ အ၀ါကတ္(၅)ကတ္ျပည့္လုိ႔ ပဲြပယ္ခံရတာ၊ အနီကတ္ေၾကာင့္ (၃)ပဲြပယ္ခံရမယ့္ကစားသမားေတြကုိ အရင္လုိ ဖလားပဲြေတြပါ ပဲြပယ္ျပစ္ဒဏ္သတ္မွတ္သြားမွာမဟုတ္ဘဲ လိဂ္ပဲြ သီးသန္႔ပဲ ပဲြပယ္ခံရမွာျဖစ္ပါတယ္။

REF:BBC
Photo:Soul Central Magazine,SportsBible,Melody Travers
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အင်္ဂလန်မှာ နည်းပြတွေကို အဝါကတ်၊ အနီကတ်ပြမယ့်စည်းမျဉ်း လာပြီ

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က လာမယ့်၂၀၁၈-၁၉ ရာသီက စပြီး နည်းပြတွေ Technical Area ထဲမှာ ဆိုးရွားတဲ့အပြုအမူ လုပ်ခဲ့ရင် အဝါကတ်၊ အနီကတ်တွေပြသသွားမယ့် စည်းမျဉ်းကို ကျင့်သုံးသွားတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့ ကံကောင်းတာက ပရီးမီးယားလိဂ်တော့ မပါဘူး။ FA ဖလား၊ အောက်တန်းလိဂ်ပြိုင်ပွဲတွေ၊ လိဂ်ဖလား၊ EFL Trophy နဲ့ National League ပြိုင်ပွဲတွေမှာပဲ အဲဒီ စနစ်ကို ကျင့်သုံးသွားမှာပါ။ အရေးယူမယ့်ပုံစံကတော့ အဝါကတ်(၄)ကတ်ပြသခံရမယ်၊ ဒါမှမဟုတ် အဲဒီနည်းပြက အပြုအမူပေါ်မူတည်ပြီး (၁)ပွဲကနေ (၁၆)ပွဲအထိ ပွဲပယ်ခံရမှာဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် ဒိုင်လူကြီးတွေအနေနဲ့ နည်းပြတစ်ဦးက ရိုင်းရိုင်းစိုင်းစိုင်း ပြုမူခဲ့ရင် သတိပေးမယ်၊ ပိုဆိုးလာရင်တော့ အဲဒီနည်းပြကို ကွင်းထဲက ထုတ်ပယ်တာမျိုးပဲရှိခဲ့တယ်။

Guardiola-Argue-to-Oliver

Guardiola-Argue-to-Oliver

အခု စနစ်အရ နည်းပြတစ်ဦးဟာ ရိုင်းစိုင်းတဲ့အသုံးအနှုန်းပြောဆိုရင် ဒါမှမဟုတ် ရိုင်းပျတဲ့အပြအမူကျူးလွန်ရင် ၊ ဒေါသပေါက်ကွဲပြီး ရေဗူးကို ကန်တာ၊ လွှင့်ပစ်တာ၊ လှောင်ပြောင်တဲ့သဘောနဲ့ လက်ခုပ်တီးတာ၊ အဝါကတ်၊ အနီကတ်ပြဖို့ လက်ဝှေ့ရမ်းပြီးတောင်းဆိုတာတွေ လုပ်ခဲ့မယ်ဆိုရင် အရေးယူခံရမှာပါ။

Mourinho-Kicking-Water-Bottle

Mourinho-Kicking-Water-Bottle

နောက်ပြီး ပရီးမီးယားလိဂ်အပါအဝင် လိဂ်ပြိုင်ပွဲတွေမှာ အဝါကတ်(၅)ကတ်ပြည့်လို့ ပွဲပယ်ခံရတာ၊ အနီကတ်ကြောင့် (၃)ပွဲပယ်ခံရမယ့်ကစားသမားတွေကို အရင်လို ဖလားပွဲတွေပါ ပွဲပယ်ပြစ်ဒဏ်သတ်မှတ်သွားမှာမဟုတ်ဘဲ လိဂ်ပွဲ သီးသန့်ပဲ ပွဲပယ်ခံရမှာဖြစ်ပါတယ်။

REF:BBC
Photo:Soul Central Magazine,SportsBible,Melody Travers
Naing Linn(Akhayar)
www.akhayar.com