[Zawgyi]

တစ္ခ်ိန္ကေဘာလံုးသမား အခုေတာ႔ နည္းျပမ်ား အပိုင္း(၂)

ပရိသတ္ေတြအတြက္ တစ္ခ်ိန္ကေဘာလံုးသမား အခုေတာ႔ နည္းျပမ်ား အပိုင္း(၁)ကိုေဖာ္ျပေပးခဲ႔ျပီးပါျပီ။ အခုဆက္လက္ျပီး အပိုင္း(၂)ကိုေဖာ္ျပေပးလိုက္ပါတယ္။

(၁) အြန္နရီ Henry

henry

Henry

အာဆင္နယ္အသင္းရဲ႕ ဂႏၳ၀င္တိုက္စစ္မႈး အြန္နရီ Henry ဟာ နည္းျပေလာကထဲကို ၂၀၁၆ ခုႏွစ္က ဘယ္လ္ဂ်ီယံအသင္းရဲ႕ လက္ေထာက္နည္းျပအျဖစ္စတင္ ၀င္ေရာက္ခဲ႔သူပါ။ အြန္နရီဟာ ျပီးခဲ႔တဲ႔ ၂၀၁၈ ကမၻာ႔ဖလားျပိဳင္ပြဲမွာ ဘယ္လ္ဂ်ီယံအသင္းနဲ႔အတူ တတိယဆုကိုရရိွခဲ႔ပါတယ္။ လက္ရိွမွာေတာ႔ အြန္နရီဟာ အသင္းေဟာင္း မိုနာကိုအသင္းရဲ႕ နည္းျပျဖစ္လာခဲ႔ပါျပီ။ မိုနာကုိအသင္းဟာ ရလဒ္ေတြဆိုးေနတာေၾကာင္႔ အြန္နရီအေနနဲ႔ အသင္းကို အေကာင္းဆံုးဆြဲတင္ေပးႏိုင္မလားဆိုတာ စိတ္၀င္စားစရာပါ။ကစားသမားဘ၀မွာ ေအာင္ျမင္ခဲ႔တဲ႔ အြန္နရီအေနနဲ႔ နည္းျပဘ၀မွာလည္း ေအာင္ျမင္မႈရယူႏိုင္မလား ဆိုတာကိုေတာ႔ ေစာင္႔ၾကည္႕ၾကရမွာပါ။

(၂) ဂတ္တူဆို Gattuso

Gattuso

Gattuso

ေအစီမီလန္အသင္းရဲ႕ ဂႏၳ၀င္ကစားသမား ဂတ္တူဆို Gattuso ဟာ လက္ရိွမွာ အသင္းေဟာင္း ေအစီမီလန္အသင္းကို တာ၀န္ယူကိုင္တြယ္ေနပါတယ္။ ေအစီမီလန္အသင္းဟာ နည္းျပအေျပာင္းအလဲေတြမ်ားေနျပီး တည္ျငိမ္မႈအားနည္းေနခ်ိန္မွာ ဂတ္တူဆိုကို နည္းျပအျဖစ္ခန္႔အပ္ခဲ႔တာျဖစ္သလို သူ႔ရဲ႕လက္ထက္မွာ အသင္းဟာတိုးတက္မႈေတြ ရိွလာခဲ႔ပါတယ္။ ဂတ္တူဆိုဟာ ကစားသမားဘ၀မွာ ခပ္ၾကမ္းၾကမ္းကစားသလို နည္းျပအျဖစ္ အသင္းကိုကိုင္တြယ္ရာမွာလည္း ႏိုင္လိုစိတ္ျပင္းထန္ျပီး ကစားေတြရဲ႕ စိတ္ဓာတ္ပိုင္းကို ျမွင္႔တင္ႏိုင္စြမ္းရိွသူပဲျဖစ္ပါတယ္။ ဂတ္တူဆိုဟာ လက္ရိွအခ်ိန္ထိ ေအစီမီလန္အသင္းကို ပြဲေပါင္း(၄၃)ပြဲ ကိုင္တြယ္ထားျပီး (၂၁)ပြဲႏိုင္ ၊ (၁၃)ပြဲသေရ ၊ (၉)ပြဲရံႈးရလဒ္ရရိွထားသလို ႏိုင္ပြဲရာခိုင္ႏႈန္းအေနနဲ႔ (၄၈.၈၄) ရာခိုင္ႏႈန္းရရိွထားပါတယ္။

(၃) ဇီဒန္း Zidane

Zidane

Zidane

၂၀၁၄ ခုႏွစ္က ရီးယဲလ္မက္ဒရစ္ Castilla အသင္းကိုစတင္ကိုင္တြယ္ျပီး နည္းျပေလာကထဲကို ၀င္ေရာက္ခဲ႔တဲ႔ ဇီဒန္း Zidane ကေတာ႔ ထိပ္တန္းနည္းျပဘ၀ကို ျမန္ျမန္ဆန္ဆန္ပဲေရာက္ရိွခဲ႔ပါတယ္။ ၂၀၁၆ ခုႏွစ္က ရီးယဲလ္မက္ဒရစ္အသင္း ရလဒ္ေတြဆိုးေနခ်ိန္မွာ အသင္းဥကၠဌ ပီရက္ဇ္ Perez က ရီးယဲလ္မက္ဒရစ္ Castilla အသင္းကို ကိုင္တြယ္ေနတဲ႔ အသင္းရဲ႕ ဂႏၳ၀င္ကစားသမားေဟာင္း ဇီဒန္းရဲ႕ လက္ထဲကို ရီးယဲလ္မက္ဒရစ္အသင္းကို ထည္႔ေပးခဲ႔ျပီး ေလာင္းကစားဆန္ဆန္ အေျပာင္းအလဲတစ္ခုျပဳလုပ္ခဲ႔ပါတယ္။ ပီရက္ဇ္ရဲ႕ အေျပာင္းအလဲဟာ မွန္ကန္ခဲ႔တယ္လို႔ ေျပာရမွာပါ။ ဘာလို႔လဲ ဆိုေတာ႔ ဇီဒန္းဟာ ရီးယဲလ္မက္ဒရစ္အသင္းကို အေကာင္းဆံုးဦးေဆာင္ခဲ႔ျပီး လာလီဂါ ခ်န္ပီယံဆု(၁)ၾကိမ္နဲ႔ ခ်န္ပီယံလိဂ္ခ်န္ပီယံဆု (၃)ႏွစ္ဆက္ အပါအ၀င္ တျခားဆုဖလားမ်ားစြာကိုလည္း ရရိွေအာင္စြမ္းေဆာင္ေပးခဲ႔ပါတယ္။ ကစားသမားဘ၀မွာေရာ နည္းျပဘ၀မွာပါ ခ်န္ပီယံလိဂ္ခ်န္ပီယံဆုကို ရရိွခဲ႔သူအျဖစ္ မွတ္တမ္း၀င္ထားတဲ႔ ဇီဒန္းဟာ လက္ရိွမွာနည္းျပဘ၀ကေန ခဏနားေနသူပဲျဖစ္ပါတယ္။ ဇီဒန္းေနာက္ထပ္ ကိုင္တြယ္မယ္႔အသင္းက ဘယ္အသင္းျဖစ္လာမလဲဆိုတာကလည္း စိတ္၀င္စားဖို႔ေကာင္းေနတာအမွန္ပါပဲ။

တစ္ခ်ိန္ကေဘာလံုးသမား အခုေတာ႔ နည္းျပမ်ား အပိုင္း(၁) ဖတ္ရန္လင္႔ခ္

Photo: Kurier , Ghanasoccernet.com , Socceruncle , Football24
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

တစ်ချိန်ကဘောလုံးသမား အခုတော့ နည်းပြများ အပိုင်း(၂)

ပရိသတ်တွေအတွက် တစ်ချိန်ကဘောလုံးသမား အခုတော့ နည်းပြများ အပိုင်း(၁)ကိုဖော်ပြပေးခဲ့ပြီးပါပြီ။ အခုဆက်လက်ပြီး အပိုင်း(၂)ကိုဖော်ပြပေးလိုက်ပါတယ်။

(၁) အွန်နရီ Henry

henry

Henry

အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှုး အွန်နရီ Henry ဟာ နည်းပြလောကထဲကို ၂၀၁၆ ခုနှစ်က ဘယ်လ်ဂျီယံအသင်းရဲ့ လက်ထောက်နည်းပြအဖြစ်စတင် ဝင်ရောက်ခဲ့သူပါ။ အွန်နရီဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံအသင်းနဲ့အတူ တတိယဆုကိုရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ အွန်နရီဟာ အသင်းဟောင်း မိုနာကိုအသင်းရဲ့ နည်းပြဖြစ်လာခဲ့ပါပြီ။ မိုနာကိုအသင်းဟာ ရလဒ်တွေဆိုးနေတာကြောင့် အွန်နရီအနေနဲ့ အသင်းကို အကောင်းဆုံးဆွဲတင်ပေးနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ကစားသမားဘဝမှာ အောင်မြင်ခဲ့တဲ့ အွန်နရီအနေနဲ့ နည်းပြဘဝမှာလည်း အောင်မြင်မှုရယူနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ကြရမှာပါ။

(၂) ဂတ်တူဆို Gattuso

Gattuso

Gattuso

အေစီမီလန်အသင်းရဲ့ ဂန္ထဝင်ကစားသမား ဂတ်တူဆို Gattuso ဟာ လက်ရှိမှာ အသင်းဟောင်း အေစီမီလန်အသင်းကို တာဝန်ယူကိုင်တွယ်နေပါတယ်။ အေစီမီလန်အသင်းဟာ နည်းပြအပြောင်းအလဲတွေများနေပြီး တည်ငြိမ်မှုအားနည်းနေချိန်မှာ ဂတ်တူဆိုကို နည်းပြအဖြစ်ခန့်အပ်ခဲ့တာဖြစ်သလို သူ့ရဲ့လက်ထက်မှာ အသင်းဟာတိုးတက်မှုတွေ ရှိလာခဲ့ပါတယ်။ ဂတ်တူဆိုဟာ ကစားသမားဘဝမှာ ခပ်ကြမ်းကြမ်းကစားသလို နည်းပြအဖြစ် အသင်းကိုကိုင်တွယ်ရာမှာလည်း နိုင်လိုစိတ်ပြင်းထန်ပြီး ကစားတွေရဲ့ စိတ်ဓာတ်ပိုင်းကို မြှင့်တင်နိုင်စွမ်းရှိသူပဲဖြစ်ပါတယ်။ ဂတ်တူဆိုဟာ လက်ရှိအချိန်ထိ အေစီမီလန်အသင်းကို ပွဲပေါင်း(၄၃)ပွဲ ကိုင်တွယ်ထားပြီး (၂၁)ပွဲနိုင် ၊ (၁၃)ပွဲသရေ ၊ (၉)ပွဲရှုံးရလဒ်ရရှိထားသလို နိုင်ပွဲရာခိုင်နှုန်းအနေနဲ့ (၄၈.၈၄) ရာခိုင်နှုန်းရရှိထားပါတယ်။

(၃) ဇီဒန်း Zidane

Zidane

Zidane

၂၀၁၄ ခုနှစ်က ရီးယဲလ်မက်ဒရစ် Castilla အသင်းကိုစတင်ကိုင်တွယ်ပြီး နည်းပြလောကထဲကို ဝင်ရောက်ခဲ့တဲ့ ဇီဒန်း Zidane ကတော့ ထိပ်တန်းနည်းပြဘဝကို မြန်မြန်ဆန်ဆန်ပဲရောက်ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က ရီးယဲလ်မက်ဒရစ်အသင်း ရလဒ်တွေဆိုးနေချိန်မှာ အသင်းဥက္ကဌ ပီရက်ဇ် Perez က ရီးယဲလ်မက်ဒရစ် Castilla အသင်းကို ကိုင်တွယ်နေတဲ့ အသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်း ဇီဒန်းရဲ့ လက်ထဲကို ရီးယဲလ်မက်ဒရစ်အသင်းကို ထည့်ပေးခဲ့ပြီး လောင်းကစားဆန်ဆန် အပြောင်းအလဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ ပီရက်ဇ်ရဲ့ အပြောင်းအလဲဟာ မှန်ကန်ခဲ့တယ်လို့ ပြောရမှာပါ။ ဘာလို့လဲ ဆိုတော့ ဇီဒန်းဟာ ရီးယဲလ်မက်ဒရစ်အသင်းကို အကောင်းဆုံးဦးဆောင်ခဲ့ပြီး လာလီဂါ ချန်ပီယံဆု(၁)ကြိမ်နဲ့ ချန်ပီယံလိဂ်ချန်ပီယံဆု (၃)နှစ်ဆက် အပါအဝင် တခြားဆုဖလားများစွာကိုလည်း ရရှိအောင်စွမ်းဆောင်ပေးခဲ့ပါတယ်။ ကစားသမားဘဝမှာရော နည်းပြဘဝမှာပါ ချန်ပီယံလိဂ်ချန်ပီယံဆုကို ရရှိခဲ့သူအဖြစ် မှတ်တမ်းဝင်ထားတဲ့ ဇီဒန်းဟာ လက်ရှိမှာနည်းပြဘဝကနေ ခဏနားနေသူပဲဖြစ်ပါတယ်။ ဇီဒန်းနောက်ထပ် ကိုင်တွယ်မယ့်အသင်းက ဘယ်အသင်းဖြစ်လာမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေတာအမှန်ပါပဲ။

တစ်ချိန်ကဘောလုံးသမား အခုတော့ နည်းပြများ အပိုင်း(၁) ဖတ်ရန်လင့်ခ်

Photo: Kurier , Ghanasoccernet.com , Socceruncle , Football24
Ko Kyue(Akhayar)
www.akhayar.com