[Zawgyi]

တစ္ခ်ိန္ကေဘာလံုးသမား အခုေတာ႔ နည္းျပမ်ား အပိုင္း(၁)

ေဘာလံုးေလာကမွာ ကစားသမားဘ၀ကေန အနားယူျပီးရင္ နည္းျပေလာကထဲကို၀င္ေရာက္တာဟာ သိပ္ျပီးထူးဆန္းတဲ႔ အရာေတာ႔ မဟုတ္ပါဘူး။ ဒါေပမဲ႔ တစ္ခ်ိန္က ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ကစားသမား ေတာ္ေတာ္မ်ားမ်ားဟာ လက္ရိွမွာေတာ႔ နည္းျပေလာကထဲကို ၀င္ေရာက္ေနၾကပါျပီ။ သူတို႔ေတြဟာ နည္းျပဘ၀မွာ ေအာင္ျမင္မႈရမလားဆိုတာ မေသခ်ာေပမယ္႔ ကစားသမားဘ၀က ၾကီးမားတဲ႔ ေအာင္ျမင္မႈေတြေၾကာင္႔ ပရိသတ္ေတြရဲ႕ စိတ္၀င္စားေစာင္႔ၾကည္႔ျခင္းကို ခံေနရသူေတြပါ။ ဒါေၾကာင္႔ ပရိသတ္ေတြအတြက္ တစ္ခ်ိန္ကေဘာလံုးသမား အခုေတာ့ နည္းျပမ်ား အပိုင္း(၁)ကိုေဖာ္ျပေပးလိုက္ပါတယ္။

(၁) ဗီအဲရာ Vieira

Vieira

Vieira

အာဆင္နယ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ေဟာင္း ဂႏၳ၀င္ကစားသမား ဗီအဲရာ Vieira ဟာ ၂၀၁၆ ခုႏွစ္ထဲက နည္းျပေလာကထဲကို၀င္ေရာက္ေနခဲ႔တာပါ။ ဗီအဲရာဟာ နည္းျပဘ၀အစမွာ New York City အသင္းကို တာ၀န္ယူကိုင္တြယ္ခဲ႔ျပီး လက္ရိွမွာေတာ႔ ျပင္သစ္ကလပ္ ႏိုက္စ္အသင္းကို တာ၀န္ယူကိုင္တြယ္ေနပါတယ္။ ဗီအဲရာရဲ႕ နည္းျပဘ၀စြမ္းေဆာင္ရည္ဟာ လက္ရိွအခ်ိန္ထိ ထင္သေလာက္ အားရစရာမေကာင္းေသးတာေၾကာင္႔ ထိပ္တန္းနည္းျပျဖစ္လာမွာမလားဆိုတာကိုေတာ႔ ေစာင္႔ၾကည္႕ၾကရဦးမွာပဲ ျဖစ္ပါတယ္။

(၂) ဂ်ာရတ္ Gerrard

Gerrard

Gerrard

လီဗာပူးလ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ေဟာင္း ဂႏၳ၀င္ကစားသမား ဂ်ာရတ္ Gerrard ဟာ နည္းျပေလာကထဲကို ေရာက္ရိွေနတာ ပူပူေႏြးေႏြးပဲရိွပါေသးတယ္။ ဂ်ာရတ္ဟာ လက္ရိွအခ်ိန္မွာ စေကာ႔တလန္နာမည္ေက်ာ္ ရိန္းဂ်ားစ္အသင္းကို တာ၀န္ယူေနျပီး ရလဒ္ေကာင္းေတြရရိွေအာင္ စြမ္းေဆာင္ထားတာေၾကာင္႔ အနာဂတ္မွာ ထိပ္တန္းနည္းျပျဖစ္လာဖို႔ အလားအလာေကာင္းေတြပိုင္ဆိုင္ထားသူလို႔ ေျပာရမွာပါ။ ဂ်ာရတ္ဟာ လက္ရိွအခ်ိန္ထိ ရိန္းဂ်ားစ္အသင္းကို ပြဲေပါင္း(၂၀)ကိုင္တြယ္ထားျပီး (၁၁)ပြဲႏိုင္ ၊ (၇)ပြဲသေရ ၊ (၂)ပြဲရံႈးရလဒ္ရရိွထားသလို ႏိုင္ပြဲရာခိုင္ႏႈန္းအေနနဲ႔ (၅၅. ၀၀) ရာခိုင္ႏႈန္းရရိွထားပါတယ္။

(၃) လမ္းပတ္ Lampard

Lampard

Lampard

ခ်ယ္လ္ဆီးအသင္းရဲ႕ ဂႏၳ၀င္ကစားသမား လမ္းပတ္ Lampard ဟာလည္း နည္းျပေလာကထဲကို ေရာက္ရိွေနတာ ပူပူေႏြးေႏြးပဲရိွပါေသးတယ္။ လမ္းပတ္ဟာ လက္ရိွအခ်ိန္မွာ လိဂ္ခ်န္ပီယံရွစ္ကလပ္ ဒါဘီအသင္းကို ကိုင္တြယ္ေနျပၤီး လိဂ္ဖလားျပိဳင္ပြဲမွာ မန္ယူအသင္းကို အိုးထရက္ဖို႔ဒ္မွာ အႏိုင္ယူခဲ႔တဲ႔အထိ စြမ္းေဆာင္ရည္ေကာင္းေတြကို ျပသခဲ႔သူပဲျဖစ္ပါတယ္။ လမ္းပတ္ဟာ အတိုင္းအတာတစ္ခုထိ စြမ္းေဆာင္ရည္ေကာင္းကို ျပသထားတာေၾကာင္႔ အနာဂတ္မွာ ထိပ္တန္းနည္းျပျဖစ္လာမလားဆိုတာ စိတ္၀င္စားဖို႔ ေကာင္းေနပါတယ္။

Photo: CryptoCashEasy.com EN , MK Bet 24/7 , SLA News Planet , Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

တစ်ချိန်ကဘောလုံးသမား အခုတော့ နည်းပြများ အပိုင်း(၁)

ဘောလုံးလောကမှာ ကစားသမားဘဝကနေ အနားယူပြီးရင် နည်းပြလောကထဲကိုဝင်ရောက်တာဟာ သိပ်ပြီးထူးဆန်းတဲ့ အရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ချိန်က ပရိသတ်တွေရဲ့ အချစ်တော်ကစားသမား တော်တော်များများဟာ လက်ရှိမှာတော့ နည်းပြလောကထဲကို ဝင်ရောက်နေကြပါပြီ။ သူတို့တွေဟာ နည်းပြဘဝမှာ အောင်မြင်မှုရမလားဆိုတာ မသေချာပေမယ့် ကစားသမားဘဝက ကြီးမားတဲ့ အောင်မြင်မှုတွေကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားစောင့်ကြည့်ခြင်းကို ခံနေရသူတွေပါ။ ဒါကြောင့် ပရိသတ်တွေအတွက် တစ်ချိန်ကဘောလုံးသမား အခုတော့ နည်းပြများ အပိုင်း(၁)ကိုဖော်ပြပေးလိုက်ပါတယ်။

(၁) ဗီအဲရာ Vieira

Vieira

Vieira

အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း ဂန္ထဝင်ကစားသမား ဗီအဲရာ Vieira ဟာ ၂၀၁၆ ခုနှစ်ထဲက နည်းပြလောကထဲကိုဝင်ရောက်နေခဲ့တာပါ။ ဗီအဲရာဟာ နည်းပြဘဝအစမှာ New York City အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ပြီး လက်ရှိမှာတော့ ပြင်သစ်ကလပ် နိုက်စ်အသင်းကို တာဝန်ယူကိုင်တွယ်နေပါတယ်။ ဗီအဲရာရဲ့ နည်းပြဘဝစွမ်းဆောင်ရည်ဟာ လက်ရှိအချိန်ထိ ထင်သလောက် အားရစရာမကောင်းသေးတာကြောင့် ထိပ်တန်းနည်းပြဖြစ်လာမှာမလားဆိုတာကိုတော့ စောင့်ကြည့်ကြရဦးမှာပဲ ဖြစ်ပါတယ်။

(၂) ဂျာရတ် Gerrard

Gerrard

Gerrard

လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း ဂန္ထဝင်ကစားသမား ဂျာရတ် Gerrard ဟာ နည်းပြလောကထဲကို ရောက်ရှိနေတာ ပူပူနွေးနွေးပဲရှိပါသေးတယ်။ ဂျာရတ်ဟာ လက်ရှိအချိန်မှာ စကော့တလန်နာမည်ကျော် ရိန်းဂျားစ်အသင်းကို တာဝန်ယူနေပြီး ရလဒ်ကောင်းတွေရရှိအောင် စွမ်းဆောင်ထားတာကြောင့် အနာဂတ်မှာ ထိပ်တန်းနည်းပြဖြစ်လာဖို့ အလားအလာကောင်းတွေပိုင်ဆိုင်ထားသူလို့ ပြောရမှာပါ။ ဂျာရတ်ဟာ လက်ရှိအချိန်ထိ ရိန်းဂျားစ်အသင်းကို ပွဲပေါင်း(၂၀)ကိုင်တွယ်ထားပြီး (၁၁)ပွဲနိုင် ၊ (၇)ပွဲသရေ ၊ (၂)ပွဲရှုံးရလဒ်ရရှိထားသလို နိုင်ပွဲရာခိုင်နှုန်းအနေနဲ့ (၅၅. ၀၀) ရာခိုင်နှုန်းရရှိထားပါတယ်။

(၃) လမ်းပတ် Lampard

Lampard

Lampard

ချယ်လ်ဆီးအသင်းရဲ့ ဂန္ထဝင်ကစားသမား လမ်းပတ် Lampard ဟာလည်း နည်းပြလောကထဲကို ရောက်ရှိနေတာ ပူပူနွေးနွေးပဲရှိပါသေးတယ်။ လမ်းပတ်ဟာ လက်ရှိအချိန်မှာ လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းကို ကိုင်တွယ်နြေင်္ပီး လိဂ်ဖလားပြိုင်ပွဲမှာ မန်ယူအသင်းကို အိုးထရက်ဖို့ဒ်မှာ အနိုင်ယူခဲ့တဲ့အထိ စွမ်းဆောင်ရည်ကောင်းတွေကို ပြသခဲ့သူပဲဖြစ်ပါတယ်။ လမ်းပတ်ဟာ အတိုင်းအတာတစ်ခုထိ စွမ်းဆောင်ရည်ကောင်းကို ပြသထားတာကြောင့် အနာဂတ်မှာ ထိပ်တန်းနည်းပြဖြစ်လာမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Photo: CryptoCashEasy.com EN , MK Bet 24/7 , SLA News Planet , Goal.com
Ko Kyue(Akhayar)
www.akhayar.com