[Zawgyi]

လင္ဂတ္ရဲ႕ (၁၃)ဂိုးေျမာက္ဂိုးနဲ႔ မန္ခ်က္စတာယူႏုိက္တက္အႏုိင္ရ

မန္ခ်က္စတာယူႏုိက္တက္နည္းျပ ေမာ္ရင္ဟို Mourinho က သူနဲ႔ဆက္ဆံေရးအဆင္မေျပဘူးလို႔ သတင္းေတြထြက္ေနတဲ့ ေပါ့ဘာ Pogba ကို ပြဲထြက္လူစာရင္းမွာ ျပန္သံုးခဲ့ပါတယ္။ ေပါ့ဘာအႀကိဳက္ဆံုးေနရာ (၄-၃-၃)ကစားကြက္ရဲ႕ ကြင္းလယ္သံုးေယာက္တန္းဘယ္ေတာင္ပံမွာထားကစားခဲ့ပါတယ္။ တုိက္စစ္သံုးေယာက္တန္းမွာ မာစီယဲလ္ Martial ၊ လူကာကူ Lukaku ၊ ဆန္းခ်က္ဇ္ Sanchez တို႔ကို ထားကစားခဲ့ပါတယ္။ ဒါေပမဲ့ ခ်ယ္လ္ဆီးကြင္းလယ္နဲ႔ တုိက္စစ္အခင္းအက်င္းကို မန္ခ်က္စတာမယွဥ္ႏုိင္ခဲ့ဘူး။ ၀ီလီယံ Willian ၊ ဟာဇက္ Hazard တို႔ကို လံုး၀မထိန္းႏုိင္ခဲ့ဘူး။ (၃၂)မိနစ္မွာ ဟာဇက္လွလွပပေပးတာကေန ၀ီလီယံက အျပင္းကန္သြင္းၿပီး ခ်ယ္လ္ဆီးအတြက္ ဦးေဆာင္ဂိုးသြင္းယူခဲ့ပါတယ္။ ဂိုးေပးလုိက္ရေပမယ့္ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ကစားပံုကသိပ္မထူးျခားဘူး။ ဒါေပမဲ့ မိနစ္ (၄၀)မွာ မန္ခ်က္စတာယူႏုိက္တက္ ေခ်ပဂိုးရခဲ့ပါတယ္။ ဆန္းခ်က္ဇ္၊ မာစီယဲလ္တြဲလံုးကေန လူကာကူက အနီးကပ္ကန္သြင္းခဲ့တာပါပဲ။ လူကာကူအတြက္ ဒီရာသီထိပ္ဆံုးအသင္း(၈)သင္းနဲ႔ ရင္ဆုိင္ေတြ႕ရာမွာ ပထမဆံုးဂိုးသြင္းႏုိင္ခဲ့တာပါပဲ။

 

ဒုတိယပိုင္းမွာ မန္ခ်က္စတာယူႏုိက္တက္က ပြဲကိုပိုၿပီးစုိးမိုးႏုိင္ခဲ့ပါတယ္။ ခ်ယ္လ္ဆီးနည္းျပ ကြန္တီ Conte က ဟာဇက္ကို လူစားလဲခဲ့လို႔ ကစားကြက္ပိုၿပီးအားနည္းသြားရတယ္။ (၆၄)မိနစ္မွာ လင္ဂတ္ Lingard ကိုအစားထိုးၿပီး မန္ခ်က္စတာယူႏုိက္တက္ တုိက္စစ္ေျပာင္းလဲခဲ့ပါတယ္။ (၇၅)မိနစ္မွာ လင္ဂတ္က လူကာကူရဲ႕ ျဖတ္တင္ေဘာကို ေျပး၀င္ေခါင္းတိုက္ၿပီး မန္ခ်က္စတာယူႏုိက္တက္အတြက္ အႏုိ္င္ဂိုးသြင္းယူေပးခဲ့ပါတယ္။ ခ်ယ္လ္ဆီး ဂ်ရူး၊ ဖာဘရီဂတ္စ္တုိ႔ထည့္ၿပီး အေျပာင္းအလဲလုပ္ခဲ့ေပမယ့္ မန္ခ်က္စတာယူႏုိက္တက္က ဘာယီ Bailly ကိုထည့္ၿပီး ခံစစ္ကိုဦးစားေပးခဲ့လို႔ ခ်ယ္လ္ဆီး ဂိုးျပန္မရခဲ့ပါဘူး။

စကားလံုးတုိက္ပြဲေတြ ျဖစ္ခဲ့ဖူးတဲ့ ကြန္တီ Conte ကို ေမာ္ရင္ဟို Mourinho အႏုိင္ရခဲ့တာျဖစ္လို႔ ခ်ဳိၿမိန္ေအာင္ပြဲလုိ႔ဆိုရမယ္။

ရလဒ္မ်ား

ပဲ့ေလစ္ ၀-၁ စပါး

မန္ခ်က္စတာယူႏုိက္တက္ ၂-၁ ခ်ယ္လ္ဆီး

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

လင်ဂတ်ရဲ့ (၁၃)ဂိုးမြောက်ဂိုးနဲ့ မန်ချက်စတာယူနိုက်တက်အနိုင်ရ

မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟို Mourinho က သူနဲ့ဆက်ဆံရေးအဆင်မပြေဘူးလို့ သတင်းတွေထွက်နေတဲ့ ပေါ့ဘာ Pogba ကို ပွဲထွက်လူစာရင်းမှာ ပြန်သုံးခဲ့ပါတယ်။ ပေါ့ဘာအကြိုက်ဆုံးနေရာ (၄-၃-၃)ကစားကွက်ရဲ့ ကွင်းလယ်သုံးယောက်တန်းဘယ်တောင်ပံမှာထားကစားခဲ့ပါတယ်။ တိုက်စစ်သုံးယောက်တန်းမှာ မာစီယဲလ် Martial ၊ လူကာကူ Lukaku ၊ ဆန်းချက်ဇ် Sanchez တို့ကို ထားကစားခဲ့ပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးကွင်းလယ်နဲ့ တိုက်စစ်အခင်းအကျင်းကို မန်ချက်စတာမယှဉ်နိုင်ခဲ့ဘူး။ ဝီလီယံ Willian ၊ ဟာဇက် Hazard တို့ကို လုံးဝမထိန်းနိုင်ခဲ့ဘူး။ (၃၂)မိနစ်မှာ ဟာဇက်လှလှပပပေးတာကနေ ဝီလီယံက အပြင်းကန်သွင်းပြီး ချယ်လ်ဆီးအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။ ဂိုးပေးလိုက်ရပေမယ့် မန်ချက်စတာယူနိုက်တက်ရဲ့ ကစားပုံကသိပ်မထူးခြားဘူး။ ဒါပေမဲ့ မိနစ် (၄၀)မှာ မန်ချက်စတာယူနိုက်တက် ချေပဂိုးရခဲ့ပါတယ်။ ဆန်းချက်ဇ်၊ မာစီယဲလ်တွဲလုံးကနေ လူကာကူက အနီးကပ်ကန်သွင်းခဲ့တာပါပဲ။ လူကာကူအတွက် ဒီရာသီထိပ်ဆုံးအသင်း(၈)သင်းနဲ့ ရင်ဆိုင်တွေ့ရာမှာ ပထမဆုံးဂိုးသွင်းနိုင်ခဲ့တာပါပဲ။

 

ဒုတိယပိုင်းမှာ မန်ချက်စတာယူနိုက်တက်က ပွဲကိုပိုပြီးစိုးမိုးနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးနည်းပြ ကွန်တီ Conte က ဟာဇက်ကို လူစားလဲခဲ့လို့ ကစားကွက်ပိုပြီးအားနည်းသွားရတယ်။ (၆၄)မိနစ်မှာ လင်ဂတ် Lingard ကိုအစားထိုးပြီး မန်ချက်စတာယူနိုက်တက် တိုက်စစ်ပြောင်းလဲခဲ့ပါတယ်။ (၇၅)မိနစ်မှာ လင်ဂတ်က လူကာကူရဲ့ ဖြတ်တင်ဘောကို ပြေးဝင်ခေါင်းတိုက်ပြီး မန်ချက်စတာယူနိုက်တက်အတွက် အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ချယ်လ်ဆီး ဂျရူး၊ ဖာဘရီဂတ်စ်တို့ထည့်ပြီး အပြောင်းအလဲလုပ်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်က ဘာယီ Bailly ကိုထည့်ပြီး ခံစစ်ကိုဦးစားပေးခဲ့လို့ ချယ်လ်ဆီး ဂိုးပြန်မရခဲ့ပါဘူး။

စကားလုံးတိုက်ပွဲတွေ ဖြစ်ခဲ့ဖူးတဲ့ ကွန်တီ Conte ကို မော်ရင်ဟို Mourinho အနိုင်ရခဲ့တာဖြစ်လို့ ချိုမြိန်အောင်ပွဲလို့ဆိုရမယ်။

ရလဒ်များ

ပဲ့လေစ် ဝ-၁ စပါး

မန်ချက်စတာယူနိုက်တက် ၂-၁ ချယ်လ်ဆီး

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။