မန္ယူအသင္းအက်ၤ ီရဲ႕ ဘယ္ဖက္လက္ေမာင္း စပြန္ဆာ ဘယ္သူျဖစ္မလဲ

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ အြန္လိုင္းက ဖူးစာရွင္ရွာေပးတဲ့ Tinder နဲ႔ စပြန္ဆာကိစၥ ေဆြးေႏြးမႈေတြ လုပ္ေနတယ္လို႔ သိရပါတယ္။
ဆီလီကြန္ေတာင္ၾကားက အဆိုပါကုမၸဏီဟာ မန္ယူအသင္းရဲ႕ အက်ၤ ီလက္ေမာင္းစပြန္ဆာေပးဖို႔ စိတ္ဝင္စား ေနပါတယ္။ ပရီးမီးယားလိဂ္ရဲ႕ စည္းမ်ဥ္းအသစ္ေၾကာင့္ လာမယ့္ ရာသီမွာ အသင္းတိုင္းလက္ေမာင္းမွာ ေၾကာ္ျငာထိုးခြင့္ရမွာပါ။ လက္ေမာင္းစပြန္ဆာေၾကာင့္  ပရီးမီးယားလိဂ္အသင္းတိုင္းဟာ  ဝင္ေငြပို မ်ားႏိုင္မယ့္ အခြင့္အလမ္းေတြ ရွိေနပါတယ္။

Nexen နဲ႔ အတူေတြ႕ရတဲ့ မန္စီးတီး

အက်ၤ ီရဲ႕ညာဖက္လက္ေမာင္းမွာ ပရီးမီးယားလိဂ္ အမွတ္တံဆိပ္ရွိေနတာမို႔ ဘယ္ဖက္လက္ေမာင္းမွာပဲ ေၾကာ္ ျငာလို႔ရမွာပါ။ ဒါေပမယ့္ လက္ေမာင္းေၾကာ္ျငာေဈးႏႈန္းဟာ အက်ၤ ီရင္ဘတ္ေၾကာ္ျငာခရဲ႕ ၂၀ ရာခိုင္ႏႈန္းေလာက္ပဲ ရွိပါ တယ္။ မန္ယူအသင္းရဲ႕လက္ရွိ အက်ၤ ီစပြန္ဆာကို Chevorlet က ေပါင္သန္း ၅၀ နဲ႔ေပးထားတာေၾကာင့္ Tinder အေနနဲ႔ ေပါင္ ၁၂ သန္းေလာက္အထိ ေပးရဖို႔ရွိပါတယ္။

Online Dating App တစ္ခုျဖစ္တဲ့ Tinder

မန္ယူဖို႔ ခ်ိတ္ဆက္ဖို႔ႀကိဳးစားေနတဲ့ ဒီဖူးစာရွာတဲ့အယ္ပလီေကးရွင္းဟာ တစ္ေနအသုံးျပဳသူ သန္း ၅၀ ေလာက္ ရွိေနတဲ့ App တစ္ခုပါ။ တစ္ကမာၻလုံးအတိုင္းအတာနဲ႔ လူသိမ်ားေအာင္ ေၾကာ္ျငာခ်င္ေနတဲ့ App တစ္ခုလည္း ျဖစ္ပါတယ္။

နပိုလီအသင္းတိုက္စစ္မွဴး Arkadiusz Milik

အမွန္တကယ္ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့ရင္ေတာ့ Tinder အတြက္ Fan အသစ္ေတြတိုးလာမွာေသခ်ာပါတယ္။ Tinder ဟာ အီတလီကလပ္ နာပိုလီက ပိုလန္တိုက္စစ္မႉး Arkadiusz Milik ကိုလည္း App မွာ Profile ဖြင့္ေပးထားတာေၾကာင့္ ေနာက္ပိုင္းပရိုမိုးရွင္း ဗီဒီယိုေတြမွာေတြ႔ျမင္ရဖို႔ရွိပါတယ္။ မန္ယူအသင္းရဲ႕ေျပာေရးဆို ခြင့္ရွိတဲ့သူေတြကေတာ့ ဒီကိစၥအေပၚ မွတ္ခ်က္တစ္စုံတစ္ရာ မေပးထားပါဘူး။

Ref: www.dailymail.co.uk
မင္းသုခ (အခရာ)
(www.akhayar.com)

မန်ယူအသင်းအင်္ကျ ီရဲ့ ဘယ်ဖက်လက်မောင်း စပွန်ဆာ ဘယ်သူဖြစ်မလဲ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အွန်လိုင်းက ဖူးစာရှင်ရှာပေးတဲ့ Tinder နဲ့ စပွန်ဆာကိစ္စ ဆွေးနွေးမှု တွေ လုပ်နေတယ်လို့ သိရပါတယ်။
ဆီလီကွန်တောင်ကြားက အဆိုပါကုမ္ပဏီဟာ မန်ယူအသင်းရဲ့ အင်္ကျ ီလက်မောင်းစပွန်ဆာပေးဖို့ စိတ်ဝင်စား နေပါတယ်။ ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းအသစ်ကြောင့် လာမယ့် ရာသီမှာ အသင်းတိုင်းလက်မောင်းမှာ ကြော်ငြာထိုးခွင့်ရမှာပါ။ လက်မောင်းစပွန်ဆာကြောင့်  ပရီးမီးယားလိဂ်အသင်းတိုင်းဟာ  ဝင်ငွေပို များနိုင်မယ့် အခွင့်အလမ်းတွေ ရှိနေပါတယ်။
အင်္ကျ ီရဲ့ညာဖက်လက်မောင်းမှာ ပရီးမီးယားလိဂ် အမှတ်တံဆိပ်ရှိနေတာမို့ ဘယ်ဖက်လက်မောင်းမှာပဲ ကြော် ငြာလို့ရမှာပါ။ ဒါပေမယ့် လက်မောင်းကြော်ငြာဈေးနှုန်းဟာ အင်္ကျ ီကြော်ငြာခရဲ့ ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိပါ တယ်။ မန်ယူအသင်းရဲ့လက်ရှိ အင်္ကျ ီစပွန်ဆာကို Chevorlet က ပေါင်သန်း ၅၀ နဲ့ပေးထားတာကြောင့် Tinder အနေနဲ့ ပေါင် ၁၂ သန်းလောက်အထိ ပေးရဖို့ရှိပါတယ်။
မန်ယူဖို့ ချိတ်ဆက်ဖို့ကြိုးစားနေတဲ့ ဒီဖူးစာရှာတဲ့အယ်ပလီကေးရှင်းဟာ တစ်နေအသုံးပြုသူ သန်း ၅၀ လောက် ရှိနေတဲ့ App တစ်ခုပါ။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လူသိများအောင် ကြော်ငြာချင်နေတဲ့ App တစ်ခုလည်း ဖြစ်ပါတယ်။
အမှန်တကယ် စာချုပ်ချုပ်ဆိုနိုင်ခဲ့ရင်တော့ Tinder အတွက် Fan အသစ်တွေတိုးလာမှာသေချာပါတယ်။ Tinder ဟာ အီတလီကလပ် နာပိုလီက ပိုလန်တိုက်စစ်မှူး Arkadiusz Milik ကိုလည်း App မှာ Profile ဖွင့်ပေးထားပြီး နောက်ပိုင်းပရိုမိုးရှင်း ဗီဒီယိုတွေမှာတွေ့မြင်ရဖို့ရှိပါတယ်။ မန်ယူအသင်းရဲ့ပြောရေးဆို ခွင့်ရှိတဲ့သူတွေကတော့ ဒီကိစ္စအ ပေါ် မှတ်ချက်တစ်စုံတစ်ရာ မပေးထားပါဘူး။

Ref: www.dailymail.co.uk
မင်းသုခ (အခရာ)
(www.akhayar.com)