[Zawgyi]

မာစီယဲလ္ Martial အတြက္ကမ္းလွမ္းမႈေတြကို ျငင္းဆန္ခဲ႔တဲ႔ မန္ယူ

မန္ယူအသင္းကေန ထြက္ခြာလိုေနတယ္လို႔ သတင္းေတြထြက္ေနတဲ႔ ေတာင္ပံတိုက္စစ္ကစားသမား မာစီယဲလ္ Martial ကို ေအစီမီလန္နဲ႔အက္သလက္တီကိုမက္ဒရစ္အသင္းေတြက ကမ္းလွမ္းမႈေတြျပဳလုပ္ခဲ႔ၾကေပမယ္႔ မန္ယူအသင္းက ျငင္းဆန္ပယ္ခ်ခဲ႔ပါတယ္။ မန္ယူအသင္းနည္းျပ ေမာ္ရင္ဟို Mourinho ဟာ မာစီယဲလ္ Martial ကိုေရာင္းထုတ္ျပီး ဗဟိုေနာက္ခံလူတစ္ဦးေခၚယူဖို႔ ဆႏၵရိွေပမယ္႔ မန္ယူအသင္းရဲ႕ ဒုအမႈေဆာင္ခ်ဳပ္ အက္ဒ္၀ုဒ္၀ပ္ Ed Woodward ဟာ မာစီယဲလ္ Martial ရဲ႕တန္ေၾကးနဲ႔ေျခစြမ္းဟာ တိုးတက္ဖို႔အလားအလာရိွတယ္လို႔ ယူဆထားတာေၾကာင္႔ အသင္းမွာပဲဆက္ရိွေစခ်င္ေနတာပါ။

Ed-Woodward

Ed-Woodward

မန္ယူအသင္းရဲ႕ ဒုအမႈေဆာင္ခ်ဳပ္ အက္ဒ္၀ုဒ္၀ပ္ Ed Woodward ဟာ ေမာ္ရင္ဟို Mourinho ခ်ယ္လ္ဆီးအသင္းကို တာ၀န္ယူတုန္းက ပံုမွန္ကစားခြင္႔မရလို႔ အသင္းနဲ႔လမ္းခြဲခဲ႔တဲ႔ ဆာလာ Salah ၊ ဒီဘ႐ုိင္းနား De Bruyne တို႔လိုအျဖစ္မ်ိဳး မာစီယဲလ္ Martial ကိုမျဖစ္ေစခ်င္တာပဲ ျဖစ္ပါတယ္။ လက္ရိွမွာေတာ႔ ဆာလာ Salah နဲ႔ ဘ႐ုိင္းနား De Bruyne တို႔ဟာ ပရီးမီးယားလိဂ္ရဲ႕ ၾကယ္ပြင္႔ကစားသမားေတြအျဖစ္ ရပ္တည္ေနၾကတာပါ။ ျပီးခဲ႔တဲ႔ စပါးအသင္းနဲ႔ပြဲစဥ္မွာေတာ့ မာစီယဲလ္ Martial ဟာအသင္းရဲ႕လူစာရင္းမွာပါ၀င္ခဲ႔ျခင္းမရိွဘဲ အေျပာင္းအေရႊ႕ကာလမျပီးဆံုးခင္အခ်ိန္ထိ မာစီယဲလ္ Martial ရဲ႕ အနာဂတ္ကိုေစာင္႔ၾကည္႔သြားရမွာျဖစ္ပါတယ္။

Ref: Goal.com
Photo: Goal.com , The Independent
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မာစီယဲလ် Martial အတွက်ကမ်းလှမ်းမှုတွေကို ငြင်းဆန်ခဲ့တဲ့ မန်ယူ

မန်ယူအသင်းကနေ ထွက်ခွာလိုနေတယ်လို့ သတင်းတွေထွက်နေတဲ့ တောင်ပံတိုက်စစ်ကစားသမား မာစီယဲလ် Martial ကို အေစီမီလန်နဲ့အက်သလက်တီကိုမက်ဒရစ်အသင်းတွေက ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ကြပေမယ့် မန်ယူအသင်းက ငြင်းဆန်ပယ်ချခဲ့ပါတယ်။ မန်ယူအသင်းနည်းပြ မော်ရင်ဟို Mourinho ဟာ မာစီယဲလ် Martial ကိုရောင်းထုတ်ပြီး ဗဟိုနောက်ခံလူတစ်ဦးခေါ်ယူဖို့ ဆန္ဒရှိပေမယ့် မန်ယူအသင်းရဲ့ ဒုအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝပ် Ed Woodward ဟာ မာစီယဲလ် Martial ရဲ့တန်ကြေးနဲ့ခြေစွမ်းဟာ တိုးတက်ဖို့အလားအလာရှိတယ်လို့ ယူဆထားတာကြောင့် အသင်းမှာပဲဆက်ရှိစေချင်နေတာပါ။

Ed-Woodward

Ed-Woodward

မန်ယူအသင်းရဲ့ ဒုအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝပ် Ed Woodward ဟာ မော်ရင်ဟို Mourinho ချယ်လ်ဆီးအသင်းကို တာဝန်ယူတုန်းက ပုံမှန်ကစားခွင့်မရလို့ အသင်းနဲ့လမ်းခွဲခဲ့တဲ့ ဆာလာ Salah ၊ ဒီဘရိုင်းနား De Bruyne တို့လိုအဖြစ်မျိုး မာစီယဲလ် Martial ကိုမဖြစ်စေချင်တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆာလာ Salah နဲ့ ဘရိုင်းနား De Bruyne တို့ဟာ ပရီးမီးယားလိဂ်ရဲ့ ကြယ်ပွင့်ကစားသမားတွေအဖြစ် ရပ်တည်နေကြတာပါ။ ပြီးခဲ့တဲ့ စပါးအသင်းနဲ့ပွဲစဉ်မှာတော့ မာစီယဲလ် Martial ဟာအသင်းရဲ့လူစာရင်းမှာပါဝင်ခဲ့ခြင်းမရှိဘဲ အပြောင်းအရွှေ့ကာလမပြီးဆုံးခင်အချိန်ထိ မာစီယဲလ် Martial ရဲ့ အနာဂတ်ကိုစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

Ref: Goal.com
Photo: Goal.com , The Independent
Ko Kyue(Akhayar)
www.akhayar.com