[Zawgyi]

နယူးကာဆယ္နဲ႔ပဲြမွာ မာစီယဲလ္ Martial ရဲ႕ သြင္းဂုိးက ေပါင္(၈.၇)သန္း တန္ေၾကးရွိခဲ့တယ္

ၿပီးခဲ့တဲ့တစ္ပတ္က နယူးကာဆယ္ကုိ (၃-၂)ဂုိးနဲ႔ အႏုိင္ရခဲ့တဲ့ပဲြမွာ မန္ယူအသင္းအတြက္ ဒုတိယေခ်ပဂုိးသြင္းယူခဲ့တဲ့ မာစီယဲလ္ Martial ရဲ႕ သြင္းဂုိးအတြက္ မန္ယူအသင္းဟာ ေပါင္(၈.၇)သန္း ကုန္က်ေတာ့မွာျဖစ္ပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ မာစီယဲလ္ကုိ ေခၚယူခဲ့စဥ္က မုိနာကုိနဲ႔ သေဘာတူညီထားတဲ့ စာခ်ဳပ္အခ်က္အလက္အရ မန္ယူအသင္းဟာ မုိနာကုိကုိ ေပါင္(၈.၇)သန္း ေပးေခ်ရမွာပါ။ မန္ယူအသင္းဟာ ၂၀၁၅ ခုႏွစ္က မာစီယဲလ္ကုိ ေပါင္(၃၈.၅)သန္းနဲ႔ ေခၚယူခဲ့ၿပီး စာခ်ဳပ္ထဲမွာ မာစီယဲလ္ရဲ႕ စြမ္းေဆာင္ရည္အလုိက္ ဆုေၾကးေပးရမယ့္ အခ်က္(၃)ခ်က္ ပါ၀င္ပါတယ္။

Martial-Score-Against-Newcastle

Martial-Score-Against-Newcastle

ပထမအခ်က္ကေတာ့ အခု ၂၀၁၈-၁၉ ရာသီကုန္မတိုင္ခင္ မန္ယူအသင္းအတြက္ မာစီယဲလ္ ပရီးမီးယားလိဂ္သြင္းဂုိး (၂၅)ဂုိး ျပည့္ခဲ့ရင္ မုိနာကုိအသင္းက ေပါင္(၈.၇)သန္းရရွိမွာျဖစ္ပါတယ္။ နယူးကာဆယ္နဲ႔ပဲြမွာ မာစီယဲလ္သြင္းခဲ့တဲ့ဂုိးက ပရီးမီးယားလိဂ္ (၂၅)ဂုိးေျမာက္ျဖစ္တဲ့အတြက္ မန္ယူအသင္းဟာ သေဘာတူညီခ်က္အရ ဆုေၾကးေပးရေတာ့မွာပါ။ မာစီယဲလ္ဟာ ၿပီးခဲ့တဲ့ဇန္န၀ါရီလက ဘန္ေလကုိ အႏုိင္ရခဲ့တဲ့ပဲြမွာ မန္ယူအသင္းအတြက္ ဂုိးသြင္းၿပီးေနာက္ပုိင္း ပရီးမီးယားလိဂ္မွာ ဂုိးေပါက္ေပ်ာက္ေနၿပီး (၁၀)လအၾကာမွ ဂုိးေပါက္ျပန္ေတြ႕ခဲ့တာ ျဖစ္ပါတယ္။ တကယ္လုိ႔ မာစီယဲလ္ဟာ ၂၀၁၈-၁၉ ရာသီကုန္မတိုင္ခင္ ျပင္သစ္အသင္းအတြက္ (၂၅)ပဲြျပည့္ေျမာက္ခဲ့မယ္ဆုိရင္ ေပါင္(၈.၇)သန္း၊ Ballon d’Or ဆု ပဏာမစာရင္းမွာ ပါ၀င္ခဲ့ရင္ ေနာက္ထပ္ ေပါင္(၈.၇)သန္း ေပးေခ်ရဦးမွာျဖစ္ေပမယ့္ မာစီယဲလ္ဟာ Ballon d’Or ဆု စာရင္းမွာ မပါ၀င္ခဲ့လုိ႔ အဲဒီအတြက္ ေပးစရာမလုိေတာ့ပါဘူး။ ျပင္သစ္အသငး္အတြက္ (၂၅)ပဲြျပည့္ဖုိ႔က (၇)ပဲြလုိေနေသးၿပီး မာစီယဲလ္ဟာလည္း ျပင္သစ္အသင္းမွာ ပုံမွန္ေရြးခ်ယ္ခံရျခင္း မရွိေတာ့လုိ႔ မန္ယူအသင္း ေနာက္ထပ္ ေငြကုန္စရာ မလုိေတာ့တဲ့ အေျခအေနပါပဲ။

REF:.telegraph
Photo:Fox Sports,GiveMeSport1
Naing Linn(Akhayar)
www.akhayar.com

[Unicode]

နယူးကာဆယ်နဲ့ပွဲမှာ မာစီယဲလ် Martial ရဲ့ သွင်းဂိုးက ပေါင်(၈.၇)သန်း တန်ကြေးရှိခဲ့တယ်

ပြီးခဲ့တဲ့တစ်ပတ်က နယူးကာဆယ်ကို (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ မန်ယူအသင်းအတွက် ဒုတိယချေပဂိုးသွင်းယူခဲ့တဲ့ မာစီယဲလ် Martial ရဲ့ သွင်းဂိုးအတွက် မန်ယူအသင်းဟာ ပေါင်(၈.၇)သန်း ကုန်ကျတော့မှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မာစီယဲလ်ကို ခေါ်ယူခဲ့စဉ်က မိုနာကိုနဲ့ သဘောတူညီထားတဲ့ စာချုပ်အချက်အလက်အရ မန်ယူအသင်းဟာ မိုနာကိုကို ပေါင်(၈.၇)သန်း ပေးချေရမှာပါ။ မန်ယူအသင်းဟာ ၂၀၁၅ ခုနှစ်က မာစီယဲလ်ကို ပေါင်(၃၈.၅)သန်းနဲ့ ခေါ်ယူခဲ့ပြီး စာချုပ်ထဲမှာ မာစီယဲလ်ရဲ့ စွမ်းဆောင်ရည်အလိုက် ဆုကြေးပေးရမယ့် အချက်(၃)ချက် ပါဝင်ပါတယ်။

Martial-Score-Against-Newcastle

Martial-Score-Against-Newcastle

ပထမအချက်ကတော့ အခု ၂၀၁၈-၁၉ ရာသီကုန်မတိုင်ခင် မန်ယူအသင်းအတွက် မာစီယဲလ် ပရီးမီးယားလိဂ်သွင်းဂိုး (၂၅)ဂိုး ပြည့်ခဲ့ရင် မိုနာကိုအသင်းက ပေါင်(၈.၇)သန်းရရှိမှာဖြစ်ပါတယ်။ နယူးကာဆယ်နဲ့ပွဲမှာ မာစီယဲလ်သွင်းခဲ့တဲ့ဂိုးက ပရီးမီးယားလိဂ် (၂၅)ဂိုးမြောက်ဖြစ်တဲ့အတွက် မန်ယူအသင်းဟာ သဘောတူညီချက်အရ ဆုကြေးပေးရတော့မှာပါ။ မာစီယဲလ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလက ဘန်လေကို အနိုင်ရခဲ့တဲ့ပွဲမှာ မန်ယူအသင်းအတွက် ဂိုးသွင်းပြီးနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပျောက်နေပြီး (၁၀)လအကြာမှ ဂိုးပေါက်ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ မာစီယဲလ်ဟာ ၂၀၁၈-၁၉ ရာသီကုန်မတိုင်ခင် ပြင်သစ်အသင်းအတွက် (၂၅)ပွဲပြည့်မြောက်ခဲ့မယ်ဆိုရင် ပေါင်(၈.၇)သန်း၊ Ballon d’Or ဆု ပဏာမစာရင်းမှာ ပါဝင်ခဲ့ရင် နောက်ထပ် ပေါင်(၈.၇)သန်း ပေးချေရဦးမှာဖြစ်ပေမယ့် မာစီယဲလ်ဟာ Ballon d’Or ဆု စာရင်းမှာ မပါဝင်ခဲ့လို့ အဲဒီအတွက် ပေးစရာမလိုတော့ပါဘူး။ ပြင်သစ်အသင်းအတွက် (၂၅)ပွဲပြည့်ဖို့က (၇)ပွဲလိုနေသေးပြီး မာစီယဲလ်ဟာလည်း ပြင်သစ်အသင်းမှာ ပုံမှန်ရွေးချယ်ခံရခြင်း မရှိတော့လို့ မန်ယူအသင်း နောက်ထပ် ငွေကုန်စရာ မလိုတော့တဲ့ အခြေအနေပါပဲ။

REF:.telegraph
Photo:Fox Sports,GiveMeSport1
Naing Linn(Akhayar)
www.akhayar.com