[Zawgyi]

အဆင့္အတန္းကုိ ေငြနဲ႔ ၀ယ္ယူလုိ႔ မရဘူးဆုိၿပီး မန္စီးတီးကုိ ေလွာင္ေျပာင္ခဲ့တဲ့ Mourinho

မန္ယူအသင္းနည္းျပ ေမာ္ရင္ဟုိ Mourinho က ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးကုိ စကားလုံးေတြနဲ႔ တိုက္ခုိက္လုိက္ပါၿပီ။ အဲဒါကေတာ့ ပရီးမီးယားလိဂ္ လက္ရွိခ်န္ပီယံ မန္စီးတီးအသင္းဟာ ေငြေၾကးအင္အား ေတာင့္တင္းေပမယ့္ အဆင့္အတန္း (Class)ကုိေတာ့ ေငြနဲ႔ ၀ယ္ယူလုိ႔ မရဘူးဆုိၿပီး ေ၀ဖန္ခဲ့တာပါ။ မီဒီယာေတြက မန္စီးတီးနဲ႔ Amazon တို႔ ခ်ဳပ္ဆုိထားတဲ့ ႐ုပ္သံစာခ်ဳပ္နဲ႔ပတ္သက္ၿပီး ေမာ္ရင္ဟုိကုိ ေမးျမန္းခဲ့တာမွာ သူက အဲဒီလုိ ထည့္သြင္းေျပာခဲ့တာျဖစ္ပါတယ္။ မန္စီးတီးအသင္းဟာ အ၀တ္လဲခန္းအတြင္းက ျဖစ္ရပ္ေတြကုိ All Or Nothing အမည္နဲ႔ Documentary ႐ုိက္ကူးဖုိ႔ Amazon နဲ႔ သေဘာတူညီခဲ့တာျဖစ္ပါတယ္။

Amazon-Prime-documentary-All-Or-Nothing

Amazon-Prime-documentary-All-Or-Nothing

အဲဒီ Documentary ထဲမွာ မန္စီးတီးနည္းျပ ဂြါဒီယုိလာ Guardiola က မန္စီးတီးကစားသမားေတြကုိ ျပစ္တင္ေနတဲ့ အခန္းေတြလည္းပါ၀င္ခဲ့တယ္။ ေမာ္ရင္ဟုိက “တျခားသူေတြကုိ ထိခုိက္မႈမရွိတဲ့ ႐ုပ္သံဆုိရင္ အဲဒီအတြက္ ဘာ ေ၀ဖန္မႈေတြမွ ရွိမွာမဟုတ္ပါဘူး။ အဲဒီ Documentary ကုိ ကၽြန္ေတာ္ မၾကည့္ရေသးေပမယ့္ ဒီ႐ုပ္သံနဲ႔ပတ္သက္ၿပီး နည္းနည္းေတာ့ သိပါတယ္။ ကၽြန္ေတာ္ ပထမေျပာခ်င္တာက အသင္းတစ္သင္းဟာ ေငြရွိရင္ ထိပ္တန္းကစားသမားေတြကုိ ေခၚယူႏုိင္မွာပါပဲ။ ဒါေပမဲ့ အဆင့္အတန္းကုိေတာ့ ၀ယ္လုိ႔မရဘူး။ ဒုတိယေျပာခ်င္တာက တကယ္လုိ႔ ကၽြန္ေတာ္သာ အဲဒီလုိ ႐ုိက္ကူးမယ္ဆုိရင္ မူပုိင္ခြင့္ေတာ့ ကၽြန္ေတာ္ ေတာင္းဆုိမိမွာပါပဲ”လုိ႔ ဆုိခဲ့တာျဖစ္ပါတယ္။

All Or Nothing Documentary ၾကည့္ရန္ Link

REF:BBC
Photo:Dream Team,Youtube
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အဆင့်အတန်းကို ငွေနဲ့ ဝယ်ယူလို့ မရဘူးဆိုပြီး မန်စီးတီးကို လှောင်ပြောင်ခဲ့တဲ့ Mourinho

မန်ယူအသင်းနည်းပြ မော်ရင်ဟို Mourinho က မြို့ခံပြိုင်ဘက် မန်စီးတီးကို စကားလုံးတွေနဲ့ တိုက်ခိုက်လိုက်ပါပြီ။ အဲဒါကတော့ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ ငွေကြေးအင်အား တောင့်တင်းပေမယ့် အဆင့်အတန်း (Class)ကိုတော့ ငွေနဲ့ ဝယ်ယူလို့ မရဘူးဆိုပြီး ဝေဖန်ခဲ့တာပါ။ မီဒီယာတွေက မန်စီးတီးနဲ့ Amazon တို့ ချုပ်ဆိုထားတဲ့ ရုပ်သံစာချုပ်နဲ့ပတ်သက်ပြီး မော်ရင်ဟိုကို မေးမြန်းခဲ့တာမှာ သူက အဲဒီလို ထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ အဝတ်လဲခန်းအတွင်းက ဖြစ်ရပ်တွေကို All Or Nothing အမည်နဲ့ Documentary ရိုက်ကူးဖို့ Amazon နဲ့ သဘောတူညီခဲ့တာဖြစ်ပါတယ်။

Amazon-Prime-documentary-All-Or-Nothing

Amazon-Prime-documentary-All-Or-Nothing

အဲဒီ Documentary ထဲမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာ Guardiola က မန်စီးတီးကစားသမားတွေကို ပြစ်တင်နေတဲ့ အခန်းတွေလည်းပါဝင်ခဲ့တယ်။ မော်ရင်ဟိုက “တခြားသူတွေကို ထိခိုက်မှုမရှိတဲ့ ရုပ်သံဆိုရင် အဲဒီအတွက် ဘာ ဝေဖန်မှုတွေမှ ရှိမှာမဟုတ်ပါဘူး။ အဲဒီ Documentary ကို ကျွန်တော် မကြည့်ရသေးပေမယ့် ဒီရုပ်သံနဲ့ပတ်သက်ပြီး နည်းနည်းတော့ သိပါတယ်။ ကျွန်တော် ပထမပြောချင်တာက အသင်းတစ်သင်းဟာ ငွေရှိရင် ထိပ်တန်းကစားသမားတွေကို ခေါ်ယူနိုင်မှာပါပဲ။ ဒါပေမဲ့ အဆင့်အတန်းကိုတော့ ဝယ်လို့မရဘူး။ ဒုတိယပြောချင်တာက တကယ်လို့ ကျွန်တော်သာ အဲဒီလို ရိုက်ကူးမယ်ဆိုရင် မူပိုင်ခွင့်တော့ ကျွန်တော် တောင်းဆိုမိမှာပါပဲ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

All Or Nothing Documentary ကြည့်ရန် Link

REF:BBC
Photo:Dream Team,Youtube
Naing Linn(Akhayar)
www.akhayar.com