[Zawgyi]

အႀကိတ္အနယ္ကစားၿပီး ဘုန္းေမာက္ကုိ အႏုိင္ရခဲ့တဲ့ မန္ယူ

ဘုန္းေမာက္နဲ႔ မန္ယူပဲြကေတာ့ တစ္ဖက္နဲ႔တစ္ဖက္ အျပန္အလွန္တိုက္စစ္ဆင္မႈေတြနဲ႔ အႀကိတ္အနယ္ရွိခဲ့ၿပီး မန္ယူအသင္းက (၂-၁)ဂုိးနဲ႔ အႏုိင္ရခဲ့တယ္။ ဘုန္းေမာက္အသင္းရဲ႕ ကစားပုံက အားရစရာေကာင္းခဲ့ေပမယ့္ မလုိအပ္ဘဲ တိုက္စစ္ဖြင့္ကစားခဲ့တာက အမွားျဖစ္ခဲ့တယ္။ ဒုတိယပုိင္းမွာ ဘုန္းေမာက္ ကစားပုံ က်သြားတာက မန္ယူအတြက္ အခြင့္အေရးျဖစ္သြားေစတယ္။ ပဲြအစကတည္းက ဘုန္းေမာက္ တိုက္စစ္ဆင္ကစားခဲ့ၿပီး (၁၀)မိနစ္မွာပဲ အပုိင္အခြင့္အေရး (၃)ႀကိမ္ေလာက္ရခဲ့ေပမယ့္ ထုံးစံအတိုင္း ဒီဂီယာ De Gea ရဲ႕ Great Saves ေတြေၾကာင့္ သက္သာရာရခဲ့တာပါ။

The-Cherries-took-a-deserved-lead

The-Cherries-took-a-deserved-lead

မန္ယူအသင္းမွာ မာတစ္ Matic ရဲ႕ စြမ္းေဆာင္ရည္ေတြက သံသယျဖစ္စရာေကာင္းၿပီး ခံစစ္ကုိလည္း မကူႏိုင္၊ တိုက္စစ္အတြက္လည္း အားကုိးမရျဖစ္ေနတယ္။ ေနာက္ပုိင္းပဲြေတြမွာ အမွားမ်ားလာတဲ့ ေနာက္ခံလူ စေမာလင္း Smalling ကလည္း သူ႔ေျခစြမ္းကုိ ဆက္ထိန္းထားဆဲျဖစ္ၿပီး စိတ္ပ်က္စရာေကာင္းတဲ့ အမွားေတြ က်ဴးလြန္ေနဆဲပါပဲ။ ဘုနး္ေမာက္အသင္းအတြက္ အဖြင့္ဂုိးကုိ (၁၁)မိနစ္မွာ စတန္နစ္လက္စ္ Stanislas ရဲ႕ ေပးပုိ႔မႈကေန ၀ီလ္ဆင္ Wilson က အပုိင္ကန္သြင္းခဲ့တယ္။ ပထမပုိင္းတစ္ပုိင္းလုံး မန္ယူ ဘာမွ လုပ္လုိ႔ မရခဲ့ဘူး။ ဒါေပမဲ့ (၃၅)မိနစ္မွာ မန္ယူ ေခ်ပဂုိးျပန္ရခဲ့ၿပီး Alexis Sanchez ဆန္းခ်က္ဇ္ ရဲ႕ ေပးပုိ႔မႈကေန အခုေနာက္ပုိင္း ေတာက္ေလွ်ာက္ ေျခစြမ္းျပေနတဲ့ မာစီယဲလ္ Martial က သြင္းယူခဲ့တယ္။

Martial-Scores

Martial-Scores

မာစီယဲလ္ဟာ ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္ (၄)ပဲြဆက္ ဂုိးသြင္းခဲ့တာလည္းျဖစ္ပါတယ္။ ဒုတိယပုိင္းမွာေတာ့ ေမာ္ရင္ဟုိ Mourinho ဟာ မွန္ကန္တဲ့ လူစားလဲမႈေတြ လုပ္ခဲ့ၿပီး ဖရက္ဒ္ Fred ၊ မာတာ Mata တို႔ေနရာမွာ ရပ္ရွ္ဖုိ႔ဒ္ Rashford ၊ ဟာရဲရား Herrera တို႔ကုိ ထည့္သြင္းခဲ့တယ္။ ဟာရဲရား ၀င္လာေတာ့မွ မန္ယူကြင္းလယ္က တိုက္စစ္၊ ခံစစ္ မွ်သြားခဲ့ၿပီး မာတစ္က Deep lying Midfielder ပုံစံ ကစားခဲ့လုိ႔ ခံစစ္ကစားသမားေတြလည္း သက္သာရာရခဲ့တယ္။

Rashford-Celebrate

Rashford-Celebrate

ဒုတိယပုိင္းမွာေတာ့ မန္ယူ ဂုိးသြင္းခြင့္ေတြ အႀကိမ္ႀကိမ္ရခဲ့ၿပီး ရပ္ရွ္ဖုိ႔ဒ္ Rashford၊ လုခ္ေရွာ Luke Shaw၊ ဟာရဲရား Herrera တို႔ လဲြေခ်ာ္ခဲ့လုိ႔သာ ဂုိးမရခဲ့တာပါ။ ဘုန္းေမာက္အသင္းရဲ႕ တန္ျပန္တိုက္စစ္ေတြကလည္း မန္ယူကုိ အလုပ္႐ႈပ္ေစခဲ့တယ္။ မန္ယူအသင္းအတြက္ အဖုိးတန္အႏုိင္ဂုိးကုိ ေပ့ါဘာ Pogba ရဲ႕ ေပးပုိ႔မႈကေန ရပ္ရွ္ဖုိ႔ဒ္က ကန္သြင္းခဲ့တာျဖစ္ပါတယ္။ ဂုိးရဖုိ႔ ႐ုန္းကန္ေနရတဲ့ ရပ္ရွ္ဖုိ႔ဒ္ ဂုိးေပါက္ျပန္ေတြ႕ခဲ့တဲ့အတြက္ ေက်နပ္စရာပါပဲ။

Photo:Manchester United Twitter,Action Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အကြိတ်အနယ်ကစားပြီး ဘုန်းမောက်ကို အနိုင်ရခဲ့တဲ့ မန်ယူ

ဘုန်းမောက်နဲ့ မန်ယူပွဲကတော့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့ အကြိတ်အနယ်ရှိခဲ့ပြီး မန်ယူအသင်းက (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ဘုန်းမောက်အသင်းရဲ့ ကစားပုံက အားရစရာကောင်းခဲ့ပေမယ့် မလိုအပ်ဘဲ တိုက်စစ်ဖွင့်ကစားခဲ့တာက အမှားဖြစ်ခဲ့တယ်။ ဒုတိယပိုင်းမှာ ဘုန်းမောက် ကစားပုံ ကျသွားတာက မန်ယူအတွက် အခွင့်အရေးဖြစ်သွားစေတယ်။ ပွဲအစကတည်းက ဘုန်းမောက် တိုက်စစ်ဆင်ကစားခဲ့ပြီး (၁၀)မိနစ်မှာပဲ အပိုင်အခွင့်အရေး (၃)ကြိမ်လောက်ရခဲ့ပေမယ့် ထုံးစံအတိုင်း ဒီဂီယာ De Gea ရဲ့ Great Saves တွေကြောင့် သက်သာရာရခဲ့တာပါ။

The-Cherries-took-a-deserved-lead

The-Cherries-took-a-deserved-lead

မန်ယူအသင်းမှာ မာတစ် Matic ရဲ့ စွမ်းဆောင်ရည်တွေက သံသယဖြစ်စရာကောင်းပြီး ခံစစ်ကိုလည်း မကူနိုင်၊ တိုက်စစ်အတွက်လည်း အားကိုးမရဖြစ်နေတယ်။ နောက်ပိုင်းပွဲတွေမှာ အမှားများလာတဲ့ နောက်ခံလူ စမောလင်း Smalling ကလည်း သူ့ခြေစွမ်းကို ဆက်ထိန်းထားဆဲဖြစ်ပြီး စိတ်ပျက်စရာကောင်းတဲ့ အမှားတွေ ကျူးလွန်နေဆဲပါပဲ။ ဘုန်းမောက်အသင်းအတွက် အဖွင့်ဂိုးကို (၁၁)မိနစ်မှာ စတန်နစ်လက်စ် Stanislas ရဲ့ ပေးပို့မှုကနေ ဝီလ်ဆင် Wilson က အပိုင်ကန်သွင်းခဲ့တယ်။ ပထမပိုင်းတစ်ပိုင်းလုံး မန်ယူ ဘာမှ လုပ်လို့ မရခဲ့ဘူး။ ဒါပေမဲ့ (၃၅)မိနစ်မှာ မန်ယူ ချေပဂိုးပြန်ရခဲ့ပြီး Alexis Sanchez ဆန်းချက်ဇ် ရဲ့ ပေးပို့မှုကနေ အခုနောက်ပိုင်း တောက်လျှောက် ခြေစွမ်းပြနေတဲ့ မာစီယဲလ် Martial က သွင်းယူခဲ့တယ်။

Martial-Scores

Martial-Scores

မာစီယဲလ်ဟာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် (၄)ပွဲဆက် ဂိုးသွင်းခဲ့တာလည်းဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ မော်ရင်ဟို Mourinho ဟာ မှန်ကန်တဲ့ လူစားလဲမှုတွေ လုပ်ခဲ့ပြီး ဖရက်ဒ် Fred ၊ မာတာ Mata တို့နေရာမှာ ရပ်ရှ်ဖို့ဒ် Rashford ၊ ဟာရဲရား Herrera တို့ကို ထည့်သွင်းခဲ့တယ်။ ဟာရဲရား ဝင်လာတော့မှ မန်ယူကွင်းလယ်က တိုက်စစ်၊ ခံစစ် မျှသွားခဲ့ပြီး မာတစ်က Deep lying Midfielder ပုံစံ ကစားခဲ့လို့ ခံစစ်ကစားသမားတွေလည်း သက်သာရာရခဲ့တယ်။

Rashford-Celebrate

Rashford-Celebrate

ဒုတိယပိုင်းမှာတော့ မန်ယူ ဂိုးသွင်းခွင့်တွေ အကြိမ်ကြိမ်ရခဲ့ပြီး ရပ်ရှ်ဖို့ဒ် Rashford၊ လုခ်ရှော Luke Shaw၊ ဟာရဲရား Herrera တို့ လွဲချော်ခဲ့လို့သာ ဂိုးမရခဲ့တာပါ။ ဘုန်းမောက်အသင်းရဲ့ တန်ပြန်တိုက်စစ်တွေကလည်း မန်ယူကို အလုပ်ရှုပ်စေခဲ့တယ်။ မန်ယူအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို ပေ့ါဘာ Pogba ရဲ့ ပေးပို့မှုကနေ ရပ်ရှ်ဖို့ဒ်က ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ဂိုးရဖို့ ရုန်းကန်နေရတဲ့ ရပ်ရှ်ဖို့ဒ် ဂိုးပေါက်ပြန်တွေ့ခဲ့တဲ့အတွက် ကျေနပ်စရာပါပဲ။

Photo:Manchester United Twitter,Action Images
Naing Linn(Akhayar)
www.akhayar.com