မန်ယူအသင်းဟာ လက်စတာနောက်ခံလူ မက်ဂွိုင်းယား Maguire ကို နောက်ခံလူ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း(၈၀)နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။ မက်ဂွိုင်းယား ဟာ မနက်ဖြန်(တနင်္လာနေ့)မှာ မန်ယူအသင်းနဲ့ ဆေးစစ်သွားမှာဖြစ်ပါတယ်။ မန်ယူအသင်းဟာ မက်ဂွိုင်းယား အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)ကို ပေးချေသွားမှာဖြစ်ပြီး ကျန်တဲ့ပေါင်သန်း(၂၀)ကတော့ add-ons ကြေးဖြစ်ပါတယ်။ လက်ရှိ နောက်ခံလူ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းရွှေ့ထားတဲ့ ကစားသမားကတော့ ဗန်ဒိုက် Virgil van Dijk ဖြစ်ပြီး ဆောက်သမ်တန်ကနေ လီဗာပူးလ် ပေါင်(၇၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ အခုဆိုရင် မက်ဂွိုင်းယား ဟာ ဗန်ဒိုက်ရဲ့ ပြောင်းရွှေ့ကြေးကို ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်မှာဖြစ်ပါတယ်။

မန်ယူအသင်းဟာ မက်ဂွိုင်းယား ကို နည်းပြဟောင်း မော်ရင်ဟို Mourinho လက်ထက်ကတည်းက ခေါ်ယူဖို့အတွက် ကာလရှည်ကြိုးစားလာခဲ့တာဖြစ်ပြီး အခုမှခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တာပါ။ မက်ဂွိုင်းယား ရဲ့ လက်ရှိခြေစွမ်းဟာ ထိပ်တန်းအဆင့်ဖြစ်သလို အသက်ကလည်း (၂၆)နှစ်သာရှိသေးတာကြောင့် မန်ယူအသင်း သူ့အတွက် သုံးစွဲမယ့် ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်မှုရှိတယ်လို့ ပြောရပါလိမ့်မယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ မက်ဂွိုင်းယား ဟာ လက်စတာအသင်းအတွက် ပွဲပေါင်း(၃၂)ပွဲကစား (၃)ဂိုးသွင်းယူခဲ့ပါတယ်။

Ref: The Sun
Photo: Maguire Twitter
Ko Kyue(Akhayar)
www.akhayar.com