မန်ယူအသင်းဟာ ၂၀၁၉-၂၀ ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် ကစားသမား(၂၅)ဦးစာရင်းကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဆီ တင်သွင်ခဲ့ပြီး လူငယ်ကစားသမားတွေဖြစ်တဲ့ ဂရင်းဝုဒ် Mason Greenwood ၊ တာဟစ်ချောင် Tahith Chong ၊ အိန်ဂျယ်ဂိုးမက်စ် Angel Gomes ၊ ဒါလော့တ် Diogo Dalot စတဲ့ ကစားသမားတွေ မပါဝင်ခဲ့ပါဘူး။ ဂရင်းဝုဒ်ဟာ ဒီရာသီ မန်ယူအသင်းရဲ့ ပွဲစဉ်(၄)ပွဲမှာ ပါဝင်ကစားခဲ့ပေမယ့် အပြီးသတ်လူစာရင်းမှာ မပါဝင်ခဲ့လို့ မန်ယူပရိသတ်တွေ အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။ ဥရောပရဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းချိန်မှာ ပရီးမီးယားလိဂ်ကလပ်အသင်းတိုင်းဟာ ကစားသမား(၂၅)ဦးစာရင်းကို တင်သွင်းခဲ့ပြီး မန်ယူအသင်းကလည်း သူတို့ရဲ့ ကစားသမား(၂၅)ဦးကို ရွေးချယ်ခဲ့တာပါ။ ပရီးမီးယားလိဂ်ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအရ ကလပ်အသင်းတစ်သင်းဟာ ကစားသမား(၂၅)ဦးစာရင်းမှာ Home-Grown ကစားသမား(၁၇)ဦးထက် ပိုစာရင်းသွင်းလို့ မရပါဘူး။

Home-Grown ဆိုတာက ကစားသမားတစ်ဦးဟာ ဘယ်လိုနိုင်ငံသားပဲဖြစ်ဖြစ် အသက်(၂၁)နှစ်မပြည့်ခင်မှာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ဒါမှမဟုတ် ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်မှာ ကလပ်အသင်းတစ်သင်းနဲ့ (၃)ရာသီ Register လုပ်ထားတဲ့ ကစားသမားတစ်ဦးကို ဆိုလိုတာပါ။ ဒါကြောင့် မန်ယူအသင်းဟာ ဂရင်းဝုဒ်၊ ဒါလော့တ်စတဲ့ ကစားသမားတွေကို အပြီးသတ်(၂၅)ဦးစာရင်းမှာ ချန်လှပ်ခဲ့တာဖြစ်ပေမယ့် ၁၉၉၈၊ ဇန်န၀ါရီ(၁)ရက် နောက်ပိုင်း မွေးဖွားခဲ့တဲ့သူတွေကို အပြီးသတ်စာရင်းမှာ မပါပေမယ့် ထည့်ကစားခွင့်ရှိတာကြောင့် မန်ယူအသင်းဟာ ဒီလူငယ်ကစားသမားတွေကို လာမယ့်ပွဲတွေကျရင် အသုံးပြုခွင့်ရမှာဖြစ်ပါတယ်။

Manchester United 25-man Premier League squad

Goalkeepers – David de Gea ၊ Sergio Romero၊ Lee Grant*
Defenders – Aaron Wan-Bissaka* ၊ Eric Bailly ၊ Phil Jones* ၊ Axel Tuanzebe*
Victor Lindelof ၊ Harry Maguire* ၊ Marcos Rojoe ၊ Demetri Mitchell*
Luke Shaw* ၊ Ashley Young*
Midfielders – Andreas Pereira* ၊ Nemanja Matic ၊Scott McTominay*
Juan Mata ၊ Paul Pogba* ၊ Fred
Forwards – Dan James* ၊ Jesse Lingard* ၊ Anthony Martial
Marcus Rashford*

*indicates home-grown player

REF: manchestereveningnews
Photo:Manchester United Facebook
Naing Linn(Akhayar)
www.akhayar.com