[Zawgyi]







ဇူလိုင်လ (၂၈)ရက် – မန်ယူ
သြဂုတ်လ (၄)ရက် – နာပိုလီ
သြဂုတ်လ (၇)ရက် – တိုရီနို

REF:TheSun, Wikipedia
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ပွဲမကစားခင် လက်မှတ် (၁)သိန်းကျော် ရောင်းကုန်ခဲ့တဲ့ မန်ယူနဲ့ လီဗာပူးလ်ခြေစမ်းပွဲ

အင်္ဂလန်ဒါဘီပြိုင်ဘက်တွေဖြစ်တဲ့ မန်ယူအသင်းနဲ့ လီဗာပူးလ်အသင်းတို့ အမေရိကန်မြေပေါ်မှာ ခြေစမ်းကစားသွားမယ့် ပွဲစဉ်ရဲ့ လက်မှတ်အစောင်ရေ (၁)သိန်းကျော်လုံး ရောင်းကုန်သွားခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ရာသီကြိုခြေစမ်းပွဲတစ်ခုဖြစ်တဲ့ International Champions Cup (ICC) ပြိုင်ပွဲရဲ့ ပွဲစဉ်တစ်ပွဲအဖြစ် အင်္ဂလန်ဒါဘီပြိုင်ဘက်တွေ ထိပ်တိုက်ရင်ဆိုင်သွားမယ့် ပွဲစဉ်ကို ကမ္ဘာ့ဒုတိယမြောက် အကြီးဆုံးကွင်းအဖြစ် မှတ်တမ်းဝင်ထားတဲ့ မီချီဂန်ကွင်းကြီးအတွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

Manchester-United-take-on-Liverpool-this-month-at-107000-capacity-Michigan-stadium

Manchester-United-take-on-Liverpool-this-month-at-107000-capacity-Michigan-stadium

ဇူလိုင် (၂၈)ရက်နေ့မှ ကစားမယ့် ပွဲစဉ်ရဲ့ သတ်မှတ်ထားတဲ့ လက်မှတ်စောင်ရေ (၁၀၂,၀၀၀)လုံးကို ပွဲမတိုင်ခင်မှာပဲ ရောင်းကုန်ခဲ့တာပါ။ ဥရောပအသင်းကြီးအများစု ခြေစမ်းပါဝင်ကြတဲ့ ICC ပြိုင်ပွဲဟာ ပရိသတ်စိတ်ဝင်စားမှုများတဲ့ ရာသီကြိုပြိုင်ပွဲတစ်ခုဖြစ်တာကြောင့် လက်မှတ်တွေကို အလျှင်အမြန်ရောင်းချနေရတာဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်ဇယား
ဇူလိုင်လ (၁၉)ရက် – ကလပ်အမေရိက
ဇူလိုင်လ (၂၂)ရက် – ဆန်ဟိုဆေး
ဇူလိုင်လ (၂၅)ရက် – အေစီမီလန်
ဇူလိုင်လ (၂၈)ရက် – လီဗာပူးလ်
ဇူလိုင်လ (၃၁)ရက် – ရီးယဲလ်မက်ဒရစ်
သြဂုတ်လ (၅)ရက် – ဘိုင်ယန်မြူးနစ်

လီဗာပူးလ်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်ဇယား
ဇူလိုင်လ (၁၉)ရက် – ဘလက်ဘန်း
ဇူလိုင်လ (၂၂)ရက် – ဒေါ့မွန်
ဇူလိုင်လ (၂၆)ရက် – မန်စီးတီး
ဇူလိုင်လ (၂၈)ရက် – မန်ယူ
သြဂုတ်လ (၄)ရက် – နာပိုလီ
သြဂုတ်လ (၇)ရက် – တိုရီနို

REF:TheSun, Wikipedia
Photo:TheSun, Afootball
Aung Kyaw Wai (Akhayar)
www.akhayar.com