This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားအၿပီးမွာ ရပ္ရွ္ဖုိ႔ဒ္ Rashford နဲ႔ စာခ်ဳပ္သစ္ကိစၥ ညိႇႏႈိင္းမယ့္ မန္ယူ

မန္ယူအသင္းဟာ သူတို႔ရဲ႕တိုက္စစ္မွဴး ရပ္ရွ္ဖုိ႔ဒ္ Rashford ရဲ႕ စာခ်ဳပ္ကိစၥနဲ႔ပတ္သက္ၿပီး ၂၀၁၈ ကမၻာ႔ဖလားအၿပီးမွသာ ေတြ႕ဆုံေဆြးေႏြးသြားဖုိ႔ စီစဥ္ထားပါတယ္။ အသက္(၂၀)ႏွစ္အရြယ္သာရွိေသးတဲ့ အဂၤလန္လက္ေရြးစင္ တိုက္စစ္မွဴး ရပ္ရွ္ဖုိ႔ဒ္ Rashford ရဲ႕ လက္ရွိစာခ်ဳပ္က သက္တမ္း(၂)ႏွစ္ က်န္ရွိေနၿပီး မန္ယူအသင္းက ေနာက္ထပ္ (၁၂)လသက္တမ္းရွိတဲ့ စာခ်ဳပ္သစ္တစ္ရပ္ခ်ဳပ္ဆုိဖုိ႔ ဆႏၵရွိေနတယ္။ ရပ္ရွ္ဖုိ႔ဒ္အေနနဲ႔ လာမယ့္ၾကာသပေတးေန႔က စၿပီး အဂၤလန္အသင္းနဲ႔အတူ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြ ဆင္ႏႊဲဖုိ႔ ႐ုရွားႏုိင္ငံကုိ ခရီးဆက္ေတာ့မွာပါ။

Mourinho-and-Rashford

Mourinho-and-Rashford

မန္ယူအသငး္က ရပ္ရွ္ဖုိ႔ဒ္ကို လက္ရွိေပးေခ်ေနတဲ့ တစ္ပတ္လစာ ေပါင္(၈၀၀၀၀)ကေန ေပါင္(၁၃၀၀၀၀) အထိ တိုးျမႇင့္ေပးသြားမွာလည္းျဖစ္ပါတယ္။ မန္ယူအသင္းနဲ႔ နီးစပ္တဲ့အသုိင္းအ၀ုိင္းက လူတစ္ဦးက”ေမာ္ရင္ဟုိ Mourinho အေနနဲ႔ ေႏြရာသီေစ်းကြက္ထဲ ဘယ္လုိပဲ ကစားသမားေခၚယူသည္ျဖစ္ေစ ရပ္ရွ္ဖုိ႔ဒ္ကုိ လက္လႊတ္သြားမွာ မဟုတ္ဘဲ ကမၻာ႔ဖလားအၿပီးၾကရင္ စာခ်ဳပ္သက္တမ္းတိုးဖုိ႔ ေဆြးေႏြးသြားမွာပါ။ ရပ္ရွ္ဖုိ႔ဒ္အေနနဲ႔ အဲဒီအတြက္ ဘာမွ စိတ္ပူစရာမလုိဘဲ သူဟာ ဒီအသင္းမွာ ေနာက္ထပ္ႏွစ္ေပါင္းမ်ားစြာ ဆက္ရွိေနမွာျဖစ္ပါတယ္”လုိ႔ ေျပာၾကားခဲ့တယ္။ ၿပီးခဲ့တဲ့ရာသီက ပုံမွန္ကစားခြင့္ေပ်ာက္ဆုံးခဲ့တာေၾကာင့္ မန္ယူက ရပ္ရွ္ဖုိ႔ဒ္ ထြက္ခြာမယ္လုိ႔ သတင္းေတြထြက္ခဲ့ေပမယ့္လည္း ေမာ္ရင္ဟုိဟာ ရပ္ရွ္ဖုိ႔ဒ္ကုိ ေရာင္းခ်ဖုိ႔ အစီအစဥ္ မရွိပါဘူး။

REF:The Sun
Photo: Metro,Twitter
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားအပြီးမှာ ရပ်ရှ်ဖို့ဒ် Rashford နဲ့ စာချုပ်သစ်ကိစ္စ ညှိနှိုင်းမယ့် မန်ယူ

မန်ယူအသင်းဟာ သူတို့ရဲ့တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် Rashford ရဲ့ စာချုပ်ကိစ္စနဲ့ပတ်သက်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားအပြီးမှသာ တွေ့ဆုံဆွေးနွေးသွားဖို့ စီစဉ်ထားပါတယ်။ အသက်(၂၀)နှစ်အရွယ်သာရှိသေးတဲ့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် Rashford ရဲ့ လက်ရှိစာချုပ်က သက်တမ်း(၂)နှစ် ကျန်ရှိနေပြီး မန်ယူအသင်းက နောက်ထပ် (၁၂)လသက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုဖို့ ဆန္ဒရှိနေတယ်။ ရပ်ရှ်ဖို့ဒ်အနေနဲ့ လာမယ့်ကြာသပတေးနေ့က စပြီး အင်္ဂလန်အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွှဲဖို့ ရုရှားနိုင်ငံကို ခရီးဆက်တော့မှာပါ။

Mourinho-and-Rashford

Mourinho-and-Rashford

မန်ယူအသင်းက ရပ်ရှ်ဖို့ဒ်ကို လက်ရှိပေးချေနေတဲ့ တစ်ပတ်လစာ ပေါင်(၈၀၀၀၀)ကနေ ပေါင်(၁၃၀၀၀၀) အထိ တိုးမြှင့်ပေးသွားမှာလည်းဖြစ်ပါတယ်။ မန်ယူအသင်းနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက လူတစ်ဦးက”မော်ရင်ဟို Mourinho အနေနဲ့ နွေရာသီဈေးကွက်ထဲ ဘယ်လိုပဲ ကစားသမားခေါ်ယူသည်ဖြစ်စေ ရပ်ရှ်ဖို့ဒ်ကို လက်လွှတ်သွားမှာ မဟုတ်ဘဲ ကမ္ဘာ့ဖလားအပြီးကြရင် စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးသွားမှာပါ။ ရပ်ရှ်ဖို့ဒ်အနေနဲ့ အဲဒီအတွက် ဘာမှ စိတ်ပူစရာမလိုဘဲ သူဟာ ဒီအသင်းမှာ နောက်ထပ်နှစ်ပေါင်းများစွာ ဆက်ရှိနေမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့တယ်။ ပြီးခဲ့တဲ့ရာသီက ပုံမှန်ကစားခွင့်ပျောက်ဆုံးခဲ့တာကြောင့် မန်ယူက ရပ်ရှ်ဖို့ဒ် ထွက်ခွာမယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့်လည်း မော်ရင်ဟိုဟာ ရပ်ရှ်ဖို့ဒ်ကို ရောင်းချဖို့ အစီအစဉ် မရှိပါဘူး။

REF:The Sun
Photo: Metro,Twitter
Naing Linn(Akhayar)
www.akhayar.com