[Zawgyi]

ျမိဳ႕ထဲမွာ ကားက်ပ္က်ပ္ လူက်ပ္က်ပ္နဲ႔ ဘက္စ္ကားတိုးစီးရတဲ့ဒုကၡ၊ ကားမမွီမွာစိုးလုိ႔ ေျပးရလႊားရတဲ့ဒုကၡ၊ ကားေတြပိတ္ေနလုိိ႔ အခ်ိန္ေတြအကုန္ၿပီး ရံုးေနာက္က်တဲ့ဒုကၡေတြဟာ ေန႔စဥ္အလုပ္ကိုသြားေနရတဲ့ ၀န္ထမ္းေတြအတြက္ေတာ့ နိစၥဒူ၀ဒုကၡေတြလုိျဖစ္ေနပါၿပီ။

ဒီဒုကၡေတြကို မႀကံဳခ်င္လည္း ႀကံဳေနၾကရတာပဲ ျဖစ္ပါတယ္။ ဒါေပမဲ႔လည္း ဂ်ာမနီႏိုိင္ငံက လူတစ္ေယာက္ကေတာ့ ဒီဒုကၡေတြကိုေရွာင္ရွားဖုိ႔ အလုပ္ကိုေရကူးၿပီးသြားဖုိ႔ ဆံုးျဖတ္ခဲ့ပါတယ္။

Burly Beer ဆိုိင္မွာအလုပ္လုပ္ေနသူ ဂ်ာမနီႏိုင္ငံသား Benjamin David ဟာ သူ႔ရဲ႕ Laptop ကြန္ျပဴတာနဲ႔ သူရဲ႕အဝတ္အစားေတြကို ေရလံုေသတၱာတစ္လံုးထဲကိုထည့္ၿပီး ေက်ာမွာလြယ္၊ ေရကူးဝတ္စံုကိုဝတ္ဆင္ၿပီး Isar ျမစ္ထဲကိုဆင္းကာ အလုပ္ကို ေရကူးသြားခဲ့ပါတယ္။

ဒီလုိသြားတာဟာ လွပတဲ့ပတ္၀န္းက်င္ကိုေတြႏုိင္ၿပီး လန္းဆန္းတတ္ၾကြေစကာ အလုပ္ကိုေရာက္ဖုိ႔ အျမန္ဆံုးနည္းလမ္းလည္းျဖစ္တယ္လုိ႔ သူကေျပာပါတယ္။ “ကၽြန္ေတာ္ အရင္တုန္းကဆို ဘက္စ္ကားနဲ႔လည္း သြားဖူးတယ္။ စက္ဘီးနဲ႔လည္း သြားဖူးတယ္။ လမ္းေလွ်ာက္ၿပီးလည္း သြားတာပဲ။ ဒါေပမဲ႔ ေရကူးတာေလာက္ကို ဘယ္ဟာကမွ မျမန္ဘူး”လို႔ သူက ဆက္ေျပာခဲ့ပါတယ္။ သူဟာ ေရစီးသန္ေနတဲ႔ေန႔ေတြမွာဆိုရင္ အလုပ္ကိုေရာက္ရွိဖုိ႔ ၁၂ မိနစ္သာ အခ်ိန္ေပးခဲ့ရပါတယ္။

ဒါေပမဲ႔ ေဆာင္းရာသီေရာက္တဲ့အခ်ိန္မွာေတာ့ ျမစ္ထဲကေရေတြဟာ အပူခ်ိန္ ၄ ဒီဂရီေလာက္သာရွိၿပီး အရမ္းေအးတဲ့အတြက္ေၾကာင့္ သူအတြက္ေတာ့ အလုပ္ကိုေရကူးသြားဖုိ႔ အဆင္မေျပပါဘူး။ ဒါ့ေၾကာင့္ သူဟာ ေႏြဘက္ေတြပဲ အလုပ္ကို ေရကူးသြားပါတယ္လုိ႔ ဆိုပါတယ္။

သူ႔ရဲ႕အလုပ္ကိုေရာက္ဖုိ႔ သူဟာ ၁.၂၄ မိုင္ ခရီးသြားရမွာျဖစ္ၿပီး ကုန္းလမ္းကသြားမယ္ဆိုရင္ေတာ့ သူသြားရမယ္႔လမ္းဟာ အလြန္က်ပ္ေနတာေၾကာင့္ ေရကူးခဲ့တာပဲ ျဖစ္ပါတယ္။ သူရဲ႕ပစၥည္းေတြကို ထည့္တဲ့ေသတၱာကေတာ့ အလံုပိတ္ႏိုင္တဲ့ ေသတၱာျဖစ္တဲ့အတြက္ ဒီေသတၱာကိုသံုးၿပီး ေရေပၚမွာ ေပါေလာေမ်ာသြားႏိုင္ပါတယ္လို႔ သူကေျပာခဲ့ပါတယ္။

သူဟာ ျမစ္ေရရဲ႕အပူခ်ိန္ကိုေတာ့ အၿမဲေစာင့္ၾကည့္ေနရၿပီး ျမစ္ေရရဲ႕အပူခ်ိန္ကိုလိုက္ၿပီး မတူညီတဲ့ေရကူးဝတ္စံုအမ်ဳိးအစားေတြကို ဝတ္ဆင္ပါတယ္။ ေရကူးရင္းအလုပ္ကိုသြားတဲ့အခါေတြမွာ လူေတြဟာ တံတားေပၚကေန သူ႔ကိုငံု႔ၾကည့္ၾကၿပီး ရယ္ေမာကာ သူဘာလုပ္ေနတာလဲလုိ႔ ေမးေလ့ရွိပါတယ္။ တခါတရံမွာေတာ့ သူနဲ႔အတူတူ ေရကူးမယ့္အေဖာ္ေတြလည္း ရွိၾကပါတယ္။

Isar ျမစ္ကို ႏွစ္ေပါင္း ၁၅၀ ေလာက္ သယ္ယူပို႔ေဆာင္ေရးလမ္းေၾကာင္းတစ္ခုအျဖစ္ အသံုးျပဳခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ဘယ္သူမွ အသံုးမျပဳၾကေတာ့ပါဘူး။ လာမယ့္ႏွစ္ေတြထဲမွာေတာ့ Isar ျမစ္ကို မနက္ခင္းအလုပ္သြားဖု႔ိ လမ္းေၾကာင္းတစ္ခုအျဖစ္ အသံုးျပဳလာၾကမယ္ဆိုရင္ အံၾသစရာမရွိေတာ့ပါဘူး။

heineken

www.akhayar.com

[Unicode]

မြို့ထဲမှာ ကားကျပ်ကျပ် လူကျပ်ကျပ်နဲ့ ဘက်စ်ကားတိုးစီးရတဲ့ဒုက္ခ၊ ကားမမှီမှာစိုးလို့ ပြေးရလွှားရတဲ့ဒုက္ခ၊ ကားတွေပိတ်နေလို့ အချိန်တွေအကုန်ပြီး ရုံးနောက်ကျတဲ့ဒုက္ခတွေဟာ နေ့စဉ်အလုပ်ကိုသွားနေရတဲ့ ဝန်ထမ်းတွေအတွက်တော့ နိစ္စဒူဝဒုက္ခတွေလိုဖြစ်နေပါပြီ။

ဒီဒုက္ခတွေကို မကြုံချင်လည်း ကြုံနေကြရတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဂျာမနီနိုင်ငံက လူတစ်ယောက်ကတော့ ဒီဒုက္ခတွေကိုရှောင်ရှားဖို့ အလုပ်ကိုရေကူးပြီးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Burly Beer ဆိုင်မှာ အလုပ်လုပ်နေသူ ဂျာမနီနိုင်ငံသား Benjamin David ဟာ သူ့ရဲ့ Laptop ကွန်ပြူတာနဲ့ သူရဲ့အဝတ်အစားတွေကို ရေလုံသေတ္တာတစ်လုံးထဲကိုထည့်ပြီး ကျောမှာလွယ်၊ ရေကူးဝတ်စုံကိုဝတ်ဆင်ပြီး Isar မြစ်ထဲကိုဆင်းကာ အလုပ်ကို ရေကူးသွားခဲ့ပါတယ်။

ဒီလိုသွားတာဟာ လှပတဲ့ပတ်ဝန်းကျင်ကိုတွေနိုင်ပြီး လန်းဆန်းတတ်ကြွစေကာ အလုပ်ကိုရောက်ဖို့ အမြန်ဆုံးနည်းလမ်းလည်းဖြစ်တယ်လို့ သူကပြောပါတယ်။ “ကျွန်တော် အရင်တုန်းကဆို ဘက်စ်ကားနဲ့လည်း သွားဖူးတယ်။ စက်ဘီးနဲ့လည်း သွားဖူးတယ်။ လမ်းလျှောက်ပြီးလည်း သွားတာပဲ။ ဒါပေမဲ့ ရေကူးတာလောက်ကို ဘယ်ဟာကမှ မမြန်ဘူး”လို့ သူက ဆက်ပြောခဲ့ပါတယ်။ သူဟာ ရေစီးသန်နေတဲ့နေ့တွေမှာဆိုရင် အလုပ်ကိုရောက်ရှိဖို့ ၁၂ မိနစ်သာ အချိန်ပေးခဲ့ရပါတယ်။

ဒါပေမဲ့ ဆောင်းရာသီရောက်တဲ့အချိန်မှာတော့ မြစ်ထဲကရေတွေဟာ အပူချိန် ၄ ဒီဂရီလောက်သာရှိပြီး အရမ်းအေးတဲ့အတွက်ကြောင့် သူအတွက်တော့ အလုပ်ကိုရေကူးသွားဖို့ အဆင်မပြေပါဘူး။ ဒါ့ကြောင့် သူဟာ နွေဘက်တွေပဲ အလုပ်ကို ရေကူးသွားပါတယ်လို့ ဆိုပါတယ်။

သူ့ရဲ့အလုပ်ကိုရောက်ဖို့ သူဟာ ၁.၂၄ မိုင် ခရီးသွားရမှာဖြစ်ပြီး ကုန်းလမ်းကသွားမယ်ဆိုရင်တော့ သူသွားရမယ့်လမ်းဟာ အလွန်ကျပ်နေတာကြောင့် ရေကူးခဲ့တာပဲ ဖြစ်ပါတယ်။ သူရဲ့ပစ္စည်းတွေကို ထည့်တဲ့သေတ္တာကတော့ အလုံပိတ်နိုင်တဲ့ သေတ္တာဖြစ်တဲ့အတွက် ဒီသေတ္တာကိုသုံးပြီး ရေပေါ်မှာ ပေါလောမျောသွားနိုင်ပါတယ်လို့ သူကပြောခဲ့ပါတယ်။

သူဟာ မြစ်ရေရဲ့အပူချိန်ကိုတော့ အမြဲစောင့်ကြည့်နေရပြီး မြစ်ရေရဲ့အပူချိန်ကိုလိုက်ပြီး မတူညီတဲ့ရေကူးဝတ်စုံအမျိုးအစားတွေကို ဝတ်ဆင်ပါတယ်။ ရေကူးရင်းအလုပ်ကိုသွားတဲ့အခါတွေမှာ လူတွေဟာ တံတားပေါ်ကနေ သူ့ကိုငုံ့ကြည့်ကြပြီး ရယ်မောကာ သူဘာလုပ်နေတာလဲလို့ မေးလေ့ရှိပါတယ်။ တခါတရံမှာတော့ သူနဲ့အတူတူ ရေကူးမယ့်အဖော်တွေလည်း ရှိကြပါတယ်။

Isar မြစ်ကို နှစ်ပေါင်း ၁၅၀ လောက် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခုအဖြစ် အသုံးပြုခဲ့ပေမယ့် အခုအချိန်မှာတော့ ဘယ်သူမှ အသုံးမပြုကြတော့ပါဘူး။ လာမယ့်နှစ်တွေထဲမှာတော့ Isar မြစ်ကို မနက်ခင်းအလုပ်သွားဖု့ိ လမ်းကြောင်းတစ်ခုအဖြစ် အသုံးပြုလာကြမယ်ဆိုရင် အံသြစရာမရှိတော့ပါဘူး။

heineken

www.akhayar.com