[Zawgyi]

အမွားအယြင္းမရွိ ႏုိင္ပဲြေတြ ရယူခဲ့ၾကတဲ့ မန္စီးတီးနဲ႔ ခ်ယ္လ္ဆီး

ပရီးမီးယားလိဂ္ ပဲြစဥ္(၁၁) တနဂၤေႏြေန႔ပဲြေတြမွာေတာ့ အသင္းႀကီးေတြျဖစ္တဲ့ မန္စီးတီးနဲ႔ ခ်ယ္လ္ဆီးတုိ႔ဟာ အိမ္ကြင္းမွာ အမွားအယြင္းမရွိ အမွတ္ျပည့္ရယူခ့ဲပါတယ္။ မေန႔ကပဲြမွာ လီဗာပူးလ္ သေရက်ခဲ့တဲ့အတြက္ မန္စီးတီးအသင္းဟာ ထိပ္ဆုံးေနရာကုိ ျပန္လည္ ရယူခဲ့ပါၿပီ။

မန္စီးတီး ၆-၁ ေဆာက္သမ္တန္
ဒီရာသီမွာ မန္စီးတီးအသင္းဟာ ႏုိင္သင့္တဲ့ပဲြေတြဆုိ အမွတ္ျပည့္ရယူေနတဲ့အျပင္ တိုက္စစ္ကပါ ေျခစြမ္းျပ ဂုိးေတြ သြင္းယူေနတယ္။ အခုပဲြမွာလည္း ေဆာက္သမ္တန္ကုိ ျပတ္သားတဲ့ ရလဒ္နဲ႔ အႏုိင္ယူခဲ့ၿပီး ေနာက္ဆုံး ပရီးမီးယားလိဂ္ (၃)ပဲြမွာ (၁၂)ဂုိးအထိ သြင္းယူခဲ့တယ္။ ပဲြက စိတ္၀င္စားစရာ သိပ္မေကာင္းခဲ့ဘဲ မန္စီးတီးအသင္း ဂုိးဘယ္ေလာက္ သြင္းမလဲဆုိတာပဲ ေစာင့္ၾကည့္ခ်င္စရာျဖစ္ခဲ့ရတယ္။ ပဲြအစ (၆)မိနစ္မွာပဲ ေဆာက္သမ္တန္ ေနာက္ခံလူ Hoedt က ေစာေစာစီးစီး ကုိယ့္ဂုိးကုိယ္သြင္းခဲ့လုိ႔ မန္စီးတီးအတြက္ ပုိလြယ္ကူသြားၿပီး က်န္တဲ့ဂုိးေတြကုိ အဂြဲ႐ုိး Aguero ၊ ေဆးလ္ဗား David Silva ၊ စတာလင္ Sterling (၂ဂုိး)၊ ဆာေနး Sane တို႔က သြင္းယူခဲ့တယ္။

Aguero-Scores-For-Man-City

Aguero-Scores-For-Man-City

အဂြဲ႐ုိးအတြက္ ပရီးမီးယားလိဂ္ သြင္းဂုိး(၁၅၀)ျပည့္ခဲ့ၿပီး ပရီးမီးယားလိဂ္ ၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ သြင္းဂုိးအမ်ားဆုံးစာရင္းမွာ အဆင့္(၈)ေနရာက မုိက္ကယ္အုိ၀င္ Michael Owen ကုိ လိုက္မီသြားပါၿပီ။ ေနာက္ၿပီး အြန္နရီ Thierry Henry (အာဆင္နယ္-၁၇၅ ဂုိး)၊ ရြန္နီ Wayne Rooney (မန္ယူ-၁၈၃ ဂုိး)တို႔ ေနာက္ပုိင္း အသင္းတစ္သင္းအတြက္ တတိယေျမာက္ လိဂ္ဂုိးအမ်ားဆုံး သြင္းယူခဲ့သူအျဖစ္လည္း မွတ္တမ္း၀င္ခဲ့တယ္။ ေဆာက္သမ္တန္အသင္းအတြက္ ေခ်ပဂုိးကုိေတာ့ ဒန္နီအင့္စ္ Ings က ပယ္နယ္တီကေန သြင္းယူခဲ့တာပါ။

ခ်ယ္လ္ဆီး ၃-၁ ခရစၥတယ္ပဲေလ့စ္
ပဲေလ့စ္အသင္းဟာ ခ်ယ္လ္ဆီးကုိ အတိုင္းအတာတစ္ခုအထိ ဒုကၡေပးႏုိင္ခဲ့ေပမယ့္ အိမ္ရွင္အသင္းကပဲ လုိအပ္တဲ့ ႏုိင္ပဲြတစ္ပဲြရေအာင္ စြမ္းေဆာင္ႏုိင္ခဲ့တယ္။ ခ်ယ္လ္ဆီးအသင္းမွာ ဟာဇက္ Hazard မပါရင္ တိုက္စစ္ကစားပုံ အားနည္းတတ္တာကုိ ဒီပဲြမွာလည္း ေတြ႕ခဲ့ရၿပီး ဟာဇက္ ၀င္လာၿပီးေနာက္ပုိင္းမွာ ခ်ယ္လ္ဆီးအသင္းရဲ႕ တိုက္စစ္က ပုိၿပီးထက္ျမက္လာခဲ့တယ္။ ေက်နပ္စရာတစ္ခုက ေ၀ဖန္မႈေတြ ခံခဲ့ရတဲ့ မုိရာတာ Álvaro Morata အခုေနာက္ပုိင္းပဲြေတြမွာ ဂုိးသြင္းေျခ ျပန္ေတြ႕လာတာျဖစ္ၿပီး ဒီပဲြမွာလည္း (၂)ဂုိးသြင္းခဲ့တယ္။

Morata-Scores

Morata-Scores

မုိရာတာဟာ ဘန္ေလနဲ႔ပဲြမွာလည္း ဂုိးသြင္းခဲ့တာေၾကာင့္ ၂၀၁၇၊ ႏုိ၀င္ဘာလေနာက္ပုိင္း ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္(၂)ပဲြဆက္ ဂုိးသြင္းခဲ့တာလည္းျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းအတြက္ တတိယေျမာက္ဂုိးကုိ ပတ္ဒ႐ုိ Pedro က သြင္းယူခဲ့ၿပီး ပဲေလ့စ္အသင္းအတြက္ ေခ်ပဂုိးကုိေတာ့ ေတာင္ဆန္ Townsend က သြင္းယူခဲ့တာပါ။

Photo:Manchester City Twitter,Chelsea Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အမှားအယွင်းမရှိ နိုင်ပွဲတွေ ရယူခဲ့ကြတဲ့ မန်စီးတီးနဲ့ ချယ်လ်ဆီး

ပရီးမီးယားလိဂ် ပွဲစဉ်(၁၁) တနင်္ဂနွေနေ့ပွဲတွေမှာတော့ အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ဟာ အိမ်ကွင်းမှာ အမှားအယွင်းမရှိ အမှတ်ပြည့်ရယူခဲ့ပါတယ်။ မနေ့ကပွဲမှာ လီဗာပူးလ် သရေကျခဲ့တဲ့အတွက် မန်စီးတီးအသင်းဟာ ထိပ်ဆုံးနေရာကို ပြန်လည် ရယူခဲ့ပါပြီ။

မန်စီးတီး ၆-၁ ဆောက်သမ်တန်
ဒီရာသီမှာ မန်စီးတီးအသင်းဟာ နိုင်သင့်တဲ့ပွဲတွေဆို အမှတ်ပြည့်ရယူနေတဲ့အပြင် တိုက်စစ်ကပါ ခြေစွမ်းပြ ဂိုးတွေ သွင်းယူနေတယ်။ အခုပွဲမှာလည်း ဆောက်သမ်တန်ကို ပြတ်သားတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပြီး နောက်ဆုံး ပရီးမီးယားလိဂ် (၃)ပွဲမှာ (၁၂)ဂိုးအထိ သွင်းယူခဲ့တယ်။ ပွဲက စိတ်ဝင်စားစရာ သိပ်မကောင်းခဲ့ဘဲ မန်စီးတီးအသင်း ဂိုးဘယ်လောက် သွင်းမလဲဆိုတာပဲ စောင့်ကြည့်ချင်စရာဖြစ်ခဲ့ရတယ်။ ပွဲအစ (၆)မိနစ်မှာပဲ ဆောက်သမ်တန် နောက်ခံလူ Hoedt က စောစောစီးစီး ကိုယ့်ဂိုးကိုယ်သွင်းခဲ့လို့ မန်စီးတီးအတွက် ပိုလွယ်ကူသွားပြီး ကျန်တဲ့ဂိုးတွေကို အဂွဲရိုး Aguero ၊ ဆေးလ်ဗား David Silva ၊ စတာလင် Sterling (၂ဂိုး)၊ ဆာနေး Sane တို့က သွင်းယူခဲ့တယ်။

Aguero-Scores-For-Man-City

Aguero-Scores-For-Man-City

အဂွဲရိုးအတွက် ပရီးမီးယားလိဂ် သွင်းဂိုး(၁၅၀)ပြည့်ခဲ့ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးစာရင်းမှာ အဆင့်(၈)နေရာက မိုက်ကယ်အိုဝင် Michael Owen ကို လိုက်မီသွားပါပြီ။ နောက်ပြီး အွန်နရီ Thierry Henry (အာဆင်နယ်-၁၇၅ ဂိုး)၊ ရွန်နီ Wayne Rooney (မန်ယူ-၁၈၃ ဂိုး)တို့ နောက်ပိုင်း အသင်းတစ်သင်းအတွက် တတိယမြောက် လိဂ်ဂိုးအများဆုံး သွင်းယူခဲ့သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်။  ဆောက်သမ်တန်အသင်းအတွက် ချေပဂိုးကိုတော့ ဒန်နီအင့်စ် Ings က ပယ်နယ်တီကနေ သွင်းယူခဲ့တာပါ။

ချယ်လ်ဆီး ၃-၁ ခရစ္စတယ်ပဲလေ့စ်
ပဲလေ့စ်အသင်းဟာ ချယ်လ်ဆီးကို အတိုင်းအတာတစ်ခုအထိ ဒုက္ခပေးနိုင်ခဲ့ပေမယ့် အိမ်ရှင်အသင်းကပဲ လိုအပ်တဲ့ နိုင်ပွဲတစ်ပွဲရအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ချယ်လ်ဆီးအသင်းမှာ ဟာဇက် Hazard မပါရင် တိုက်စစ်ကစားပုံ အားနည်းတတ်တာကို ဒီပွဲမှာလည်း တွေ့ခဲ့ရပြီး ဟာဇက် ဝင်လာပြီးနောက်ပိုင်းမှာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်က ပိုပြီးထက်မြက်လာခဲ့တယ်။ ကျေနပ်စရာတစ်ခုက ဝေဖန်မှုတွေ ခံခဲ့ရတဲ့ မိုရာတာ Álvaro Morata အခုနောက်ပိုင်းပွဲတွေမှာ ဂိုးသွင်းခြေ ပြန်တွေ့လာတာဖြစ်ပြီး ဒီပွဲမှာလည်း (၂)ဂိုးသွင်းခဲ့တယ်။

Morata-Scores

Morata-Scores

မိုရာတာဟာ ဘန်လေနဲ့ပွဲမှာလည်း ဂိုးသွင်းခဲ့တာကြောင့် ၂၀၁၇၊ နိုဝင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်(၂)ပွဲဆက် ဂိုးသွင်းခဲ့တာလည်းဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် တတိယမြောက်ဂိုးကို ပတ်ဒရို Pedro က သွင်းယူခဲ့ပြီး ပဲလေ့စ်အသင်းအတွက် ချေပဂိုးကိုတော့ တောင်ဆန် Townsend က သွင်းယူခဲ့တာပါ။

Photo:Manchester City Twitter,Chelsea Twitter
Naing Linn(Akhayar)
www.akhayar.com