[Zawgyi]










REF:The Sun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတွေမှာ ကစားသမား ပါဝင်မှုအများဆုံးဖြစ်နေတဲ့ မန်းစီးတီး

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် (၃၂)သင်းမှာ မန်စီးတီးအသင်းက ကစားသမား(၁၆)ဦးအထိ ပါဝင်နေပြီး ကစားသမား ပါဝင်မှု အများဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ မန်စီးတီးအသင်းက ကစားသမားတွေ ဖြစ်ကြတဲ့ အဂွဲရိုး Aguero၊ စတာလင် Sterling ၊ ဒီဘရိုင်းနား De Bruyne၊ ဂျေးဆူ Jesus၊ ဝေါလ်ကာ Walker တို့အပါအဝင် ကစားသမား(၁၆)ဦးဟာ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွှဲကြမှာပါ။ မန်စီးတီးအသင်းရဲ့နောက်မှာတော့ လာလီဂါထိပ်သီးကလပ်တွေဖြစ်တဲ့ ရီးယဲလ်(၁၅ဦး)၊ ဘာစီလိုနာ(၁၄ဦး)တို့က အစဉ်အလိုက်အတိုင်း ရပ်တည်နေပါတယ်။

Teams-Most-Well-Presented-At-The-World-Cup

Teams-Most-Well-Presented-At-The-World-Cup

ချယ်လ်ဆီးနဲ့စပါးအသင်းရဲ့ ကစားသမား(၁၂)ဦး၊ ဂျူဗင်တပ်စ်၊ မန်ယူ၊ ဘိုင်ယန်မြူးနစ်တို့က ကစားသမား (၁၁)ဦးဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွှဲကြမှာလည်းဖြစ်ပါတယ်။

Teams-Most-Well-Presented-At-The-World-Cup-1

Teams-Most-Well-Presented-At-The-World-Cup-1

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဲမယ့် မန်စီးတီးအသင်းက ကစားသမားများ

ဝေါလ်ကာ (အင်္ဂလန်)၊ အဂွဲရိုး(အာဂျင်တီးနား)၊ ဂျေးဆူ (ဘရာဇီးလ်)၊ အော်တာမန်ဒီ(အာဂျင်တီးနား)၊ စတာလင်(အင်္ဂလန်)၊ဒီဘရိုင်းနား(ဘယ်လ်ဂျီယံ)၊ ဂျွန်စတုန်းစ်(အင်္ဂလန်)၊ ကွန်ပနီ(ဘယ်လ်ဂျီယံ)၊ အီဒါဆန်(ဘရာဇီးလ်)၊ ဒန်နီလို(ဘရာဇီးလ်)၊ ဖာနန်ဒင်ဟို(ဘရာဇီးလ်)၊ ဒဲ့လ်ဖ်(အင်္ဂလန်)၊ မန်ဒီ(ပြင်သစ်)၊ဂန်ဒိုဂန်(ဂျာမနီ)၊ ဘာနာဒိုဆေးလ်ဗား(ပေါ်တူဂီ)၊ ဒေးဗစ်ဆေးလ်ဗား(စပိန်)

REF:The Sun
Photo:The Sun,Manchester City
Naing Linn(Akhayar)
www.akhayar.com